မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကိုယ်ပိုင်စတိုင်၊ဟန်ပန်တွေနဲ့ အနုပညာလောကထဲမှာ ထိုးဖောက်နေတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာလည်း ရုပ်ရှင်ကားတွေမှာပါဝင်သရုပ်ဆောင်နေပြီး ပွဲတွေကိုလည်း မနားတမ်း တက်ရောက်နေရတာဖြစ်ပါတယ်။


သူမကတော့ ဒီကနေ့မှာလည်း ရေဦးမြို့နယ်၊ပန်းကုံးကျေးရွာ စာသင်ကျောင်း ဖွင့်ပွဲလေးကို တက်ရောက်ပေးဖြစ်ခဲ့ပါတယ်။ ကျက်သရေရှိရှိလှနေတဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာအဆန်ဆုံး ဝတ်ဆင်လာခဲ့ပြီး ယဉ်ယဉ်လေးနဲ့ လှနေလွန်းပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို မျှဝေပေးလိုက်ပါတယ်။


သင်ဇာဝင့်ကျော်ကတော့ မကြာခင်မှာ ရုံတင်ပြသတော့မယ့် “မြမြ” ရုပ်ရှင်ကားကြီးမှာလည်း မြမြ အဖြစ်ပါဝင်သရုပ်ဆောင်ထားတာဖြစ်လို့ သွားရောက်အားပေးလိုက်ပါဦးနော် ပရိသတ်ကြီးရေ။


Source: Thin Zar Wint KYaw