ထောင်အရာရှိရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ အကျဉ်းသား(၃)ဦးကို သက်ဆိုင်ရာက ဂုဏ်ပြုနေ

Gwennett County Jail

ပြစ်ဒဏ်အသီးသီးနဲ့ အကျဉ်းကျခံနေရသူ ထောင်သား(၃)ဦးဟာ လက်ထောက်ရဲအရာရှိတစ်ယောက်ရဲ့အသက်ကို ကယ်တင်နိုင်ခဲ့တာကြောင့် ၎င်းတို့ကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကျေးဇူတင်ကြောင်း ဖော်ပြနေကြပါတယ်။ အကျဉ်းသား(၃)ဦးရဲ့အမည်ကတော့ Terry Loveless, Walter Whitehead နဲ့ Mitchell Smalls တို့ ဖြစ်ပါတယ်။

သူတို့သုံးဦးဟာ ဂျော်ဂျီယာပြည်နယ်၊ Gwinnett County Jail in Lawrenceville အကျဉ်းထောင်မှာ ပြစ်ဒဏ်အသီးသီးနဲ့ ကျခံနေရသူတွေပါ။ သူတို့ဟာ ရုတ်တရက်နှလုံးဖောက်ပြီး လဲကျသွားတဲ့ လက်ထောက်ရဲအရာရှိ Warren Hobbs ရဲ့အသက်ကို ကယ်တင်ခဲ့တာပါ။

Gwennett County Jail

Hobbs ဟာ အသက်(၄၆)နှစ်ဖြစ်ပါတယ်။ ဇူလိုင်လ (၁၀)ရက်နေ့တုန်းက အကျဉ်းထောင်းလုံခြုံရေး စစ်ဆေးနေစဉ်မှာ သတိလစ်လဲကျသွားခဲ့တာပါ။ နံရံကို ခေါင်းနဲ့တိုက်မိလို့ ထိခိုက်ဒဏ်ရာလည်း ရရှိသွားခဲ့ပါတယ်။ အကျဉ်းသား Terry Loveless က ဒီအဖြစ်အပျက်ကို အရင်ဦးဆုံး သတိထားမိခဲ့တာပါ။

Gwennett County Jail

သူဟာ အခန်းဖော်နှစ်ယောက်ကို ခေါ်ပြီး၊ Hobbs လဲကျသွားတဲ့ဆီကို အကူအညီပေးဖို့ ပြေးသွားကြပါတယ်။ သူတို့ဟာ ပိတ်ထားတဲ့တံခါးကို အတင်းဖွင့်ပြီး Hobbs ကို အကူအညီ ပေးခဲ့သလို၊ တခြားလိုအပ်တဲ့ နှိုးဆော်မှုတွေလည်း လုပ်ပေးခဲ့ပါတယ်။

Whitehead ကတော့ ဖုန်းနဲ့ အရေးပေါ်ကယ်ဆယ်ရေးဌာနကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။ Terry နဲ့ Mitchell တို့က သတိလစ်လုလစ်ခင်ဖြစ်နေတဲ့ ရဲအရာရှိကို အကူအညီပေးနေပြီး၊ ဒဏ်ရာတွေကို တက်သလောက်မှတ်သလောက် ကုသပေးနေခဲ့တာပါ။

ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက အကျဉ်းသားသုံးဦးရဲ့ လူမှုရေးစိတ်ဓာတ်ကို ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။ သူတို့ဟာ ကျေးဇူးတင်ကြောင်း ဖော်ပြထားပြီး၊ စာရဲ့အဆုံးသတ်မှာ “ သူတို့ရဲ့ အချိန်မီကူညီပေးခဲ့တဲ့ လုပ်ရပ်တွေအတွက် ကျေးဇူးအထူးတင်ပါတယ် … လူတစ်ယောက်ကို သူရဲကောင်းဖြစ်စေတာ ယူနီဖောင်းက မဟုတ်ပါဘူး … ဒါက ဝတ်ထားတဲ့သူနဲ့ပဲ ဆိုင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE