ဆူရှီစားဖို့ ဆိုင်ထဲ ခိုးကြောင်ခိုးဝှက် ၀င်လာတတ်လို့ ရဲဖမ်းခံခဲ့ရတဲ့ ပင်ကွင်းလေးနှစ်ကောင်

AP/Shawnee Kim

နယူးဇီလန်နိုင်ငံမှာ ပင်ကွင်းလေးနှစ်ကောင်ဟာ သူ့တို့အကြိုက် ဆူရှီငါးအသားလွှာလေးတွေကို စားဖို့ ဆူရှီဆိုင်ထဲရစ်သီရစ်သီနဲ့ ခိုးကြောင်ခိုးဝှက်ဝင်လာကြတဲ့ ပုံလေးက အင်မတန်ချစ်စရာကောင်းပါတယ်။

ဆူရှီဆိုင်ထဲကို စခန်းချဖို့လား အစာစားဖို့လား မသိပေမယ့် နေရပ်ကျူးကျော်ပြီး ဆိုင်ထဲ ကိုယ့်အိမ်ကိုယ့်ယာလို လျှောက်သွားနေတဲ့ အိမ်ခြေယာမဲ့လေးပင်ကွင်းနှစ်ကောင်ကို Wellington ခရိုင်ရဲတပ်ဖွဲ့က ခေတ္တယာယီ ထိန်းသိမ်းထားတယ်လို့ The Guardian သတင်းစာမှာ ဖော်ပြထားခဲ့ပါတယ်။

A couple of penguins have been released following temporary detainment by Wellington Police. 🐧The waddling vagrants…

Posted by Wellington District Police on Sunday, 14 July 2019

ပထမတော့ ဆိုင်ဝန်ထမ်းက ဆိုင်ရဲ့ မီးဖိုချောင်နားကနေ တစ်ကွတ်ကွတ်နဲ့အသံကြားတော့ နားကြားမှားတယ်ထင်ခဲ့တာပါ။ နောက်ငါးညှီနဲ့ရလို့ သွားကြည့်ကြည့်တော့မှ အပြာရောင်ပင်ကွင်းလေးနှစ်ကောင်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နဲ့ရဲတပ်ဖွဲ့ဝင်တွေ အတူပူးပေါင်းပြီး ပင်ကွင်းတွေကို ပင်လယ်ထဲပြန်လွှတ်ပေးဖို့ Wellington တိရိစ္ဆာန်ရုံဆီ ပို့ဆောင်ခဲ့ပါတယ်။

‘ပင်ကွင်းလေးတွေ သင့်ဆိုင်မှာ စခန်းလာချတယ်ဆိုတာ တော်တော်လေး အံ့သြသင့်စရာဖြစ်ပါလိမ့်မယ်၊ ဒါပေမယ့် ချစ်စရာလေးတွေပါလို’့ ဆူရှီဆိုင်ဝန်ထမ်း Wini Morris က Radio NZ ရေဒီယိုမှာ ပြောခဲ့တာဖြစ်ပါတယ်။

READ
ရေချိုးဖို့ပြင်ရင်း မထင်မှတ်ပဲ အကျီစယ်ခံလိုက်ရတဲ့ ကောင်လေးရဲ့ ရယ်စရာအဖြစ်

အဲ့ဒီအပြာရောင်ပင်ကွင်းလေးတွေကဟာ ပုံမှန်ဆိုသလို  ဇူလိုင်လလောက်မှာ အသိုက်ပြောင်းတာ အစာရှာထွက်တာတွေပြုလုပ်တတ်ကြပြီး၊ သြဂုတ်မှာ စတင်သားဥကြတယ်လို့ သိရပါတယ်။

Khaing

SHARE