တီထွင်ထားတဲ့ ရည်ရွယ်ချက်ကတမျိုး အသုံးပြုနေပုံကတမျိုးဖြစ်နေတဲ့ ပစ္စည်းများ

pixabay/huweijie07170

ကျွန်တော်တို့ဟာ အလုပ်တစ်ခုကို ရည်ရွယ်ချက်တစ်ခုနဲ့ အမြဲတမ်းလုပ်ဆောင်ခဲ့ကြတာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခု
လက်ရှိအသုံးပြုနေတဲ့ အရာဝတ္ထုပစ္စည်းတွေဟာ ခုတ်ရာတစ်ခြား၊ ရှရာတစ်ခြားဆိုသလို ရည်ရွယ်ချက်က တစ်မျိုး၊ အသုံး
ဝင်ပုံက တစ်မျိုးဖြစ်နေခဲ့ပါတယ်။  brightside.comက ဖော်ပြထားတာတဲ့ အဲဒီပစ္စည်းတွေရဲ့အကြောင်းကို ကြည့်လိုက်
ရအောင်ပါ။

၁။ Coca-Cola

pixabay/Squirrel_photos

အမေရိကန်ပြည်တွင်းစစ်ရဲ့ စစ်ပြန်ဟောင်းတစ်ဦးဖြစ်တဲ့ ဆေးဖော်စပ်သူ John Pembertonဟာ ကိုကာ အသီးနဲ့ အရွက်တွေကို အမျိုးရောနှောစပ်ပြီး အရည်တွေထီထွင်ခဲ့ပါတယ်။ စစ်သားတွေရဲ့ ဒဏ်ရာရရှိရာမှာမော်ဖင်းကို အသုံး
ပြုကြပြီး အဲဒီမော်ဖင်းနေရာမှာ သူဖော်စပ်ထားတဲ့ ကိုကာအရည်နဲ့ အစားထိုးသုံးလို့ရပြီး စစ်သားတွေရဲ့ အာရုံကြောဝေ
ဒနာကို ကုသဖို့ ရည်ရွယ်ချက်နဲ့ ဖော်စပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်မှာတော့ ကိုကာကိုလာကို အချိုရည်
အဖြစ် အသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။

၂။ ၀တ်စုံအမည်း

pixabay/nastya_gepp

1920ခုနှစ်မတိုင်ခင်မှာ အမည်းရောင်ဝတ်စုံတွေကို ၀မ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ပဲ ၀တ်ဆင်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ တီထွင်မှုနေ အမည်းရောင်ဝတ်စုံဟာ ရေပန်းစားတဲ့ ဖက်ရှင်တစ်ခု
ဖြစ်လာတာဖြစ်ပါတယ်။

READ
ကိုယ်အင်္ဂါအစိတ်အပိုင်းတွေတနေရာစီလွှင့်ပစ်ခဲ့တဲ့ လူသတ်မှု (၆)နှစ်ကြာမှအမှုမှန်ပေါ်ပေါက်

၃။ ကာရာအိုကေ

pixabay/fernandozhiminaicela

Daisuke Inoue ဆိုတဲ့ ဂျပန်အဆိုရှင်တစ်ဦးဟာ လက်ရည်ဆိုင်မှာ သီချင်းသီဆိုသူဖြစ်ပြီး ဧည့်သည်တွေ နားထောင်
ချင်တဲ့ သီချင်းကို ဆိုပေးတာဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ မအားတာကြောင့် သူငယ်ချင်းတစ်ဦးကို သူ့အသံ
သွင်းထားတဲ့ သီချင်းတွေကို ပေးပြီး ဖွင့်ထားခိုင်းခဲ့ပါတယ်။ 1971ခုနှစှ်ာတော့ အသံမပါဘဲ သံစဉ်ကြီးပဲပါတဲ့ စက်တစ်
လုံးကို တီထွင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အခုလို ကာရာအိုကေလို့ ကျော်ကြားလာတာဖြစ်ပါတယ်။

