“သူဘယ်သူလဲ”ရိုက်ကွင်းက ပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားတဲ့သူတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း အမျိုးသမီးသရုပ်ဆောင်တွေထဲကတစ်ယောက်ဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေတာဖြစ်ပါတယ်။ သူမကတော့ ပိုင်တံခွန်နဲ့အတူ “သူဘယ်သူလဲ” ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးနေတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ဒီကနေ့မှာ “သူဘယ်သူလဲ” ရုပ်ရှင် ရိုက်ကွင်းက ပုံရိပ်တွေကို မျှဝေပေးလိုက်တာဖြစ်ပါတယ်။ ရိုက်ကွင်းပုံရိပ်တွေကို ကြည့်ရုံနဲ့တင်  စိတ်ဝင်စားစရာကောင်းနေတာကို တွေ့ရမှာပါ။

သင်ဇာဝင့်ကျော်နဲ့ ပိုင်တံခွန်တို့ကလည်း အတွဲညီညီနဲ့ သရုပ်ဆောင်ထားကြတာ တော်တော်လေးကို ကြည့်လို့ကောင်းမယ့်ပုံပါပဲ။ သင်ဇာကလည်း အမိုက်စား အက်ရှင်တွေ အရမ်းကို မိုက်လွန်းနေပါတယ်။ “သူဘယ်သူလဲ”ရဲ့ ရိုက်ကွင်းပုံရိပ်တွေကို ကြည့်လိုက်ပါဦးနော် ပရိသတ်ကြီးရေ။

Source: Thin zar Wint Kyaw

SHARE