အိန္ဒိယမှာ မဲပေးခွင့်မရှိတဲ့ နာမည်ကြီးဘောလိဝုဒ်ဆယ်လီများ

နိုင်ငံရေးနဲ့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေးတွေမှာ ကိုယ်တိုင် ပါဝင် ရွေး ချယ် မဲပေးခွင့်ကတော့ နိုင်ငံသားတစ်ယောက်ရဲ့ အမြင့်ဆုံးတာဝန်လို့ ပြောလို့ရပါတယ်။အိန္ဒိယရဲ့ ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ပါဝင်မဲပေးခွင့် မရကြတဲ့ ဘောလိဝုဒ် ဆယ်လီ တစ်ချို့ရှိပါတယ်။မဲပေးခွင့်မရှိတဲ့ ဘောလိဝုဒ်ဆယ်လီတွေနဲ့ သူတို့ မဲပေးလို့မရတဲ့ အကြောင်းအရင်း တွေကို ဖော်ပြပေးလိုက်ပါတယ်။

#Akshay Kumar

pinterest

Akshay Kumar မှာ မဲပေးခွင့် အခွင်အရေးမရှိပါဘူး။အကြောင်းအရင်းကတော့ သူဟာ ကနေဒါနိုင်ငံ ပတ်စ်ပို့ ကို ကိုင်ဆောင် ထးသူမိုပါ။ကနေဒါ နိုင်ငံသား ခံယူခွင့်ကို တောင်းခံပြီး အိန္ဒိယနိုင်ငံသား အဖြစ်ကိ စွန့် လွှတ် ထားသူပါ။ အိန္ဒိယ နိုင်ငံ Amritsar မှာ မွေး၊Delhi မှာကြီးပြင်းခဲ့သူပါ။ဘောလိဝုဒ်အနုပညာ လောကထဲ မ၀င်ခင် ဘန်ကောက်မှာ ကိုယ်ခံပညာ သင်ယူခဲ့တာပါ။

READ
လီမင်ဟို ကိုယ်တိုင်ပြောတဲ့ သူ့ခန္ဓာကိုယ်ပေါ်က ဆွဲဆောင်မှုအရှိဆုံး အစိတ်အပိုင်း

#Deepika Padukone

pinterest.

Deepika ကလည်း မဲပေးခွင့် မရတဲ့ သူတွေထဲက တစ်ယောက် အပါအ၀င်ပါ။သူမဟာ ဒိန်းမတ်နိုင်ငံ Copenhagen မှာ မွေးဖွားခဲ့သူပါ။ဒါပေမယ့် အိန္ဒိယနိုင်ငံ Bangalore မှာ ကြီးပြင်းခဲ့သူပါ။သူမဟ ဒိန်းမတ်ပတ်စ်ပို့ကို ကိုင်ဆောင်ထားသူပါ။

#Alia Bhatt

pinterest

Alia ကကတော့ ဗြိတိန်နိုင်ငံသားပါ။အိန္ဒိယပတ်စ်ပို့ကိုင်ဆောင်ထားသူမဟုတ်ပါဘူး။Alia ရဲ့ မေမေဟာ ဗြိတိန်နိုင်ငံသားပါ။ ဗြိတိန်နိုင်ငံသားဘ၀ကို စွန့်လွှတ်ပြီး အိန္ဒိယနိုင်ငံသားအဖြစ် ခံယူမှ သာ မဲပေးခွင့်ရှိမှာပါ။

#Katrina Kaif

pinterest.

Katrina Kaif ကတော့ ဗြိတိန်နိုင်ငံသား အဖြစ်ခံယူထားသူပါ။

#Nargis Fakhri

Indiatimes.com

Nargis Fakhri ကတော့ အမေရိကန် အဖြစ် ခံယူထားသူပါ။

# Jacqueline Fernandes

READ
JB ရဲ့ Ex တွေနဲ့ နှိုင်းယှဉ်ခံရတဲ့အခါ ဘယ်လိုခံစားရလဲဆိုတာ Hailey ရင်ဖွင့်
catchnews.com

Jacqueline Fernandes ကတော့ သီရိလင်္ကာ နိုင်ငံသားအဖြစ် ခံယူထားသူပါ။

#Sunny Leone

pinterest

တစ်ချိန်က Porn Star တစ်ယောက် ဖြစ်ခဲ့ဖူးတဲ့ သူမဟာ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတာပါ။

#Nora Fatehi

pinterest

ကနေဒါ နိုင်ငံသားအဖြစ် ခံယူထားတာပါ။

Source rvcj

SHARE