ကချင်မင်းသားလေးတစ်ယောက်ကို အားပေးဖို့ပြောလိုက်တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ရုပ်ရှင်ဇာတ်ကားတွေကို မနားတမ်းရိုက်ကူးနေရတဲ့သူတစ်ယောက်ဖြစ်ပြီး လတ်တလောမှာလည်း ကချင်ပြည်နယ်ကို ယုန်လေး၊မြင့်မြတ်၊ကေညီတို့နဲ့အတူ ရောက်ရှိနေတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ကချင်ပြည်ကို ရောက်နေတဲ့ ဓါတ်ပုံတွေကို ဒီကနေ့မှာ တင်ပေးလိုက်တာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ကောင်လေးတစ်ယောက်နဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို တင်ပေးလိုက်တာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်နဲ့အတူ တွဲပြီးတော့ ရိုက်ထားတဲ့ ကောင်လေးကတော့ ကချင်လူမျိုး မော်ဒယ်၊မင်းသားလေး Jeimzang Daukhao ဖြစ်ပါတယ်။ သူကတော့ ပရိသတ်တွေရဲ့ အချစ်တော် သင်ဇာနဲ့အတူ ဓါတ်ပုံတွေကို အမိုက်စား ရိုက်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ကချင် မော်ဒယ် မင်းသားလေးJeimzang Daukhao ရဲ့ ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Jeimzang Daukhao

SHARE