အမှတ်တမဲ့ကြည့်လိုက်ရင် မှိုတက်နေသလို တွေ့မြင်ရတဲ့ အသီးတွေရဲ့ နောက်ကွယ်မှာ…

Kathleen Ryan,Josh Lilley

မှိုတက်ပြီး ပုပ်နေတဲ့ အသီးတွေကို လှပတယ်လို့ ဘယ်လိုမှ ခံစားလို့မရပါဘူး။ ဒါပေမယ့်လည်း ကတ်သလင်းရိုင်ယန်ဆိုသူ အမျိုးသမီးဟာ လူတွေက မှိုတက်နေတယ်၊ အရုပ်ဆိုးအကျည်းတန်တယ်လို့ ယူဆထားတဲ့ အသီးတွေကို လက်ရာမြောက်တဲ့ တန်ဖိုးကြီး အနုပညာတစ်ရပ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။ အောက်မှာတွေ့မြင်ရမယ့် ဓာတ်ပုံတွေထဲမှာတော့ အမှတ်တမဲ့ကြည့်ရင် ပုပ်သိုးတယ်လို့ ထင်ရတဲ့ အသီးတွေကို တွေ့ရမှာပါ။ ဒီအသီးတွေကိုတော့ ကတ်သလင်းဟာ မူရင်းအသီးဆိုက်ဒ်အတိုင်း တိုင်းထွာကာ ပြုလုပ်ထားတာဖြစ်ပြီး အသီးတွေက အကျယ်အားဖြင့် (၂၈) လက်မရှိပါတယ်။

ကတ်သလင်းဟာ အသီးတွေကို တိုင်းတာပြီးနောက်မှာ မှိုတက်နေတဲ့ပုံစံလိုမျိုး ဆေးခြယ်တာ ဖြစ်ပါတယ်။ အမှန်တော့ ဆေးခြယ်တယ်လို့လည်း ဆိုလို့မရပါဘူး။ ကျောက်စီတာပါ။ ကတ်သလင်းက တကယ့် အသီးတစ်လုံး ပုပ်သိုးနေသလိုမျိုးအတိုင်း အညို၊ အ၀ါ၊ အပြာစတဲ့အရောင်တွေနဲ့ ရတနာကျောက်မျိုးစုံကို အနုစိတ်စီခြယ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ boredpanda တဆင့် တွေ့မြင်ရတဲ့ ကတ်သလင်းရဲ့ ထူးခြားတဲ့ အနုစိတ်လက်ရာတွေကို အခုလို တွေ့မြင်ရမှာပါ။

READ
သင် မြင်လိုက်တာနဲ့ ဒဲ့ကြွေသွားမယ့် တက်တူးဒီဇိုင် အပြင်းစားများ
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley
Kathleen Ryan,Josh Lilley

လင်းလင်း (ShweMom)

SHARE