Page မှာ ပရိသတ်(၂၃)သိန်း ပြည့်သွားတဲ့ သက်မွန်မြင့်

မင်းသမီးချောလေး သက်မွန်မြင့်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီးတစ်လက်ပါ။အပျိုဘ၀ကနေ အိမ်ထောင်ကျ၊ အခုဆိုရင်တော့ ကလေးနှစ်ယောက် အမေဖြစ်တဲ့အထိ ပရိသတ်တွေက အချစ်မလျော့ပဲ အားပေးမှုကို တောက် လျောက် ထိန်းထားနိုင်သူပါ။သူမရဲ့ အနုပညာလှုပ်ရှားမှုတွေ၊personal life ရဲ့ အကြောင်းလေးတွေကို Thet Mon Myint ဆိုတဲ့ fb page ကနေ အမြဲတမ်းမျှဝေ တတ်သူပါ။အခုဆိုရင်တော့ သူမရဲ့ page လေးမှာ ပရိသတ် (၂၃)သိန်းပြည့်သွားခဲ့ပါပြီ။

like ၂၃ သိန်းပြည့်သွားတဲ့ အတွက် သက်မွန်မြင့်က ပျော်နေပြီး အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူး တင်စကား ပြောခဲ့ပါတယ်။ဒီအကြောင်းကို fb ပေါ်မှာ ခုလိုလေး တင်ထားပါတယ်။

“မွန့် Page လေး like ၂၃ သိန်းပြည့်သွားပြီ! အားလုံးကို ကျေးဇူးများကြီး တင်ပါတယ်နော်!ဆက်ပြီးတော့လည်း like များအောင် ဝိုင်း Share ပေးကြ ပံ့ပိုးပေးကြပါဦး!
ဒီ Page ကို official သုံးနေမှန်းမသိကြသေးတဲ့သူတွေ ရှိမယ်ထင်ပါတယ်.. Thet Mon Myint တွေကလည်း အများကြီးရှိနေတော့လေ.. လူဦးရေ သန်း ၆၀ ကျော်မှာ ၂ သန်းဆိုတော့ နည်းလွန်းနေသေးတယ်လေနော်! 😜😜
Please!! ..” ဆိုပြီး တင်ထားပါတယ်။

အနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ဒီရက်ပိုင်းမှာ “အပြင်းစားအချစ်” ဆိုတဲ့ ဇာတ်ကား ရိုက်ကူး နေတာကို တွေ့ရပါတယ်။

READ
စစ်မှုထမ်းသွားတဲ့ Ji Chang Wook ကို နှုတ်ဆက်ရင်း ပရိသတ်တစ်ချို့ ငိုကြွေးခဲ့ကြ

fromသက်မွန်မြင့်ရဲ့ fb

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE