စားသလောက်မဝတဲ့ မိန်းကလေးတွေရဲ့ ကံကောင်းတဲ့အချက် (၅)ချက်

ပိန်ပိန်ပါးပါးကောင်မလေးတွေရဲ့နောက်ကွယ်မှာ စားသလောက် မ၀လာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြတယ်။ ဒီလိုခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရတာကလည်း ဘုရားကပေးတဲ့ ဆုလာဒ်တစ်ခုပါ။ သင့်မှာ အဲ့လိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရတယ်ဆိုရင် ကံကောင်းပါတယ်။ ဘာကြောင့်ကံကောင်းတာလဲဆိုရင်တော့ …

(၁) ဘယ်လောက်စားစား မ၀လာလို့

အစားကို စိတ်ကြိုက်စားနေတယ်ဆိုရင်တောင် ၀ိတ်မတတ်လာဘူး။ အဲ့လိုဝိတ်မတတ်လာလို့ ဘယ်လောက်စားစား မ၀လာတာပါ။ သူများတွေလို ကယ်လိုရီအများကြီးတွေစားမိလို့ဆိုပြီးလည်း ထိုင်ငိုနေစရာမလိုပါဘူး။ ဒီလိုခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားရတာက ကိုယ်စားချင်သလောက်စားလို့ရနေလို့ စိတ်ချမ်းသာနေရပါတယ်။

(၂) အိမ်ကဆူတာ မခံရလို့

ဘယ်အချိန်မှာ ဘယ်လိုပဲစားစား အိမ်က အမေဆူတာကို မခံရပါဘူး။ ပိန်လို့ဆိုပြီး အစားတွေချည်းကျွေးနေကြလို့ အိမ်မှာ အစားအသောက်မရှိနေမှာကိုလည်း စိုးရိမ်စရာမလိုပါဘူး။ အပြင်မှာ ဘယ်လိုတွေပဲစားခဲ့စားခဲ့ အိမ်က အမေဆူတာကို မခံရတဲ့အပြင် အိမ်ရောက်တော့လည်း မုန့်ထပ်ကျွေးခံရတာ ဘယ်လောက်စားစား မ၀တဲ့ ခန္ဓာကိုယ်လေးတွေရဲ့ကံကောင်းတဲ့အချက်လေးတွေပါ။

READ
စိတ်တူကိုယ်တူသူငယ်ချင်းတစ်ယောက် သင့်မှာရှိသင့်တဲ့အကြောင်းအရင်း

(၃) စားသလောက် အဆီမဖြစ်လာလို့

ဝချင်လို့ဆိုပြီး ဘယ်လောက်ပဲစားစား ၀မလာတာ စားသလောက်အဆီမဖြစ်လာတာပါ။ လမ်းမှာ လူတွေက “ပိန်လိုက်တာဟယ်” လို့ပြောရင် ဘာမှစိတ်ဓာတ်မကျပါနဲ့။ သင့်မှာ စားသလောက် အဆီမဖြစ်လာတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားရလို့ စားချင်သလောက်စားလို့ရနေတာပါ။ သင့်ကိုယ်သင် ၀လာတော့မှာပဲဆိုတဲ့အတွေးတွေနဲ့လည်း ပိတ်လှောင်ပြီး စားချင်တာကို မစားရတဲ့အဖြစ်မျိုး မဟုတ်လို့ ဂုဏ်ယူလိုက်ပါ။

(၄) Gym သွားစရာ မလိုလို့

ဘယ်လောက်စားစား မ၀လာလို့ Gym သွားစရာလည်းမလိုပါဘူး။ စားသလောက်မ၀လာလို့လည်း လက်ထိုးပြီးအန်စရာမလိုသလို Gym သွားဖို့အတွက်လည်း အစောကြီးထသွားစရာမလိုပါဘူး။ အဲ့ဒါကြောင့် Gym အတွက် ပိုက်ဆံသီးသန့်ကုန်စရာမလိုတော့ပါဘူး။

(၅) ငယ်ငယ်တုန်းက အင်္ကျီတွေ ပြန်ဝတ်လို့ရလို့

ဒီအချက်လေးကတော့ စားသလောက်မ၀တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့မိန်းကလေးတွေအတွက် ကံအကောင်းဆုံးအချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ တက္ကသိုလ်တုန်းက အင်္ကျီလေးတွေက အသက်ရတဲ့အထိ တော်နေသေးလို့ပါ။ ငယ်ငယ်ကခန္ဓာကိုယ်နဲ့ အခုခန္ဓာကိုယ်အလေးချိန်တူနေသေးလို့ အင်္ကျီလေးတွေကို ပြန်ဝတ်လို့ရတာပါ။

READ
နတ်သူငယ်လေးတွေ အ၀င်အထွက်ပြုရာနေရာလို့ သမုတ်ကြတဲ့ ချစ်စဖွယ်တံခါးချပ်လေးများ

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
SHARE