မွေ့ယာကြော်ငြာရိုက်ကွင်းမှာတွေ့ရတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်တွေ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေကို ပရိသတ်တွေကို အမြဲချပြလေ့ရှိတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူမကတော့ ဒီကနေ့မှာလည်း ကြော်ငြာရိုက်ကွင်းတစ်ခုက ဓါတ်ပုံတွေကို တင်ပေးထားပါတယ်။

သင်ဇာဝင့်ကျော်ကတော့ Sweety Home မွေ့ယာကြော်ငြာမှာ ပါဝင်ရိုက်ကူးပေးခဲ့တာဖြစ်ပါတယ်။ အမြဲတမ်းဆွဲဆောင်မှုရှိပြီး လှနေတဲ့ သင်ဇာဝင့်ကျော်ကတော့ ကြော်ငြာရိုက်ကွင်းက ပုံရိပ်တွေမှာလည်း အရမ်းကို လှလွန်းနေပါတယ်။

သင်ဇာဝင့်ကျော်ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် မွေယာကြော်ငြာရိုက်ကွင်းက ဓါတ်ပုံတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သင်ဇာဝင့်ကျော်ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ကြပါဦးနော်။

Source: Thin Zar Wint Kyaw

SHARE