စပါးအုံမြွေတကောင်ရဲ့ရစ်ပတ်ခံရမှုကနေလွှတ်မြောက်အောင် လက်တွေ့သရုပ်ဆောင်ပြခဲ့တဲ့ ထိုင်းမီးသတ်ရဲဘော်

facebook/Chaem Choi

ထိုင်းမီးသတ်ရဲဘော်တစ်ဦးဟာ လူ့အသက်အန္တရာယ်ကို ရန်ရှာနိုင်တဲ့ စပါးအုံးမြွေတစ်ကောင်ရဲ့ ရစ်ပတ်ခံရမှုကနေ ဘယ်လိုလွတ်မြောက်အောင် လုပ်နိုင်လဲဆိုတာ သရုပ်ပြခဲ့ပါတယ်။ ထိုမီးသတ်ရဲဘော်ဟာ အသက်(၄၉) နှစ်အရွယ်ဖြစ်ပြီး ဘန်ကောက်က မြွေဖမ်းသမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့နာမည်ကတော့ Phinyo Pukphinyo ဖြစ်ပါတယ်။

Phinyo ဟာ သူ့ကိုယ်သူ မျှားစာအဖြစ်ခံပြီး (၁၄) ပေအရှည်ရှိတဲ့ မြွေကြီးတစ်ကောင်ရဲ့ ရစ်ပတ်တာကို ခံယူခဲ့တာ ဖြစ်ပါတယ်။ များသောအားဖြင့် စပါးအုံးကြီးတစ်ကောင်ရဲ့ ရစ်ပတ်မှုကို ခံရတဲ့အခါ မြွေအားကို အန်တုပြီး အသက်ရှူလျက် ပြန်ထွက်နိုင်တယ်ဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် Phinyo ကတော့ မမျှော်လင့်ပဲ စပါးအုံးအတိုက်ခိုက်ခံခဲ့ရရင် ကိုယ့်ဘက်ကနေ တတ်နိုင်သလောက် ဘာတွေလုပ်နိုင်သလဲဆိုတာ အခုလို ပြသခဲ့တာပါ။

facebook/Chaem Choi

ဓာတ်ပုံတွေထဲမှာတော့ Phinyo ဟာ သူ့ရဲ့လည်ပင်းလေပြွန်ကို လက်နဲ့ခံပြီး ကာကွယ်ထားတာကို တွေ့ရမှာပါ။ ဘာကြောင့်လည်းဆိုတော့ လည်မျိုဟာ သားကောင်ရဲ့ အရေးအကြီးဆုံးအပိုင်းဖြစ်ပါတယ်။ မြွေဟာ တဖြည်းဖြည်းနဲ့ လူကို တင်းတင်းကြပ်ကြပ် တရစ်ပြီးတစ်ရစ် ရစ်ပတ်တာပါ။ တကယ်လို့ လူ့လည်ပင်းကို ရစ်ပတ်မိသွားပြီဆိုရင် လေပြွန်ပိတ်သွားပြီး အသက်ရှူရကြပ်လာပါတယ်။ တစ်ဖက်ကလည်း စပါးအုံးရဲ့ အရစ်ပတ်ခံနေရတာကြောင့် လူဟာ အချိန်ကြာလာတဲ့အခါ မြွေကို ပြန်တွန်းထုတ်နိုင်ဖို့လည်း အားမရှိတော့၊ လည်မျိုကလည်း ကြပ်သထက် ကြပ်လာတော့ မြန်မြန်ဆန်ဆန် သေဆုံးရတာပဲ ဖြစ်ပါတယ်။

READ
WhatsAppပေါ်မှာ အမျိုးသမီးတွေကို လိင်ကျွန်အဖြစ်တင်ရောင်းလာတဲ့ IS အဖွဲ့
facebook/Chaem Choi

ဒါကြောင့် Phinyo က ပြည်သူတွေအနေနဲ့ တကယ်လို့ စပါးအုံးနဲ့များ ရင်ဆိုင်တွေ့ခဲ့ရင် အခုလို လက်နဲ့ ကိုယ့်လည်ပင်းကို ဦးအောင်ကာကွယ်ထားဖို့ ပြောလိုက်ပါတယ်။ ဒါ့အပြင် အမြဲတမ်းအကူအညီကို အော်ဟစ်တောင်းခေါ်နေရမှာဖြစ်ပြီး လက်မလျှော့လိုက်ဖို့ တိုက်တွန်းထားပါတယ်။

facebook/Chaem Choi

Phinyo က “… ဒါပေမယ့် လက်ကြီးခံထားတောင်မှ ခင်ဗျားအနေနဲ့ မြွေလက်ထဲက လွတ်နိုင်ဖို့ မလွယ်ဘူး။ အသက်ရှူဖို့လည်း မလွယ်ဘူး။ မြွေက ခင်ဗျားကို တင်းသထက် တင်းလာအောင် ကြပ်ကြပ်ပတ်ထားလိမ့်မယ်။ ဒါကြောင့် ကြာလာတဲ့အခါ မြွေရစ်ပတ်တဲ့ဒဏ်ကြောင့် ခန္ဓာကိုယ်က ကိုက်ခဲနာကျင်လာတယ်။ ပြန်ရုန်းဖို့ အားမရှိတော့ဘူး။ နောက်ဆုံးမှာတော့ အသက်ရှူမ၀ဖြစ်ပြီး သေဆုံးရတာပါပဲ။ ဒါကြောင့် မြွေတွေကို မြင်တိုင်း အရေးပေါ်ဆီ ဖုန်းဆက်ဖို့ မမေ့ပါနဲ့…” ဆိုပြီး ပြောထားပါတယ်။

facebook/Chaem Choi

Phinyo ဟာ ဘန်ကောက်ရဲ့ မိုးတွင်းအချိန်တွေမှာဆိုရင် မြွေဖမ်းပေးဖို့ခေါ်တဲ့ တစ်နေ့ဖုန်းအ၀င်အကြိမ်ရေ (၁၅) ခုလောက် ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။ သူဟာ အခုလို စပါးကြီး၊ စပါးအုံးတွေအပြင် အဆိပ်ရှိတဲ့မြွေကိုလည်း ကိုင်တွယ်ဖူးပါတယ်။ တစ်ခါတုန်းကဆိုရင်တော့ Phinyo ဟာ မြွေကိုက်လို့ ဆေးရုံ(၃) လတက်ခဲ့ရကြောင်းလည်း သိရပါတယ်။

READ
ရုရှားမှာ လမ်းသွားလမ်းလာတွေကို ဘက်စ်ကားဝင်တိုက်ပြီး (၄)ဦးသေဆုံး


လင်းလင်း (ShweMom)

Ref: dailymail

SHARE