မီတာစစ်မလို့ဆိုပြီး အိမ်သားတွေအကုန် အပြင်ထွက်ခိုင်းကာ ပစ္စည်းခိုးခဲ့တဲ့ အမျိုးသား

World Branding Awards, Twitter/Bernama

ကိုယ်မရှိတဲ့အချိန် အိမ်မှာ သူခိုးဖောက်ခံရမှာကို လူတိုင်းကြောက်ကြပါတယ်။ ဒါပေမယ့် အချို့သူခိုးတွေက နေ့ခင်းကြောင်တောင် လူတွေရှိနေတဲ့အချိန်လည်း ဥာဏ်နီဥာဏ်နက်သုံးပြီး ပစ္စည်းခိုးဖို့ ကြိုးစားပါသေးတယ်။ Worldofbuzz ကနေတဆင့် သိရတဲ့ သတင်းတစ်ပုဒ်အရ အသက် (၃၀) အရွယ် အမျိုးသားတစ်ဦးဟာ မီတာဖတ်သူတစ်ဦးအဖြစ် ဟန်ဆောင်ပြီး အိမ်တစ်အိမ်က အဖိုးတန်လက်ဝတ်ရတနာတွေနဲ့ ငွေသားတွေကို ခိုးယူခဲ့တယ်လို့ ဆိုပါတယ်။

၎င်းအမျိုးသားက သူဟာ TNB ကုမ္ပဏီက မီတာဖတ်တဲ့ဝန်ထမ်းဖြစ်ပြီး မီတာစစ်ဆေးချင်လို့ပါဆိုကာ အိမ်ထဲ ၀င်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးတဲ့နောက် ၄င်းက သူဟာ မီတာကို စစ်ဆေးဖို့ မီတာကို ခဏပိတ်မှာ ဖြစ်တဲ့အတွက် အိမ်သားတွေအားလုံး ဘေးကင်းအောင် အပြင်ထွက်ပေးပါလို့ ပြောခဲ့ပါတယ်။ အိမ်သားတွေအကုန် အိမ်ပြင်ထွက်သွားတဲ့အခါမှာတော့ ၄င်းဟာ အိမ်ထဲက အဖိုးတန်ပစ္စည်းတွေနဲ့ ငွေသားတွေကို ရှာဖွေပြီး ခိုးယူသွားခဲ့တာ ဖြစ်ပါတယ်။

READ
(၄၁)နှစ်ပိုကြီးတဲ့ အဖိုးကြီးရဲ့အချစ်နွံက ရုန်းမထွက်နိုင်ဘူးဆိုတဲ့ (၂၂)နှစ်အရွယ် အမျိုးသမီး
Twitter/Bernama

TNB ကုမ္ပဏီကတော့ ကုမ္ပဏီနာမည်တပ်ပြီး မီတာကြည့်ဖို့၊ မီတာစစ်ဆေးဖို့ဆိုပြီး လာသမျှလူတိုင်းကို မယုံပါနဲ့လို့ သတိပေးထားပါတယ်။ ကုမ္ပဏီက ၀န်ထမ်းဆိုရင် အနီနဲ့အပြာ ယူနီဖောင်းကို ၀တ်ဆင်ထားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ TNB ၀န်ထမ်းဆိုရင်တောင် ၀န်ထမ်းတွေဟာ မီတာကိုသာ စစ်ဆေးခွင့်ရှိမှာဖြစ်ပြီး အိမ်ထဲက မီးကြိုးတွေဘာတွေကိုလည်း စစ်ဆေးဖို့ အခွင့်မရှိပါဘူးလို့ ပြောပြခဲ့ပါသေးတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ တစ်စုံတစ်ဦးက ကုမ္ပဏီနာမည်တစ်ခုခုပြောပြီး အိမ်ထဲဝင်ဖို့ ခွင့်တောင်းခဲ့ရင် ချက်ခြင်း ပေးမ၀င်သင့်ကြောင်းနဲ့ ထိုသူဟာ ကုမ္ပဏီဝန်ထမ်းဖြစ်ကြောင်း သက်သေပြတဲ့ အထောက်အထားမျိုး ၀န်ထမ်းကတ်မျိုးပါမှ အိမ်ထဲ တွေ့ဆုံလက်ခံသင့်ကြောင်းလည်း တိုက်တွန်းထားပါတယ်။

လင်းလင်း (ShweMom)

SHARE