အက်စတာကို ၀န်းရံမိလို့ ဝေဖန်ပြောဆို ခံနေရတဲ့ သက်မွန်မြင့်


အကယ်ဒမီမင်းသမီးချော သက်မွန်မြင့်ကတော့ ပရိသတ်ချစ်ခင်အားပေးမှုကို အပြည့်အ၀ ရထားတဲ့ မင်းသမီး  ချောလေးပါ။သူမရဲ့ ရိုးသားပွင့်လင်းတဲ့ အပြုအမူ အပြောအဆို တွေ ကြောင့်လည်း ပရိသတ်တွေ က အချစ် ပို နေရပါတယ်။ချစ်သက်ကတော့ လက်တလောမှာ ပရိသတ်တချို့ရဲ့ ဝေဖန် ပြစ်တင်မှုကို ခံနေရပါတယ်။အ ကြောင်းအရင်း ကတော့ Myanmar Idol ပြိုင်ပွဲ ၀င် အက်စတာကို အားပေးဝန်းရံမိတဲ့ အတွက် ကြောင့်ပါ။သက်မွန်က အက်စတာကို ၀န်းရံအားပေးတာနဲ့ ပတ်သက်ပြီး ချင်းလူမျိုးအချင်းချင်းမို့ လူမျိုးစွဲ နဲ့ ၀န်းရံ အားပေးတယ်ဆိုပြီး ပြော နေကြတာပါ။

Image:Fb/ Thet Mon Myint

သက်မွန်မြင့်က သူမရဲ့ အ ကောင့်မှာ ..

“ဘာမှ လာမပြောနဲ့တော့
အက်စတာပဲ
သူ့အသံ ဆိုဟန် လှုပ်ရှားမှု
မဒီ နီးနီးပဲ သူ့အသံကလည်း
သူပဲ
( ဒါ ကိုယ့်ရဲ့လွတ်လပ်မှုတခုနဲ့ ပြောတာပါ.. သဘောထားကွဲလွဲနိုင်ပါတယ်)…” ဆုိၿပီး အက္စတာကို အားပေးတဲ့  ကြောင်းတင်ခဲ့တာပါ။

Image:Fb/Esther

“လူမျိုးစွဲနဲ့ မတော်တဲ့သူ အရည်အချင်းမရှိတဲ့သူကို ဒီစကားမျိုး ပြောရဲပါ့မလား!
မတော်တာကို တော်တယ် အတင်းလုပ်လို့ရပါ့မလား?
သဘောထား ကဲွလဲွနိုင်ပါတယ်လို့ ပြောပြီးသားပါ!
အားလုံးတော်ကြတယ် ပြောထားပြီးသား
တစ်ယောက်ထဲ ရွေးရမယ့်အနေအထားမှာတော့….
ဒါ ကိုယ့်ခံစားချက် တခုပဲ
ဒါကိုလည်း ထည့်ပြောထားပြီးသား
ကိုယ် ဘာပြောပြော ရချင်တဲ့သူ ရမှာပဲလေ!
သက်မွန်မြင့်ပြောလို့ သက်မွန်မြင့်ပြောတဲ့သူ ရရမယ်လို့ သတ်မှတ်ထားတာမှ မဟုတ်တာ! အဲ့လောက်မစွမ်းပါဘူးလေ
ကိုယ်အားပေးတဲ့သူ ကို ကိုယ့်ခံစားချက်နဲ့ ပြောရုံလေးပါ..
အသုံးနှုန်းကြောင့်ဆိုရင် တောင်းပန်ပါတယ်ရှင်!
ကြိုက်တဲ့သူ ကြိုက်သလို အားပေးကြပါ!

ကျွန်မတို့လည်း တခါတလေ ကိုယ့်ခံစားချက်လေးနဲ့ ကိုယ် ပေါက်ကွဲမိပါတယ်!
လူသားတွေဆိုတော့လည်း.. 😓😓…”

“အဆဲ ခံဖူးပြီ😂😂😂😂😂…” 

Image:Fb/Thet Mon Myint
Image:Fb/Esther & Thet Mon Myint

ဆိုတဲ့ Post တွေကို ဆက်တိုက်တင်ခဲ့ပါတယ်။Myanmar Idol ပြိုင်ပွဲကတော့ Voting စနစ်နဲ့ Winner ကို ရွေးချယ် တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲဝင်တွေရဲ့ Fan အချင်းချင်း အားပြိုင်မှုက ပိုပြီး ကြီးမားပါတယ်။ကိုယ်အားပေးတဲ့ ပြိုင်ပွဲဝင်အတွက် Fan အချင်းချင်း တိုက်ခိုက် ပြောဆို ကြတာ၊စကားများကြတဲ့ ဖြစ်ရပ်မျိုးတွေလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မကြာခဏ ဖြစ်ပွား လေ့ရှိတာကိုလည်း တွေ့ရပါတယ်။

READ
ဘိုမရုပ်လေးလို ချစ်စရာကောင်းလွန်းနေတဲ့ ပက်ထရစ်ရှာ
Image:Fb/Esther
Image:Fb/Thet Mon Myint

Source:Thet Mon Myint

 

SHARE