ချစ်ရသူတွေနဲ့အတူ မွေးနေ့ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ညို့အားပြင်းတဲ့အလှနဲ့ အမိုက်စားဘော်ဒီကောက်ကြောင်းကြောင့်လည်း ယောကျာ်းလေး ပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က အသက် ၃၁ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ မွေးနေ့မှာ အလှူအတန်းတွေကို ပြုလုပ်ခဲ့ပြီး ချစ်ရသူတွေနဲ့လည်း ပျော်ပျော်ပါးပါး မွေးနေ့ပွဲကို ကျင်းပခဲ့ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ “ပျော်စရာကောင်းတဲ့မွေးနေ့ညလေးပါ…အားလုံးကိုကျေးဇူးပါရှင်..” လို့ ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

မွေးနေ့ညလေးမှာ အရမ်းကို ပျော်နေတဲ့ သင်ဇာရဲ့ အပျော်တွေ ပရိသတ်တွေဆီကိုလည်း ကူးစက်သွားစေဖို့အတွက် ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာရဲ့ ရှေ့လျှောက်အနုပညာလမ်းခရီးမှာလည်း ဆက်ပြီးတော့ အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

READ
မြန်မာဝတ်စုံလေးတွေနဲ့ နန်းဆန်နေတဲ့ နန်းခင်ဇေယျာ

Source: ThinZar Wint Kyaw

SHARE