အရမ်းပိန်နေလို့ ၀ိတ်တက်ချင်တဲ့လူတွေအတွက် စားသင့်တဲ့အစားအစာများ

pinterest/POPSUGAR

ဝိတ်တတ်ချင်သူတွေအတွက် အလွယ်တကူ ၀ိတ်တတ်လာအောင် အကောင်းဆုံးနည်းလမ်းတွေ ရှိပါတယ်။ ဒီနည်းလမ်းက ရိုးရှင်းပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိစေတဲ့အပြင် အားစိုက်ထုတ်စရာမလိုဘဲနဲ့ ၀လာမှာပါ။ ဒီ(၄)ချက်ကတော့ သင့်ကို အနှေးနဲ့အမြန် ၀ိတ်တတ်လာစေဖို့ ကုညီပေးနိုင်မှာပါ။

(၁) ငှက်ပျောသီး နဲ့ နွားနို့ 

manu’s menu

ငှက်ပျောသီးမှာ ကယ်လိုရီတွေ အများကြီးပါမှန်း သင်သတိထားမိမှာမဟုတ်ပါဘူး။ နောက်ပြီး ငှက်ပျောသီးက အားဖြစ်စေတယ်။ ဒါကြောင့် တင်းနစ်အားကစားသမားတွေက ပွဲချိန်မစမှီမှာ ငှက်ပျောသီး တစ်လုံးစားပေးရပါတယ်။ မနက်တိုင်း ငှက်ပျောသီး တစ်လုံးစီစားပေးပါ ၊ ပြီးရင် နွားနို့ပူပူ (၁)ခွက်ကို သကြား (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ထည့်သောက်ပေးပါ။

(၂) အာလူး

အာလူးက ကစီဓာတ်များတဲ့ အစားအစာပဲဖြစ်တယ်။ အာလူးကို ပုံမှန်စားပေးတာက ၀ိတ်တတ်လာစေမှာပါ။ အာလူးကို ထောပတ်နဲ့ ဖုတ်စားတာပဲဖြစ်ဖြစ် ၊ ကင်စားတာပဲဖြစ်ဖြစ် ၊ ကြော်စားတာပဲဖြစ်ဖြစ် စားပေးပါ။ အာလူးကြော်ပဲ စားမယ်ဆိုရင်တော့ တစ်ပတ်ကို (၂)ကြိမ်လောက်ပဲစားပေးပါ။

READ
ဘာသာစကား ၅ မျိုး တတ်ပေမယ့်လည်း ဝေဖန်မှုတွေ ကြုံနေရဆဲ သမ္မတကတော် Melania

(၃) Peanut Butter

Peanut Butter ကတော့ ကယ်လိုရီအများဆုံးပါ။ ဒါကို စားပေးတာက ၀ိတ်တတ်လာစေနိုင်တယ်။ ပေါင်မုန့်ကို Peanut Butter နဲ့ သုတ်စားပေးပါ။ နေ့တိုင်း စားပေးရင်တော့ အချိန်ခဏအတွင်းနဲ့ ၀ိတ်တတ်လာစေမှာပါ။

(၄) စိတ်ဖိစီးမှုနဲ့ကင်းအောင်နေပါ 

shutterstock/By takayuki

ဝိတ်ကျနေတာ စိတ်ဖိစီးမှုကြောင့်လည်းပါတယ်။ အလုပ်မှာ ဖြစ်ဖြစ် ၊ အိမ်မှာ ဖြစ်ဖြစ် စိတ်ဖိစီးနေရင် အသက်ကို ပြင်းပြင်ရှုပေးပါ။ အသက်ပြင်းပြင်ရှုပေးတာက စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်တယ်။ စိတ်ဖိစီးမှုနည်းသွားရင်တော့ ၀ိတ်တတ်လာစေနိုင်တယ်။ စိတ်ဖိစီးမှုနဲ့ကင်းအောင်နေပြီး ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင်နေပေးပါ။ ဒါဆိုရင်တော့ ၀ိတ်တတ်လာမှာပါ။

source : stylecraze

Hannwe Soe (Shwemom)
SHARE