ပလတ်စတစ်ဆာဂရီကျေးဇူးကြောင့် ဘ၀ကိုရှင်သန်ရဲခဲ့တဲ့ ဘ၀တချို့

let me in show

Let Me In ဆိုတာကတော့ ကိုရီးယားရဲ့ နာမည်ကျော် show တစ်ခုပါ။လူရွေးချယ်ပြီး ဆာဂျီရီ အ စွမ်းနဲ့ နတ်ရေကန်ထဲ ကျပြီး ပြန်ရောက်လာသလိုကို ပြောင်းလဲ ပေးခဲ့တာပါ။တစ်ချို့ က ပလတ် စတစ်ဆာဂျရီကို လှတာထက် ပိုလှအောင် သုံးကြတာပါ။ဒါပေမယ့် သူတို့ ကတော့ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးချို့ယွင်းနေတဲ့ ရုပ်ရည်ကို ပြောင်းလဲဖို့ ဆာဂျရီလုပ်ကြတာပါ။ ဆာဂျရီ အ စွမ်းနဲ့ ပြောင်းလဲခဲ့ကြပြီး၊ပျောက်ဆုံးနေတဲ့ ယုံကြည်မှုတွေကို ပြန်လည်တည်ဆောက်ခွင့်ရခဲ့ကြသူ တွေကတော့…

Choi Sun Mi

Let me in show

သူမကတော့ အက်စီးဒင့်တစ်ခုကြောင့် မျက်နှာနဲ့ခန္ဓာကိုယ်တို့မှာ မီးလောင်သလို အမာရွတ်တွေ ဖြစ်ကုန်တာပါ။အသားအရေတွေ လုံးဝ ပျက်စီးသွားခဲ့တာပါ။ပါးစပ်နဲ့ နှာခေါင်းပါ ပုံပျက်ပန်းပျက်ဖြစ် သွားခဲ့တာပါ။အရေပြားပျက်စီးသွားလို့ သူမရဲ့ မျက်ခုံးမွှေးက ဘယ်တော့မှ ပြန်မပေါက် တော့သလို မျက်လုံးကိုလည်း အပြည့်အ၀ မှိတ်လို့မရတော့တဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။

Jang Ye Seul

let me in show

Jang Ye Seul ကတော့ ကြီးမားလွန်းတဲ့ ရင်သားကြောင့် စိတ်အနှော်င့်အယှက်ဖြစ်နေသူပါ။ အလယ်တန်းကျောင်းသူဘ၀တည်းက C Cup ဘရာကို ၀တ်ဆင်ခဲ့ရသူပါ။နောက်ဆုံးမှာတော့ မတန်တဆ ကြီးမား လွန်းနေတဲ့ ရင်သားအရွယ်အစားကို လျှော့ချနိုင်ခဲ့ပါတယ်။

Pyo Ga Hee

READ
မတော်တဆမှုနဲ့ မသေဆုံးခင် လူ(6)ယောက်ကို ကိုယ်လက်အင်္ဂါ စွန့်လှူခဲ့သူ
let me in show

Ga Hee ကတော့ သူမငယ်ငယ်တည်း  “retinoblastoma”ဆိုတဲ့ ရှားပါးရောဂါကို ငယ်ငယ် ထဲက ခံစားနေရသူပါ။မျက်စိအာရုံခံလွှာရဲ့ မကြီးတဲ့ဆဲလ်တွေကနေ ဖြစ်တဲ့ကင်ဆာ တစ်မျိုးပါ။ဒီရော ဂါကြောင့်ပဲ ပုံထဲကအတိုင်း မျက်နှာက ပျက်ယွင်းနေတာပါ။သူမခံစားနေရတဲ့ ရောဂါကို မျက်နှာမှာ အသားတွေ ပြန်လည်ဖြစ်ပေါ်လာအောင် ဓါတုကုထုံးနဲ့ အတတ်နိုင်ဆုံး ပြန်လည် ပြင်ဆင် ပြောင်းလဲပေးခဲ့ပါတယ်။

