သားတွေကို ဖခင်တွေ မဖြစ်မနေ သင်ပေးထားသင့်တဲ့ အရာများ

သားရှိတဲ့ ဖခင်တွေအနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အိမ်ရှင်မတစ်ယောက်တည်းကိုပဲ အားကိုးလို့မရပါဘူး။ သားယောက်ျားလေးကို ယောက်ျားပီသစေဖို့၊ တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိတဲ့ စိတ်ဓာတ်နဲ့ ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်စေ
ဖို့အတွက် ဖခင်တွေမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ဖခင်တွေ မဖြစ်မနေ သားကို သင်ပေးထားသည့်တဲ့ အရာတွေကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) အောင်မြင်မှု ရှုံးနိမ့်မှု

လူတစ်ယောက်ရဲ့ဘ၀မှာ လူမှုရေးနဲ့ဆိုင်တဲ့ တိုက်ပွဲတွေ၊ စာမေးပွဲတွေ၊ ပြိုင်ဆိုင်မှုတွေကို ယှဉ်ပြိုင်တဲ့အခါမှာ အာင်မြင်မှု ရှုံးနိမ့်မှုစတဲ့ ရလာဒ်တွေ မဖြစ်မနေ ကြုံရမှာပါ။ အောင်မြင်မှုတစ်ခုတည်းနဲ့ ဘ၀လို့ ခေါ်လို့မရသလို၊ ရှုံးနိမ့်မှုတစ်ခုကလည်း ဘ၀တစ်ခု ပျက်ပြားစေသည်အထိ စွမ်းအားမရှိပါဘူး။ ဒါကြောင့် သားဖြစ်သူကို အောင်မြင်တဲ့အခါ ဘယ်လိုသဘောထားရ မလဲ၊ ရှုံးနိမ့်တဲ့အခါ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ဖခင်က သင်ပေးထားရမယ့် အချက်ပါ။

(၂) အမျိုးသမီးတွေအပေါ် ထားရှိရမယ့်သဘောထား

သင့်သားငယ် အရွယ်ကလေးရလာလို့ အလယ်တန်းကျောင်းသားလောက် ဘ၀ကို ရောက်ပြီဆိုရင် ဆန့်ကျင်ဘက်လိင်ကို စတင်စိတ်ဝင်စားနေပြီလို့ ဆိုလို့ရပါတယ်။ ဒီလိုအချိန်မျိုးမှာ သားအဖနှစ်ယောက် ပွင့်ပွင့်လင်းလင်း ထိန်းမက်ပြီး၊ ဘယ်လိုအရွယ်မှာ ရည်းစားထားသင့်တယ်၊ အမျိုးသမီးတွေကို စာနာသနားဖို့နဲ့၊ ယောက်ျားတစ်ယောက် စောင့်ထိန်းရမယ့် တာဝန်နဲ့ဝတ္တရားတွေကို သိရှိနားလည်အောင် ပြောထားသင့်တဲ့အချိန်ပါ။

READ
ယောက်ျားတစ်ယောက်ကို စွဲဆောင်မှုရှိစေတဲ့အချက်(၆)ချက်

(၃) အမျိုးသမီးတွေအပေါ် ထားရှိရမယ့်တန်ဖိုး

မိမဆုံးမ ဖမဆုံးမ-ဆိုတဲ့စကားက အပြင်မှာလည်း တူညီတဲ့အဖြစ်တွေ ရှိပါတယ်။ အပြင်မှာ ကောင်မလေးတစ်ယောက်ကို ဗိုက်တစ်လုံးနဲ့ ထားခဲ့တဲ့ကောင်တွေရဲ့ ဘက်ဂရောင်းကို လိုက်ပြီး စုံစမ်းကြည့်ရင် တကယ်လည်း အဲဒီကောင် မိဘရဲ့ ဆိုဆုံးမခြင်း ကောင်းကောင်းမွန်မွန် မခံခဲ့ရကောင်ဆိုတာ အဖြေထွက်ပါလိမ့်မယ်။ ဒီတော့ ကိုယ့်သားကိုလည်း အမျိုးသမီး တွေကို ဘယ်လိုတန်ဖိုးထားရမယ်၊ စောင့်ရှောက်ကာကွယ်ရမယ်ဆိုတာ သင်ကြားပေးထားရပါမယ်။

