ပေါင်(၃)သောင်းတန်ဖိုးရှိ ဂျက်ကတ်တွေကို စက္ကန့်(၂၀)အတွင်း ခိုးယူသွားတဲ့ သူခိုးအဖွဲ့

Pleasant Prairie Police Department

အမေရိကန်နာမည်ကြီး အဝတ်အထည်ကုမ္ပဏီတစ်ခုဖြစ်တဲ့ North Face က ထုတ်လုပ်ထားတဲ့ ဂျက်ကတ်အထည်ပေါင်းများစွာကို သူခိုးအဖွဲ့တစ်ဖွဲ့က စက္ကန့်(၂၀)လောက်အတွင်းမှာ အပြောင်ခိုးသွားခဲ့တဲ့ဖြစ်စဉ်တစ်ခု အမေရိကန် Wisconsin ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ သူခိုးအဖွဲ့ဟာ (၁၀)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

Pleasant Prairie Police Department

အခင်းဖြစ်ခဲ့ရာဆိုင်ကတော့ Pleasant Prairie Premium Outlets စတိုးဆိုင်ဖြစ်ပြီး၊ အဲဒီဆိုင်ဟာ North Face ကုန်ပစ္စည်းတွေ သီးသန့်ရောင်းတဲ့ဆိုင်ဖြစ်ပါတယ်။ သူခိုးတွေဟာ သူတို့မျက်နှာတွေကို ဖုံးအုပ်ခြင်းမရှိဘဲ၊ အချိန်တိုအတွင်းမှာ သူတို့သယ်နိုင်သလောက် သယ်သွားကြတာတာပါ။ ပါသွားတဲ့ ဂျက်ကတ်တွေရဲ့တန်ဖိုးဟာ ပေါင် (၃)သောင်းလောက် တန်ကြေးရှိပါတယ်တဲ့။

အုပ်စုဖွဲ့ခိုးမှုကျူးလွန်သူတွေဟာ သူတို့ကိုယ်သူတို့ အဆိုတော်အဖွဲ့တွေ၊ အကအဖွဲ့တွေလို အများက ထင်မြင်အောင် ဝတ်စားဆင်ယင်ပြီး ဆိုင်တွေ၊ အများပြည်သူဆိုင်ရာနေရာတွေမှာ ရုတ်တရက်ဝင်ရောက်ပြီး ခိုးမှုတွေကျူးလွန်လေ့ရှိပါတယ်။

READ
သင်တန်းသားကောင်လေးတွေအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားခဲ့သည့်ယောဂဆရာမ

CCTV မှတ်တမ်းထဲမှာ အဲဒီအမျိုးသားသူခိုးအဖွဲ့ဟာ ဆိုင်ထဲကို ဒုန်းစိုင်းဝင်ရောက်လာပြီး သူတို့လက်နဲ့ နိုင်သလောက် ဂျက်ကတ်တွေကို ပွေ့ယူခဲ့ကြပြီး၊ ကြာချိန် စက္ကန့်(၂၀)လောက်မှာ ဆိုင်ရဲ့ ခင်းကျဉ်းထားတဲ့ စီးပွားဥစ္စာတစ်ဝက်လောက်ကို ယူဆောင်သွားခဲ့တာပါ။ ရဲတွေကတော့ သူတို့ကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေကြောင်း သိရပါတယ်။

လင်းသူရိန် (Shwemom)

Ref : Fox , Metro

 

SHARE