ဆံပင်တိုလေးနဲ့ ပိုနုပိုလှ နေတဲ့ သင်ဇာဝင့်ကျော်

Image:fb/Thin Zar Wint Kyaw

သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ညှို့အားပြင်း အလှတွေနဲ့ ပရိသတ်တွေကို အမြဲ ဖမ်းစားတတ်သူလေးပါ။ Sexy ဖက်ရှင်၊ Style မျိုးကို ရွေးချယ်လေ့ရှိသူဖြစ်ပြီး ရဲရဲဝံ့ဝံ့ယုံကြည်မှု ရှိရှိ နဲ့ ၀တ်ပြ လေ့ရှိသူပါ။ မိန်းက လေး ဆန်ဆန်နဲ့  ထူးခြားပြီး ညှို့အားပြင်းတဲ့ သူမရဲ့ အလှကြောင့် ပုရိသ တွေရဲ့ အထူးအားပေးဝန်းရံမှုကို ရထားသူပါ။ ဘယ်လို ဖက်ရှင် ဘယ်လို Style မျိုးနဲ့မဆို လိုက်တဲ့ သင်ဇာကတော့ ပရိသတ်တွေကို ၀ါးခနဲ ဖြစ်သွားလောက် စေမယ့် ပြောင်း လဲမှု ကြီးတစ်ခုကို လုပ်ပြလိုက်ပါတယ်။

Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

ဆံပင်အရှည်လေးနဲ့ အမြဲ နေလေ့ရှိတဲ့ သူမက (၂၀၂၀) မှာ Hair Style ကို လုံးဝ ပြောင်းလဲပစ်လိုက်ပါတယ်။ ဆံပင်အ တို ညှပ်လိုက်တာပါ။ ဆံပင်က သူမရဲ့ အရင် ဆံပင်နဲ့ယှဉ်ရင် တော်တော်လေးကို တိုပစ်လိုက်တာပါ။ (၂၀၂၀)မှာ ဇာတ်ကောင် အတွက်  ထင်မှတ် မထားတဲ့ ပြောင်းလဲမှုလုပ်မယ်လို့ သူမရဲ့ အင်တာဗျူးတွေ မှာ ဖြေခဲ့ဖူးပါတယ်။

READ
Goblin မင်းသားGong Yooရဲ့​ Fan Meeting ကို သွား​ရောက်​ခဲ့တဲ့ ဖိလစ်​ပိုင်​မင်းသမီး​လေး
Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

ပရိသတ်တွေ ကလည်း ဘယ်လို ပြောင်းလဲမှု လဲဆိုပြီး စိတ်ဝင်တစားနဲ့ စောင့်ကြည့်ေ နချိန်မှာပဲ သူမရဲ့ စတိုင်သစ်၊ပုံစံ သစ်ကို ချပြလိုက်တာပါ။ ဆံပင်တိုလေးနဲ့ ပိုနု ပိုလှ နေတဲ့ သင်ဇာကတော့ သူမရဲ့ Fb မှာ ဗီဒီယိုဖိုင်လေးတွေ ကို ဝေမျှလိုက်ပါတယ်။

Image:fb/Thin Zar Wint Kyaw
Image:fb/Thin Zar Wint Kyaw

သင်ဇာရဲ့ ရုပ်ရှင်ကားသစ်ကို မျှော်နေတဲ့ ပရိသတ်တွေ အတွက် သတင်း ကောင်းရှိပါတယ်။ဒါရိုက်တာ ညို မင်းလွင်က ရိုက်ကူး ပုံဖော် ထားပြီး သင်ဇာဝင့်ကျော် ပါဝင် သရုပ်ဆောင်ထားတဲ့ မြမြ ဇာတ်ကား ရဲ့ ရုံတင်ရက်ကို တော့ ကြေညာလိုက်ပါပြီ။ (၂၀၂၀) ဖေဖော်ဝါရီ (၆) ရက်နေ့မှာ ရုံတင်ပြသမှာပါ။

 

Source:Fb/Thin Zar Wint Kyaw

SHARE