တစ်စုံတစ်ယောက်ကို လွမ်းနေတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

မြန်မာနိုင်ငံရဲ့ နာမည်ကျော် မင်းသမီးတွေထဲက တစ်ဦးဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ သူမရဲ့ ဆွဲဆောင်မှုရှိပြီး ညှို့အားပြင်းတဲ့ အလှကြောင့် ပရိသတ်တွေကြားမှာ နာမည်ကြီးသူတစ်ယောက်ဖြစ်ပါတယ်။ အမိုက်စား ဘော်ဒီအလှကို ပိုင်ဆိုင်ထားတဲ့ သင်ဇာဝင့်ကျော်ဟာ ပုရိသတွေရဲ့ အသည်းစွဲမင်းသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ပတ္တရား ကမ်းခြေကို ရောက်ရှိနေပါတယ်။

နေ့စဉ်ဘဝပုံရိပ်လေးတွေကို ဖေ့စ်ဘုတ်ပေါ်မှာ အမြဲတင်ပေးတတ်တဲ့ သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာလည်း ဓါတ်ပုံလေးတွေကို ထပ်တင်ပေးထားပါသေးတယ်။ Caption က “Miss u someone 🖤💛🖤” လို့ ရေးပြီး ဓါတ်ပုံလေးတွေကို တင်ပေးထားတာဖြစ်ပါတယ်။ အဝါရောင် ကိုယ်ကြပ်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ သင်ဇာဝင့်ကျော်ရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Thinzar Wint Kyaw

SHARE