မင်းသားကြီးအာနိုးလ်ရဲ့စက်ဘီးကို ခိုးဖို့ကြိုးစားတဲ့ သူခိုး၊ သက်တော်စောင့်နဲ့ အချင်းများရန်ဖြစ်ခဲ့ရ

မကြာသေးခင်က ကိုယ်ပိုင် Rap သီချင်းတစ်ပုဒ်ကြောင့် ပရိသတ်တွေ ထင်မှတ်မထားလောက်အောင် ချီးကျူးမှုတွေခံခဲ့ရတဲ့ Terminator မင်းသားကြီး အာနိုးလ်ကတော့ ဒီရက်ပိုင်း တွတ်ပီကံမကောင်းတဲ့အဖြစ်နဲ့ ကြုံနေရပါတယ်။ ပြီးခဲ့တဲ့ တောင်အာဖရိကနိုင်ငံ ခရီးစဉ်တုန်းကလည်း ပရိသတ်တစ်ယောက်က ပြေးကန်တာကို ခံခဲ့ရပါတယ်။

အခုလည်း သူခိုးတစ်ယောက်က Gym ခန်းမအပြင်မှာရပ်ထားတဲ့ မင်းသားကြီး အာနိုးလ်ရဲ့ ဒေါ်လာ(၆၀၀၀)တန် စက်ဘီးကို အလစ်သုတ်ဖို့ ကြိုးစားတာကို ခံခဲ့ရပါတယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကို မင်းသားကြီးရဲ့ သက်တော်စောင့်ကိုယ်တိုင် မြင်တွေ့လိုက်ရတာကြောင့် သွားရောက်တားမြစ်ခဲ့ပါတယ်။

Instagram_Douglas Nichols Rapids Video Group
Instagram_Douglas Nichols Rapids Video Group

နှစ်ယောက်သား မကျေမလည် စကားများရန်ဖြစ်ကြရင်း၊ အဲဒီ ခိုးဖို့ကြိုးစားသူအမျိုးသားဟာ ဗိုလ့်အားပြင်း Taser နဲ့တောင် အပစ်ခံရတော့မလို့အထိ ဖြစ်ခဲ့ပါတယ်။ မင်းသားကြီးရဲ့သက်တော်စောင့်ဟာ Taser ကို ဆွဲထုတ်ကာ ခိုးဖို့ကျူးလွန်းတဲ့အမျိုးသားကို တိုက်ခိုက်ဖို့ ဟန်ပြင်နေပါတယ်။

ပြစ်မှုကျူးလွန်ဖို့ ကြိုစားသူဟာ နဖူးစည်းပဝါနဲ့ ဟိတ်ဟန်ခပ်များများ လူတစ်ယောက်ဖြစ်ပြီး၊ ရဲကို ခေါ်ပြီးအပ်တာမျိုးတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ အသက်(၇၁)နှစ်အရွယ် မင်းသားကြီး အာနိုးလ်ရဲ့ လျှပ်စစ်စက်ဘီးဟာ Felt Outfitter အမျိုးအစား လျှပ်စစ်တောင်တက်စက်ဘီး ဖြစ်ပြီး၊ ဒေါ်လာ(၆၀၀၀) တန်ကြေးရှိကြောင်း သိရပါတယ်။

 

မင်းသားကြီး အာနိုးလ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက တောင်အာဖရိကမှာကျင်းပတဲ့ ကာယအားကစားပွဲတစ်ခုကို တက်ရောက်ခဲ့ပြီး ပရိသတ်နဲ့လည်း ကိုယ်တိုင်တွေ့ဆုံခဲ့ပါတယ်။ ထိုစဉ်မှာပဲ ပရိသတ်တစ်ဦးက အဝေးကနေ ပြေးပြီး ကျောကို ကန်ခဲ့တာကို ခံခဲ့ရပြီး၊ အဲဒီလူကတော့ ပြစ်မှုကြောင့် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။

လင်းသုတ (Shwemom)

SHARE