ကိုက်ဖြတ်သတ္တ၀ါတွေ အညစ်အကြေးစွန့်ရာမှာအသုံးပြုတဲ့ အိမ်သာသဖွယ် အသားစားအပင်တမျိုး

twitter/@thorogoodchris1 & shutterstock/ AlessandroZocc

ဘော်နီယိုကျွန်းရဲ့ တောတောင်ထူထပ်တဲ့ သစ်တောတွေထဲမှာ အလဟဿဖြစ်သွားတဲ့ အရာဆိုတာ မရှိပါဘူး။ ကျွန်းပေါ်က သစ်တောတွေထဲမှာတော့ ကမ္ဘာပေါ်က အကြီးဆုံးအသားစားအပင်ကြီးတွေဟာ ကိုက်ဖြတ်သတ္တ၀ါတွေအတွက် အညစ်အကြေးစွန့်ရာနေရာအဖြစ် အသုံးဝင်လျက် ရှိတာကို sciencealert ကနေတွေ့ရှိရပါတယ်။ ဒီအပင်ကြီးတွေကို ရေကရားပင်တွေလို့ သိကြပါတယ်။

Shutterstock/ NS Photograph

ရေကရားပင်တွေဟာ အင်းဆက်နဲ့ ပိုးမွှားတွေကို စုပ်ယူစားသုံးပြီး ရှင်သန်ရုံတင်မကပါဘူး။ သူ့ကရားပေါက်ထဲကို ကိုက်ဖြတ်သတ္တ၀ါတွေစွန့်ပစ်လိုက်တဲ့ မစင်တွေကို စုပ်ယူစားသုံးပြီးလည်း အသက် ရှင်သန်နိုင်ပါသေးတယ်။

ရေကရားပင်တွေဟာ ကမ္ဘာပေါ်မှာတော့ အထူးခြားဆုံးနဲ့ ပဟေဌိအဆန်ဆုံး အပင်တွေလို့ ဆိုနိုင်ပါတယ်။ အပင်မှာ ရှိတဲ့ ကရားအိုးဟာ အကြီးကြီးဖြစ်ပြီး ရေ(၂) လီတာလောက် ထိန်းသိမ်းထားနိုင်ပါတယ်။ အပင်ထဲက ဂလင်းတွေကတော့ ၀တ်ရည်တွေကို ထုတ်လုပ်ပေးရလို့ အရမ်းအလုပ်များပါတယ်။ ရေကရားအပင်တွေက ချိုမြတဲ့ဝတ်ရည်တွေကို ထုတ်လုပ်ပေးပြီး treeshrew အမည်ရတဲ့ ကိုက်ဖြတ်သတ္တ၀ါတစ်မျိုးကို ဆွဲဆောင်ပါတယ်။

READ
သားကိုအတွဲရှာပေးဖို့ သားဖြစ်သူရဲ့တက္ကသိုလ်ဝန်းထဲပတ်ပြီး ချွေးမရှာပုံတော်ဖွင့်ခဲ့တဲ့မိခင်
Shutterstock/ AlessandroZocc

Treeshrew တွေရဲ့ မစင်တွေဟာ ရေကရားပင်တွေရှင်သန်နိုင်ဖို့အတွက် အာဟာရကြွယ်ဝစွာ ပါဝင်ပါတယ်။ အဓိကကတော့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရက်တို့ကို treeshrew တွေဆီကနေတဆင့် ရေကရားပင်က ရရှိပါတယ်။ ၄င်းသတ္တ၀ါတွေဟာ ရေကရားပင်တွေပေါ်တက်ပြီး အရွက်ဖုံးပေါ်က ၀တ်ရည်ချိုတွေကို လျက်တတ်ပါတယ်။ ၀တ်ရည်တွေကို လျာနဲ့ လိုက်လျက်နေရင်းနဲ့ပဲ သူတို့က ရေကရားထဲကို အညစ်အကြေး စွန့်ချခဲ့လေ့ ရှိပါတယ်။ အောက်မှာတော့ ကြွက်နဲ့သဏ္ဍာန်တူတဲ့ ကိုက်ဖြတ်သတ္တ၀ါ treeshrew တွေနဲ့ ရေကရားပင်တွေကြား နှစ်ဦးနှစ်ဖက် မျှတတဲ့အကျိုးကျေးဇူးရနေတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ။

လင်းလင်း (ShweMom)

SHARE