မိုနိုပိုလီပိုက်ဆံနဲ့ သောက်စားထားသမျှကို ရှင်းဖို့ကြိုးစားတဲ့ လူငယ်နှစ်ဦး၊ အဖမ်းခံထားရ

Pexels/Pixabay

အိုင်ယာန်လန်ခရီးသွား လူငယ်နှစ်ဦးဟာ သူ သောက်စားထားသမျှကို မိုနိုပိုလီပိုက်ဆံတွေနဲ့ ရှင်းဖို့ ကြိုးစားခဲ့တာကြောင့် အဖမ်းခံထားရတယ်လို့ သိရပါတယ်။ အဆိုပါ ကောင်လေးတွေဟာ အသက် (၁၈)နှစ်သာ ရှိသေးပြီး၊ဒီအဖြစ်အပျက်ဟာ Punta Ballena ကျွန်း၊ Magaluf က ဘားတစ်ခုမှာ ဖြစ်ခဲ့တာပါ။ ဒီအကြောင်းကိုတော့ အိုင်ယာလန် သတင်းမီဒီယာ တစ်ခုဖြစ်တဲ့ iNews က စတင်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

တကယ်တော့ သူတို့ဟာ ဒီပိုက်ဆံတွေကို ဘားရဲ့ကြမ်းပြင်ပေါ်က တွေ့ခဲ့တာပါ။ အဲဒီပိုက်ဆံအတုတွေကို ဘားက ပရိုမိုးရှင်းလုပ်တဲ့အနေနဲ့ မိုနိုပိုလီငွေစက္ကူပုံစံ အပျော်သဘော ရိုက်နှိပ်ထားတာလို့ သိရပါတယ်။ ဒါကို အဲဒီကောင်လေးနှစ်ယောက်က ဆိုင်က ရိုက်နှိပ်ထားတဲ့ပိုက်ဆံအတုနဲ့ ပြန်ပြီး၊ လိမ်ဖို့ ကြိုးစားခဲ့တာပါ။

Image by Gianni Crestani from Pixabay

နောက်တော့ စားပွဲထိုးက ရဲကို ဖုန်းဆက်ခေါ်ခဲ့ပါသတဲ့။ ရဲက သူတို့နှစ်ယောက်ကို ဖမ်းခေါ်သွားပြီးနောက်၊ သူတို့ တည်းခိုတဲ့ ဟိုတယ်အခန်းတွင်းကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာ၊ တစ်ခြား ဥပဒေချိုးဖောက်ထားတာမျိုး မတွေ့ရဘူးလို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်ကို ပြစ်မှုမပြင်းထန်လွန်တဲ့ လိမ်လည်မှုနဲ့ တရားစွဲခဲ့ပါတယ်။

READ
ရှော့ပင်းစင်တာက စက်လှေကားပေါက်ထဲ ခြေကျွံကျခဲ့တဲ့ ကလေးမလေးရဲ့ ရင်ထိတ်ဖွယ်အဖြစ်

ဒါပေမယ့် တရားသူကြီးတစ်ဦးက အာမခံပေးပြီး၊ အာမခံငွေ ပေးသွင်းစေကာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။ စပိန်ရဲတပ်ဖွဲ့က ဒီအဖြစ်အပျက်နဲ့ပက်သက်ပြီး ဘယ်လို ဆောင်ရွက်ထားသလဲ မသိရသေးသလို၊ သူတို့တစ်တွေဟာ စပိန်မှာပဲ ဆက်ပြီး ကဲနေကြသေးလားဆိုတာလည်း သတင်းမှာ ဖော်ပြမထားပါဘူး။

gr06ham/Instagram

Magaluf မှာတော့ ဒီအဖြစ်အပျက် ဖြစ်ပြီးနောက် မကြာမီမှာ ခရီးသွားဆယ်ယောက်ဟာ ဖောက်ထွင်းခံရခြင်း၊ ပစ္စည်းလုယက်ခံရခြင်းတွေ ရှိခဲ့ကြောင်း သိရပါတယ်။ ဒီအတွက် သံသယရှိသူ ဆီနီဂေါ(၈)ဦးကို ဖမ်းဆီးထားကြောင်း သိရပါတယ်။ သူတို့ဆီမှာ ဈေးကြီးတဲ့ဖုန်းတွေ၊ ဆင်းမ်ကတ်တွေနဲ့၊ ပိုက်ဆံအိတ်တွေ၊ အဖိုးတန် လက်ပတ်နာရီတွေ သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

ယမန်နှစ်က အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်တစ်ယောက်ဟာ မသိလို့လား သိသိကြီးလား မဆိုတတ်၊ တရုတ်အသုဘတွေမှာ မီးရှို့ပြီးကျဲလေ့ရှိတဲ့ ပိုက်ဆံအတုတွေနဲ့ ငွေလဲကောင်တာမှာ ငွေလဲဖို့ ကြိုးစားခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ဖူးပါသေးတယ်။ အဲဒီလို အသုဘတွေမှာ ကျဲတဲ့ပိုက်ဆံတွေကို ဂဏန်းအားဖြင့် တစ်သန်းတန်၊ ဆယ်သန်းတန်ဆိုပြီး ရိုက်နှိပ်လေ့ ရှိကြပါတယ်၊

READ
ကုမ္မဏီငွေတွေကိုခိုးပြီး အင်တာနက်မှာ ဆယ်လီဖြစ်ဖို့ကြိုးစားနေသူထောင်ဒဏ်ချမှတ်ခံရ

လင်းသူရိန်

SHARE