၂၀၁၉ အတွက် ဖြစ်ချင်တာလေးတွေကို ပရိသတ်တွေကို ပြောလာတဲ့ သင်ဇာဝင့်ကျော်

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရ၇ှိထားတဲ့ သရုပ်ဆောင်၊မင်းသမီးတစ်ယောက်ဖြစ်တဲ့ သင်ဇာဝင့်ကျော်ကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းဆောင်ရွက်နေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ညို့အားပြင်းတဲ့ အလှပိုင်ရှင်ဖြစ်တာကြောင့် ပုရိသ ပရိသတ်တွေကြားမှာ ကျော်ကြားတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။

၂၀၁၉ ခုနှစ် ရဲ့ အစမှာတော့ သင်ဇာဝင့်ကျော်က သူဖြစ်ချင်တဲ့ ဆန္ဒတွေကို ပရိသတ်တွေကို ဖွင့်ပြောလာတာဖြစ်ပါတယ်။ သူမကတော့ “2019 မှာ အလုပ်တွေပိုလုပ်မယ်, အားကစားလဲပိုလုပ်မယ်,အိပ်ချိန်စားချိန်မှန်အောင်ကြိုးစားမယ်, ချစ်တဲ့သူတွေကိုအချိန်ပိုပေးမယ်,အပျော်အပါးလျှော့မယ်… ဖြစ်ချင်တာလေးတွေပြောကြည့်တာ … အမွှေပေါ့… ဒါပေမဲ့ကြိုးစားပြီးလုပ်ပါ့မယ် လို့စ်!! ” လို့ရေးထားပြီး ဆွဲဆောင်မှုရှိရှိလှနေတဲ့ ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ကတော့ ၂၀၁၈ ခုနှစ်မှာလည်း လူပြောအများဆုံးနဲ့ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်အကြီးဆုံး အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာလည်း သင်ဇာတစ်ယောက် ပရိသတ်တွေကြားမှာ ဘယ်လိုမျိုး ရေပန်းစားဦးမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။

READ
ပြန်ခွဲစိတ်ပြီး အရင်ပုံပဲ နေတော့မယ်လို့ ဆိုလာတဲ့ သုသု

SOurce: thin zar Wint Kyaw

SHARE