Shim Yu Ra

let me in show

Shim Yu Ra ကတော့  “Let Me In,” ဆိုတဲ့ အစီစဉ်ကို နယူးယော့ခ်ကနေ ပါဝင်ခဲ့သူပါ။မေးရိုး က အရမ်းနိမ့်နေသူပါ။သူမရဲ့ ပုံမကျတဲ့ မေးရိုးကြောင့် ရုပ်ဆိုးတဲ့ ကိုရီးယားမ ဆိုပြီး ခေါ်တာကို ခံခဲ့ရသူပါ။

Kim Eun Ae

let me in show

Kim Eun Ae ကတော့ သူမရဲ့ မေးရိုးကြောင့် စိတ်ညစ်နေရသူပါ။မေးရိုးက ပုံစံ မကျလို့ စကာြးေ ပာတဲ့ အခါ၊အစားစားတဲ့ အခါမျိုးမှာပါ အဆင်မပြေဖြစ်နေရသူပါ။မေးရိုးကြောင့် ဇနီးတစ်ယောက် အနေနဲ့ရော မိခင်တစ်ယောက်အနေနဲ့ပါ ယုံကြည်မှုပျောက်နေတဲ့ သူမဟာ အခုဆိုရင်တော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသူအဖြစ် ပြန်လည် မွေးဖွားလာနိုင်ခဲ့ပါပြီ။

Choi Ji Hae

READ
လူသတ်မှုကျူးလွန်တော့မယ့်ဆဲဆဲ ရန်ပွဲကို နပန်းဝင်လုံးပြီး ဖျန်ဖြေခဲ့ကြတဲ့ ပြည်သူများ
let me in show

Ji Hae ရဲ့ မေးရိုးကတော့ ပုံမှန်ထက် (၂)စင်တီမီတာလောက်ရှည်ထွက် ပုံပျက်နေခဲ့တာပါ။ပုံ မကျတဲ့ မေးရိုးကြောင့် သူမရဲ့ မျက်နှာအလှကို ထိခိုက်စေတဲ့အပြင် အစားအစာဝါးတဲ့ နေရာမှာ နာကျင်မှုဝေဒနာခံစားနေခဲ့ရသူပါ။သူမရဲ့ ငွေကြေးမပြေလည်မှုကြောင့် ဆာဂျရီလုပ်ချင်တဲ့ ပေမယ့် မလုပ်ခဲ့ရပါဘူး။နောက်ဆုံးမှာတော့ Let Me In  အစီအစဉ်မှာ ပါဝင်ပြီး သူမဖြစ်ချင်တဲ့ ဆာဂျရီ အစွမ်းနဲ့ ရုပ်ရည်ကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။

Park Dong Hee

let me in show

Park Dong Hee ကတော့ ကိုရီးယားတွေ အလယ်မှာ အရမ်းကြီးနေတဲ့ သူမရဲ့ body ၊မျက်နှာ အချိုးအစားကြောင့် စိတ်ညစ်နေကြသူပါ။သူမရဲ့ မျက်နှာကို ဆိုရင်  Ronaldino နဲ့ တူတယ် အပြောခံခဲ့ရဖူးပါတယ်။ပလတ်စတစ်ဆာဂျရီအစွမ်းနဲ့ ပြောင်းလိုက်တဲ့ အခါမှာတော့ နတ်မိမယ် အလား ပြောင်းလဲသွားတဲ့ သူမကို တွေ့ရမှာပါ။

Park Jin Bae

let me in show

Park Jin Bae ကတော့ အမျိုးသားဖြစ်ပေမယ့် ဖွံ့ထွားနေတဲ့ ရင်သားကြောင့် စိတ်ညစ်နေရသူပါ။  Jin Bae ဟာ တကယ်တော့ gynecomastia ဆိုတဲ့ အမျိုးသားတွေမှာ ကြီးမားတဲ့ ရင်သားတ စ်ရှူး ရောဂါမျိုးရှိနေတာပါ။

from koreaboo

SHARE