၎။ လမ်းလျှောက် ကာယလေ့ကျင့်ခန်းလုပ်တဲ့စက်

pixabay/janeb13

လမ်းလျှောက်ကာယလေ့ကျင့်ခန်းလုပ်တဲ့ပုံစံကို အရင်တုန်းက 1818ခုနှစ်မှာ Sir Willan Cubittက တီထွင်ခဲ့တာပါ။
သူဟာ အကျဉ်းသားတွေ ခန္ဓာကိုယ်ညောင်းကိုက်နေမှာစိုးလို့ ကြွက်သားအားကောင်းအောင် ထပ်ခါတစ်လဲလဲ လေ့ကျင့်
ခန်း လုပ်ခိုင်းခဲ့တာပါ။ အခုအခါမှာတော့ လမ်းလျှောက်ကာယလေ့ကျင့်ခန်းလုပ်တဲ့စက်ဖြစ်လာပါပြီ။

၅။ ဒေါက်မြင့်ဖိနပ်

pixabay/freestocks-photos

ဒေါက်မြင့်ဖိနပ်ဟာ အီဂျစ်ရှေးဟောင်းယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ရှေးရာစုနှစ်ပေါင်းများစွာက အီဂျစ်လူမျိုးတွေဟာ ရိုးရာဓလေ့ထုံးစံအရ မြင့်မားတဲ့ဖိနပ်တွေကို စီးကြပြီး မကောင်းတဲ့ အညစ်အကြေးတွေ မပေးအောင်လို့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်ပြီး ပါးရှားနိုင်ငံတော်မှာလည်း လေးပစ်ပြိုင်ပွဲပြုလုပ်ရင် ဒေါက်မြင့်ဖိနပ်တွေကိုစီးကြပါတယ်။ နောက်ပိုင်းမှာတော့ ဒေါက်မြင့်ဖိနပ်ဟာ ပေါ်ပြူလာအဖြစ်ဆုံး ဖိနပ်တစ်ခုဖြစ်လာခဲ့တာဖြစ်ပါတယ်။

READ
မုန်တိုင်းကြားမှာတောင် အစားမပျက်တဲ့ကောင်လေးရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီး

၆။ ခေါင်းဦး

pixabay/Free-Photos

ရှေးခေတ်တုန်းက ခေါင်းဦးကို  Mesopotamiaဘက်က အာရပ်နွယ်ဖွားလူမျိုး ချမ်းသာသူတွေ အသုံးပြုတဲ့ အသုံးအ
ဆောင်ဖြစ်ပါတယ်။ သူတို့ဟာ ဆံပင်နဲ့ မျက်နှာကို ၈ျပိုးတို့၊ ပိုးမွှားတွေ အကိုက်ခံရမှာစိုးလို့ လူကုံထံအသိုင်းအ၀ိုင်းတွေက
အသုံးပြုကြတာပါ။ တရုတ်မှာလည်း ခေါင်းဦးအမာတွေကို ၀ါး၊ သစ်သား၊ ကြေးတို့နှင့်ပြုလုပ်ခဲ့ဖူးပြီး မကောင်းဆိုးဝါးရန်မှ
ကာကွယ်တဲ့အယူအဆနဲ့ အသုံးပြုကြတာဖြစ်ပါတယ်။

၇။ ပူဖောင်းအိတ်

pixabay/rebecca

ပူဖောင်းအိတ်ကိုတော့ 1957ခုနှစ်မှာ အင်ဂျင်နီယာတွေဖြစ်ကြတဲ့ Alfred Fielding နဲ့ Marc Chavannesတို့က တီ
ထွင်ခဲ့ကြတာပါ။ အစလုပ်တုန်းကတော့ (၃)ဘက်မြင် ပလပ်စတစ်နံရံကပ်ကြီးလုပ်မလို့ပါ။ ဒါပေမယ့် အလုပ်မဖြစ်ခဲ့ပါဘူး။
နောက်ပိုင်းမှာတော့ ပစ္စည်းတွေကို ပါကင်ထုတ်ဖို့အကြံရခဲ့ပြီး အခုလို အသုံးပြုနေကြတာဖြစ်ပါတယ်။

SHARE