လူမျိုးရေးခွဲခြားမှုကြောင့် ဝေးကွာခဲ့ရတဲ့ငယ်ချစ်နှစ်ဦး၊ နှစ်(၅၀)နီးပါးအကြာမှာ လက်ထပ်ခဲ့

Twitter/TinkaOpala

Howard Andrew Foster နဲ့ Myra Clark တို့ဟာ အထက်တန်းကျောင်းမှာကတည်းက ချစ်ကြိုက်ခဲ့ကြတာ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်ခဲ့ကြပေမယ့် လူမျိုးရေးခွဲခြားခံရမှု တွေကြောင့် ကွဲသွားခဲ့ကြပါတယ်။ ဘာလို့ဆို Howard ဟာ အာဖရိကန်လူမည်းတစ်ဦးဖြစ်ပြီး Myra ကလူဖြူဖြစ်နေ တာကြောင့်ပါ။ဒါပေမယ့် နှစ်(၅၀)နီးပါးအကြာမှာတော့ သူတို့နှစ်ယောက်ဟာပြန်လည်ပြောင်းစည်းနိုင်ခဲ့ကြပါတယ်။ အခုတော့ ကျွန်တော်တို့နှစ်ယောက်ကို ဘယ်သူမှခွဲ့လို့မရတော့ဘူးလို့လည်း Howard ကပြောကြားခဲ့ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေကြောင့် ကွဲသွားခဲ့ရတဲ့သူတို့နှစ်ယောက်ဟာ (၂၀၁၃)ခုနှစ်ဆောင်းဦးပိုင်းကာလမှာတုန်းက Sharon Woods Metro ပန်းခြံမှာ သူတို့နှစ်ယောက်ပြန်လည်စုံတွေ့ခဲ့တာဖြစ်ပြီး စကားတွေပြောမကုန်နိုင် အောင်ဖြစ်ခဲ့သလို ဘယ်တော့မှဖြစ်မလာဘူးလို့ထင်ခဲ့တဲ့အိမ်မက်ကို တစ်ကယ်လက်တွေ့အကောင်အထည် ဖော်ခွင့်ရခဲ့တဲ့အတွက် အတိုင်းမသိဝမ်းသာတယ်လို့ Howard ကဆိုပါတယ်။ ပြန်တွေ့တဲ့အချိန်မှာလည်း နှစ်ယောက်လုံးက အရင်ကအတိုင်းမပြောင်းလဲပဲဆက်ချစ်နေခဲ့ကြပါတယ်။

 

(၁၉၆၇)ခုနှစ်က ဒီလိုအဖြူအမဲခွဲခြားတဲ့ဥပဒေကိုထုတ်ခဲ့တဲ့ Virginia ပြည်နယ်ကို သူတို့စုံတွဲကတရားစွဲဆိုခဲ့ပြီး နောက်မှာတော့ ဗဟိုတရားရုံးမှာ Loving vs. Virginia ဆိုတဲ့လူမျိုးမတူတဲ့လက်ထပ်မှုဟာ တရားဝင်အမှုတစ်ခု ဖြစ်သွားခဲ့ပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံမှာ လူမျိုးမတူလည်း လက်ထပ်လို့ရနေပြီဖြစ်ပါတယ်။(၂၀၁၀)ခုနှစ်မှာ ဆိုရင် ဒီလိုလူမျိုးမတူလက်ထပ်မှုတွေဟာ (၈.၄)ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင့် New York Times သတင်းစာမှာဖော်ပြခဲ့ပါတယ်။

READ
ဆုမဲပေါင်းရာနှင့်ချီရရှိနိုင်မည့် ခနော၏ “ကံကောင်းခြင်းဟင်းလျာများ” အစီအစဉ်

 

Foster ဟာလည်း ချစ်သူဖြစ်တဲ့ Myra ကို ဆက်လက်လက်တွဲခဲ့မယ်ဆိုရင် Myra ကိုတစ်ခြားသူတွေရဲ့ အထင်သေးကဲ့ရဲ့မှာ မခံစေချင်တာကြောင့်လက်တွဲဖြုတ်ခဲ့တာဖြစ်ပါတယ်။ Columbus နည်းပညာတက္ကသိုလ်မှာ ပညာသင်နေတဲ့ကျောင်းသားတွေထဲမှာ Foster ဟာ တစ်ဦးတည်းသောလူမဲကောင်လေးပါ။ ဒီလိုလူမဲကောင်လေးနဲ့  Myra ဆိုတဲ့အဖြူမလေးတို့မြင်မြင်ချင်းချစ်ကြိုက်သွားခဲ့ကြပေမယ့် လူအများရဲ့ကဲ့ရဲ့ရှုတ်ချမှုကိုခံခဲ့ရပြီး Myra ဘက်ကိုငဲ့တဲ့အနေနဲ့ Foster ဟာ Myra နဲ့သူ့ရဲ့ဆက်ဆံရေးကိုဖြတ်တောက်လိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

READ
နှလုံးအလှူခံခဲ့တဲ့သူဆီက သားဖြစ်သူရဲ့ နှလုံးခုန်သံကို နားထောင်ခဲ့ရတဲ့ မိခင်

သူတို့နှစ်ယောက်ဟာ မျက်ရည်တွေအပြည့်နဲ့လမ်းခွဲခဲ့ကြပြီး ကိုယ့်လမ်းကိုယ်လျှောက်ခဲ့ကြပါတယ်။အိမ်ထောင်တွေ အသီးသီးကြကာ ကလေးတွေရခဲ့ပြီးနောက် အသီးသီးရဲ့အိမ်ထောင်တွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် အသီးသီးသေဆုံးသွားခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ (၂၀၁၃)ခုနှစ်မှာပြန်လည်တွေ့ဆုံခဲ့ပြီး (၂၀၁၅)ခုနှစ် သြဂုတ်လ(၁)ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။

Thae Su

SHARE