မင်းသားသုံးယောက်နဲ့ အပြိုင်ကြဲထားတဲ့ သင်ဇာဝင့်ကျော်ရဲ့ ဇာတ်လမ်းတွဲအသစ်

may barani facebook/myanmar media 7 facebook

ပရိသတ်ရဲ့ အားပေးမှုတွေကို အခိုင်အမာ ရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ကိုယ်ပိုင်ရပ်တည်ချက်တွေနဲ့ အနုပညာလောကမှာ လျှောက်လှမ်းနေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ဆက်တိုက်ရိုက်ကူးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခင်မှာတော့ သင်ဇာဝင့်ကျော်ရဲ့ ဇာတ်လမ်းတွဲအသစ်ကိုလည်း ပရိသတ်တွေ ကြည့်ရတော့မှာဖြစ်ပါတယ်။

thinzar wint kyaw facebook
thinzar wint kyaw facebook

“ဘယ်သူလဲ” ဆိုတဲ့ ဇာတ်လမ်းတွဲမှာတော့ သင်ဇာဝင့်ကျော်နဲ့အတူ ပိုင်တံခွန်၊ချမ်းမင်းရဲထွဋ်နဲ့ နေလင်းရှိန်းတို့ သုံးယောက်က အတူတွဲဖက်ပြီး သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ ဒီဇာတ်လမ်းတွဲထဲမှာ ကောင်လေးသုံးယောက်လုံးရဲ့ သဘောကျခြင်းကို ခံနေရတဲ့ မမအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ထွေလာနဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားမှုပေးနိုင်တဲ့ ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။

ဘယ်သူလဲ Trailer

▶️▶️▶️ပိုင်တံခွန်၊ ချမ်းမင်းရဲထွဋ် ၊ နေလင်းရှိန်း တို့ (၃)ယောက်နှင့် မတ်မတ်သင်ဇာဝင့်ကျော် ဆုံစည်းမှု…… 🔺🔺🔺🔺➡️➡️➡️ ( ၃)ယောက်စလုံးကလည်း မတ်မတ်သင်ဇာ ကိုချစ်တယ်… မတ်မတ်သင်ဇာ ကလည်း (၃)ယောက်စလုံးကို ချစ်နေပြန်တယ်….. 🔺🔺🔺👁👁👁👁 ဒါ့အပြင် ကျွန်မ အနားမှာ တစ်ချိန်လုံး ရှိနေတဲ့ အရိပ်တစ်ခု… 👀👀👀➡️➡️➡️ အဲ့ဒါ …. ဘယ်သူလဲ ? (၃)ယောက်ထဲက တယောက်လာ (ဒါမှမဟုတ် ) တခြားတစ်ယောက်လား ???? ➡️➡️➡️➡️➡️➡️➡️➡️ စက်တင်ဘာ ၁၃ ရက်နေ့မှ စက်တင်ဘာ ၁၉ ရက်နေါအထိ Sky Net Cinema မှာ ကြည့်ရှုနိုင်ပါပြီ…. 🔺🔺🔺🔺🔺🔺🔺Organized by Myanmar Media 7

Posted by Myanmar Media 7 on Tuesday, 10 September 2019

ဒီဇာတ်လမ်းတွဲကိုတော့ စက်တင်ဘာ ၁၃ ရက်နေ့မှ စက်တင်ဘာ ၁၉ ရက်နေ့အထိ Sky Net Cinema မှာ ပြသမှာဖြစ်ပါတယ်။ ပရိသတ်တွေရော မတ်မတ် သင်ဇာနဲ့ ပိုင်တံခွန်၊ချမ်းမင်းရဲထွဋ်၊ နေလင်းရှိန်း တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “ဘယ်သူလဲ” ဇာတ်လမ်းတွဲကို ကြည့်ဖို့ အဆင်သင့်ပဲလား…။

READ
ကိုရီးယားကောင်မလေးတွေ အလုအယက် ၀န်းရံနေတဲ့ ဂျပန်မော်ဒယ်ကောင်လေး
may barani facebook

Source:Thin Zar Wint kyaw /myanmar media 7

SHARE