ရုပ်ရှင်တစ်ကားထဲ အတူတူပါပေမယ့် (၂) နှစ်လုံးလုံး မတွေ့ဖြစ်ကြတဲ့ မင်းသား (၂) လက်

instagram/willsmith, instagram/tomholland2013

နာမည်ကျော် ဟောလီးဝုဒ်သရုပ်ဆောင်တွေဖြစ်တဲ့ Tom Holland နဲ့ Will Smith တို့ဟာ ဒီဇင်ဘာ (၂၇) ရက်နေ့မှာ ထွက်ရှိတဲ့ animated ရုပ်ရှင် Spies In Disguise ထဲ အသံသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားကြကြောင်း nme သတင်းအရ သိရပါတယ်။

Spider-Man မင်းသားတစ်လက်ဖြစ်တဲ့ Tom Holland ကတော့ Jimmy Kimmel Live ထဲမှာ သူနဲ့ Smith ဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်လောက်ကမှ တစ်ယောက်နဲ့တစ်ယောက် ပထမဆုံးအကြိမ် တွေ့ဖြစ်တာပါလို့ ဆိုပါတယ်။ “ကျွန်တော် အခုမှ သူနဲ့တွေ့တာပါ။ အစောပိုင်းတုန်းကလည်း စာနယ်ဇင်းပွဲကို သူနဲ့ အတူတူလုပ်ခဲ့ကြသေးတယ်…”

READ
ရိုက်ကွင်းနောက်ကွယ်က ဓါတ်ပုံလေးတွေမှာပါ ချစ်စရာကောင်းလွန်းနေတဲ့ သူတို့နှစ်ယောက်

“ကျွန်တော်က Will Smith ကို အရမ်းကြိုက်တဲ့သူပါ။ ရုတ်တရက်ကြီး အခန်းထဲမှာ သူနဲ့အတူတူ ထိုင်ရတော့ ဘယ်လိုမှ ထွက်ပြေးလို့ မဖြစ်နိုင်ဘူးလေ။ သူ့ကို တွေ့တာနဲ့တင်ကို ကျွန်တော် အရမ်းဝမ်းသာနေမိတာ…” လို့ Tom Holland က ဆိုခဲ့တာ ဖြစ်ပါတယ်။ Spies In Disguise ထဲမှာတော့ Tom Holland ဟာ သိပ္ပံပညာရှင် Walter Beckett အဖြစ် အသံသရုပ်ဆောင်ခဲ့တာပါ။ Lance Sterling နေရာမှာတော့ Will Smith က အသံသရုပ်ဆောင်ထားကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE