နိုင်ငံခြားမင်းသမီးတစ်ယောက်လားလို့ အထင်မှားသွားရလောက်တဲ့ သက်မွန်မြင့်

ပရိသတ် အခိုင်အမာရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတွေထဲက တစ်ယောက်ဖြစ်တဲ့ သက်မွန်မြင့်ကတော့  ပရိသတ်တွေကို အရမ်းဂရုစိုက်တတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရသူလေးလည်းဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပြီး အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေသူတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဒီဇိုင်နာ မင်းသက်စံရဲ့ ၇ နှစ်ပြည့် ရှိုးပွဲလေးကို တက်ရောက်ပေးခဲ့ပါသေးတယ်။ သက်မွန်မြင့်ကတော့ အနက်ရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားပြီး အမိုက်စား ဆံပင်၊မိတ်ကပ်ပြင်မှုတွေနဲ့ တခြားတစ်ယောက်လို့ ထင်ရလောက်အောင် အရမ်းကို မိုက်လွန်းနေပါတယ်။

အင်တာနေရှင်နယ်ဆန်တဲ့ အရပ်အမြင့်ကြီးကို ပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ နိုင်ငံခြားမင်းသမီးလေးလား အထင်မှားရလောက်အောင် အရမ်းကို မိုက်လွန်းနေပါတယ်။ ဓါတ်ပုံတွေကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

Source: Thet Mon Myint

SHARE