မြေတူးစက်ကြီးသုံးပြီး ATM စက်ကို ဖောက်ထွင်းဖို့ကြိုးစားခဲ့တဲ့ သူခိုးတစ်ဖွဲ့

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID-19 ရောဂါကြောင့် လူတော်တော်များများဟာ ကိုယ့်အိမ်မှာပဲနေကြပြီး အိမ်ထဲက အိမ်အပြင်ကို မထွက်ကြတော့တာများပါတယ်။ ဒီလိုအချိန်မျိုးမှာလဲ စတိုးဆိုင်တွေဖွင့်ထားကြတဲ့ လူတော်တော်များများကလည်း ဆိုင်တွေကို ပိတ်ပြီး ကိုယ့်အိမ်မှာပဲ မိသားစုနဲ့အတူတူနေကြတာများပါတယ်။ ဒီလိုစတိုးဆိုင်တွေမှာ လူမရှိတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ခိုးဖို့ချောင်းနေတဲ့ မသမာသူတွေဆိုတာလဲ ရှိတတ်ပါတယ်။

အခုလည်း အင်္ဂလန်နိုင်ငံရှိ စတိုးဆိုင်တစ်ဆိုင်ပိတ်ထားတာကို အခွင့်ကောင်းယူပြီး ဆိုင်ရှေ့က ATM စက်နှစ်စက်ကို မြေတူးစက်ကြီးသုံးပြီး ပိုက်ဆံတွေခိုးဖို့ ကြိုးစားခဲ့ကြောင်း Lad Bible သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Twitter-Niall Crutchfield

အင်္ဂလန်နိုင်ငံ၊ Tesco ပြည်နယ်ရှိ Dover မြို့အနီးက စတိုးဆိုင်တစ်ဆိုင်ဟာ COVID-19 ကူးစက်ရောဂါကြောင့် ပိတ်ထားတာ ရက်အနည်းငယ်ရှိပါပြီ။ ဒီလို ဆိုင်ပိတ်ထားတာကို အခွင့်ကောင်းယူပြီး သူခိုးတစ်အုပ်ဟာ ATM စက်ကို ဖောက်ထွင်းပြီး ပိုက်ဆံတွေ ခိုးဖို့ ကြိုးစားခဲ့ပါတယ်။ သူတို့ခိုးတဲ့နည်းကတော့ တော်တော်ကြမ်းတယ်လို့ ပြောရပါမယ်။ ဘာလို့လဲဆိုတော့ မြေတူးစက်အကြီးစားကြီးတစ်ခုကို သုံးပြီး ATM စက်ကို ဖောက်ဖို့ ကြိုးစားခဲ့တာပါ။

ဒါပေမယ့် သူတို့လုပ်ရပ်က မအောင်မြင်ခဲ့ပါဘူး။ အနီးအနားက ဖြတ်သွားဖြတ်လာလူတစ်ယောက်က သူတို့အုပ်စုကို တွေ့သွားပြီး ရဲတပ်ဖွဲ့ကို အချိန်မှီ သတင်းပေးနိုင်ခဲ့ပါတယ်။ ရဲကားနှစ်စီးရောက်လာတဲ့အချိန်မှာတော့ သူခိုးတွေဟာ မြေတူးစက်နဲ့ ရဲကားတွေကို ဟန့်တားကာ ကားနဲ့ ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရပါတယ်။

READ
မနက်ခင်းရေငုပ်ရင်း မမျှော်လင့်ပဲ ဧရာမပြည်ကြီးငါးကြီးနဲ့ တိုးခဲ့ရတဲ့ ညီအကိုများ

ကံကောင်းတာက ရဲအရာရှိတွေ ဒဏ်ရာမရတဲ့အပြင် ATM စက်ထဲက ငွေတွေလည်း မပါသွားကြောင်း သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရဲတပ်ဖွဲ့ဟာ သူခိုးတွေကို CCTV ကနေတစ်ဆင့် ခြေရာခံပြီး စုံစမ်းစစ်ဆေးနေကြောင်းပါ။

Twitter-Niall Crutchfield

Pyi Hein Kyaw

SHARE