Steve Jobs ရဲ့ သမီးချောလေး Eve Jobs အကြောင်း

Image:IG/Eve Jobs

Eve Jobs  က တော့ Steve Jobs ရဲ့ အငယ်ဆုံး သမီးလေးပါ။Apple ရဲ့ ဖခင်ကြီး လို့ ပြောလို့ ရတဲ့ ကွယ်လွန်သွားတဲ့ Steve Jobs နဲ့ Laurene Powell တို့ရဲ့ သမီးလေးပါ။သူတို့ နှစ်ယောက်မှာတော့ Reed Jobs ဆိုတဲ့ သား နဲ့ Erin Sienna Jobs ဆိုတဲ့ သမီး လည်းရှိပါတယ်။ Laurene Powell က တော့ အမေရိကန် စီးပွား ရေးလုပ်ငန်းရှင် အမျိုးသမီး ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ချမ်းသာ ပါတယ်။ချမ်းသာကြွယ်ဝတဲ့ မိဘ နှစ်ပါးရဲ့ သမီးငယ်လေး Eve Jobs ရဲ့ အကြောင်းကိုတော့ hollywoodlife မှာ အခုလို ဖော်ပြထားပါတယ်။

မြင်းစီးရတာကြိုက်

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

ဒါက တော့ ချမ်းသာတဲ့ မိသားစုအသိုင်းအ၀ိုင်းက ဆင်းသက်လာ တိုင်းလိုလို ရဲ့ ၀ါသနာပါ။ Eve Jobs   ကလည်း မြင်းစီးရတာ အရမ်းကြိုက်သူပါ။ Stanford University ကို တက်ရောက် ခဲ့သူပါ။သူမရဲ့ ဆိုရှယ်မီဒီယာ ပေါ်မှာ တော့ ပွဲ တော်က ပုံတွေ၊မြင်းစီးတဲ့ ပုံတွေ အများကြီး တင်ထားပါတယ်။ သူမက တော့ ၂၀၁၇ မတ် အတွက် Show Jumping Hall Of Fame Rider of the Month အဖြစ် သတ်မှတ်ခံခဲ့ရသူပါ။မြင်းစီးရတာကို ကြိုက်သလို ဂုဏ် ယူ သူပါ။ Show Jumping Hall of Fame  ရဲ့ ဥက္ကဌ ဖြစ်တဲ့ George Morris က တော့ Eve Jobs က Rider of the Month for March ဆိုပြီး သတ်မှတ်ခံရတဲ့ အပေါ် ဂုဏ်ယူ ကြောင်း ပြောခဲ့ပါတယ်။Eve က မြင်းစီးကျွမ်းသူ ဖြစ်ပြီး ဆက်ပြီး အောင်မြင်ပါ စေလို့ မျှော်လင့် ကြောင်းပြောခဲ့ပါတယ်။

READ
ဖိနပ်ကြော်ငြာတစ်ခုမှာ အတူတွဲသရုပ်ဆောင်ခဲ့တဲ့ X-Box နဲ့ စိုးပြည့် သဇင်

တခြား နာမည်ကြီးတွေရဲ့ သမီးတွေ နဲ့ လည်း ယှဉ်ပြိုင်နိုင်

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

Eve က တော့ တခြား နာမည်ကြီး တွေ ရဲ့ သမီးတွေ နဲ့ လည်း ကောင်းကောင်းကြီးယှဉ်ပြိုင်နိုင်သူပါ။Bill နဲ့ Melinda Gates တို့ ရဲ့ သမီး Jennifer Gates ၊ Bruse Springsteen ရဲ့သမီး Jessica Springsteen  ၊Steven Spielberg နဲ့ Kate Capshaw  ရဲ့ သမီး Destry Spielberg  တို့ပါ ပြိုင်ပွဲမှာ ပါဝင်ခဲ့ပါတယ်။သူတို့ အားလုံးကိုပါ  ယှဉ်ပြိုင်အနိုင်ရခဲ့တာပါ။

မော်ဒယ်

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

သူမက သူဌေးသမီး တစ်ယောက် တင် မဟုတ်ပါဘူး။မော်ဒယ် တစ်ယောက် အဖြစ် ပါ အောင်မြင် မှု ရထားသူပါ။မကြာခဏ ဆိုသလို Pose ပုံစံ မျိုးစုံ နဲ့ သူမရဲ့ ပုံတွေ ကို သူမရဲ့ အကောင့်မှာ ဝေမျှ လေ့ရှိပါတယ်။ဘယ်လို Pose အမိုက်စားတွေ နဲ့ သူမရဲ့ Follower တွေ ကို ကောင်းကောင်း ဆွဲဆောင်ရမလဲ ဆိုတာကို သေချာ သိသူပါ။

READ
ကမ်းခြေမှာ အပန်းဖြေနေတဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ နွယ်နွယ်ထွန်း

Steve ပြောတဲ့ သူမရဲ့ ပုံစံ

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

Eve အပေါ် သူမ အဖေ Steve က ဘယ်လို မြင်လဲဆိုတာ ကို Walter Issacson ရဲ့ Steve Jobs ဆိုတဲ့ စာ အုပ်ထဲမှာ ထည့်ရေးထားပါတယ်။ Eve က ပစ္စတို လေး၊တွေ့ဖူးသမျှ ကလေးတွေထဲမှာတော့ စိတ်အပြင်းဆုံးကလေးပဲ လို့ Steve Jobs  ကပြောခဲ့ဖူးပါတယ်။

အချစ်ရေး

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

အသက် ၂၇ နှစ်အရွယ် ချစ်သူ Harry Hudson နဲ့ အတူ စုံတွဲ ပုံကိုတော့ ဇန်န၀ါရီ ၂၃ ရက်နေ့က သူမရဲ့ အကောင့်မှာ ဝေမျှ ခဲ့ပါတယ်။ဒီလို နှစ်ယောက် တွဲ ပုံ တင်တာ ဒါပထမဆုံးပါ။ Harry Hudson  က တော့ Kylie Jenner ရဲ့ သူငယ်ချင်းဖြစ်ပြီး folk-pop singer, ပါ။အသက် ၂၀ တုန်းက ကင်ဆာ ရောဂါ ခံစားခဲ့ ရပါတယ်။ chemotherapy ကုသမှု ခံယူပြီး နောက်မှာ တော့ ပြန်ကျန်းမာလာခဲ့တာပါ။ Eve ရဲ့ စုံတွဲ ပုံအောက် မှာတော့ သူတို့ အတွဲကို အားပေးကြောင်း ထောက် ခံတဲ့ Comment တွေ ၀င်ရေးခဲ့ကြပါတယ်။

 

View this post on Instagram

 

A post shared by Eve Jobs (@evecjobs)

#SHWEMOM

SHARE