ရေကြီးနေတဲ့ကြားမှာ ပျော်စရာတွေ မျှဝေနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားများ

ဖိလစ်ပိုင်နိုင်ငံသားတွေဟာ ဒုက္ခဘေးတွေ ဆိုက်ကပ်ချိန်များမှာဆို ဒူပေနာပေခံနိုင်တဲ့သူတွေ အဖြစ်တကယ်ကို ထင်ရှားကြသူတွေပါ။ သူတို့တွေဟာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတောင် ပြုံးရယ်နေနိုင်ကြပါတယ်။ နိုင်ငံဟာလည်း မကြာခဏဆိုလို သဘာဝ ဘေးအန္တရာယ်တွေ ရိုက်ခတ်တာခံရလေ့ရှိပေမယ့်လည်း နိုင်ငံသားတွေကတော့ အေးဆေးစွာနဲ့ ကြံ့ကြံ့ခံပြီး ကျော်ဖြတ်နိုင်ကြပါတယ်။

trendyfeed

အခုလည်း မုန်တိုင်းရဲ့အလယ်မှာ ပျော်ရွှင်စွာနဲ့ ရေကြီးနေတဲ့ကြား အသောက်မပျက်တဲ့ အမျိုးသားနှစ်ယောက် အကြောင်းဖော်ပြပေးချင်ပါတယ်။ ဒီ အမျိုးသားနှစ်ယောက်ရဲ့ ရယ်ရွှင်ဖွယ်အဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို Alvin Garcia ဆိုတဲ့ အကောင့်နာမည်နဲ့ သူက Facebook မှာတင်ခဲ့ပြီးတော့ ပျံ့နှံ့သွားခဲ့တာပါ။

trendyfeed

ဗီဒီယိုထဲမှာဆို ရင်ဘက်လောက်ထိ မြုပ်နေတဲ့ ရေထဲမှာ အမျိုးတစ်ယောက်က ရေကူးနေခဲ့ပါတယ်။ နောက်ထပ်လူကို သေချာချိန်းလိုက်တဲ့အခါမှာတော့ ခွက်ထဲကို အရက်ငှဲ့နေတာကို တွေ့ရမှာပါ။ မြင်မြင်သမျှ နောက်ကျိနေတဲ့ ရေတွေလွှမ်းနေတဲ့ နေရာမှာ သောက်စရာတွေကို ဇလုံကြီးတစ်လုံးထဲကို ထည့်ပြီး ပျော်နေကြတာပါ။

READ
အရီဇိုးနားပြည်နယ်တွင် အပူချိန် 48 C အထိ ရောက်ရှိပြီး၊ အမှိုက်ပုန်းများ အရည်ပျော်
trendyfeed
trendyfeed

အစပိုင်းမှာ ရေကူးနေတဲ့ သူဆီကို မိတ်ဆွေဖြစ်သူတွေက ဇလုံမျောပေးလိုက်တဲ့ အချိန်မှာ သူက ပိုပြီး အံအားသင့်သွားပုံပါပဲ။ ဒီလိုနဲ့ အားရကျေနပ်စွာနဲ့ ဂျိုက်ချပြီး မိတ်ဆွေတွေဆီ ပြန်မျှောပေးပြီး ဒုက္ခတွေကို အတူတူဝေမျှခံစားနေကြသလိုတောင် ရှိနေကြပါတယ်။ ဒီလိုမျိုး ဝေမျှတဲ့ သူတွေကို ကျေးဇူးတင်ဖို့လည်း သူ့အနေနဲ့ မေ့မနေခဲ့ပါဘူး။

trendyfeed
trendyfeed

အားလုံး ရယ်ရွှင်မောနေတာကိုလည်း တွေ့ရပြီးတော့ သူတို့ဟာ မနားတမ်း သောက်နေတယ်လို့လည်း ပြောပြကြပါတယ်။ ဒါမျိုး အထူးအဆန်းဆို ဖိလစ်ပိုင်နိုင်ငံမှာပဲ တွေ့နိုင်တယ်လို့တောင် ပြောရမလိုပါပဲ။ ဒါကိုကြည့်ပြီး ကိုယ့်အနားက အခက်အခဲတွေကို ရင်ဆိုင်ဖို့ တစ်မျိုးတစ်ဖုံသော အားအင်မျိုးရရှိမယ်လို့ မျှော်လင့်ပါတယ်။

trendyfeed

BAGYO KALANG PINOY KAME! HAHAHA

Posted by Alvin Garcia on Sunday, July 22, 2018

Source: Trendyfeed

READ
Breaking News: ကမ္ဘာကျော်သိပ္ပံနဲ့ ရူပဗေဒပညာရှင် စတီဖင်ဟော့ကင်း ကွယ်လွန်ပြီ
Matthew (ShweMOM)
SHARE