(၄) မှန်ကန်သောသတ္တိ

မှန်ကန်သော သတ္တိထားတတ်ဖို့လည်း သင်ပေးရပါမယ်။ မင်းကို ထိုးတဲ့ကောင်ကို ပြန်ထိုးခဲ့စမ်းဆိုပြီး လူမိုက်အားပေး၊ အကြမ်းဖက်မှု အားပေးတဲ့ လွဲမှားတဲ့ ဖခင်မျိုး မဖြစ်ဖို့လိုပါတယ်။ ဒါပေမယ့် အရေးနဲ့အကြောင်းဆို ဆော်ပလော်တီးဖို့အ တွက် ကရာတေး/ဂျူရိုလိုဟာမျိုးတော့ သင်ပေးထားရပါမယ်။ တကယ်တော့ မှန်ကန်သော သတ္တိဆိုသည်မှာ မိမိလုပ်သမျှ အရာတိုင်းကို တရားဖြင့်သာ လုပ်လေ့ရှိပြီး၊ တာဝန်ယူမှုတာဝန်ခံမှု၊ သစ္စာရှိမှု၊ အမှန်တရားကို မြတ်နိုးမှု စတာတွေ ဖြစ်ပါတယ်။

(၅) ကိုယ်ပိုင်ခြေထောက်ပေါ် ရပ်တည်လိုစိတ်

ယောက်ျားဆိုတာ သဘာဝအားဖြင့်တော့ ကျားကျားယားယား ဖြစ်ကိုဖြစ်နေရပါမယ်။ ပျင်းရိရေသာခိုစိတ်ကို အလုပ်ကို အလိုက်တသိနဲ့လုပ်တတ်တဲ့ စိတ်ဓာတ်မျိုးဖြစ်အောင် စည်းရုံးပေးရပါမယ်။ ကမ္ဘာပေါ်မှာ ကျက်သရေအယုတ်ဆုံး  ယောက်ျားကို ပြပါဆိုရင် ယောက်ျားဖြစ်ပြီး သူများအားကိုး လက်ကြောမတင်းတဲ့သူကို လက်ညှိုးထိုးသာ ပြလိုက်ပါ။ ကိုယ့်သားတော့ ဒီလိုလူ မဖြစ်စေနဲ့။

READ
အမျိုးသားတွေရဲ့ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း(၈)ခု

(၆) စီမံခန့်ခွဲခြင်း

စီမန်ခန့်ခွဲခြင်းအတတ်ပညာဆိုတာ လူ ရယ်လို့ ဖြစ်လာတဲ့သူတိုင်းမှာ လိုအပ်ပါတယ်။ ပုရွက်ဆိတ်တွေဟာ နွေနဲ့ဆောင်း မှာ အစာစုတယ်ဆိုတာ သူတို့ရဲ့ ဘ၀ပေးအသိပညာကနေ ပါတဲ့ စီမံခန့်ခွဲမှုပညာရပ်ပါ၊ ဒီလိုပဲ လူမှာလည်း ငွေကြေး၊ စည်းစိမ်ဥစ္စာ၊ လူမှုရေးကျင့်ဝတ်၊ ပရိဘောဂ၊ အချစ်ရေး၊ အိမ်ထောင်ရေး စတဲ့ ဘ၀အလိုက် မတူညီတဲ့စီမံခန့်ခွဲမှုတွေ ကြုံရမှာ ဖြစ်ပါတယ်။ ဒါကို ကောင်းကောင်း သင်ပေးထားဖို့ လိုပါတယ်။

(၇) နှုတ်မှုလက်မှု အတတ်ပညာ

သင့်မှာ တတ်ထားတဲ့ နှုတ်မှုလက်မှု အတတ်ပညာတွေကို သားဖြစ်သူကို အကုန်လုံး လက်ဆင့်လွှဲပြောင်းခဲ့ဖို့က သင့်တာဝန်ဖြစ်ပါတယ်။ ရေပိုက်ပေါက်တာလောက်နဲ့ အခပေးရတဲ့ ၀န်ဆောင်မှုဆီကို ဖုန်းမခေါ်စေဖို့ ရေပိုက်ဖာနည်း၊ ရေပိုက်ပြင်နည်း သင်က သင်ပေးလိုက်ဖို့ လိုပါတယ်။ ဒီလိုပဲ အခြားအတတ်ပညာတွေကိုလည်း သူ သိရှိနားလည်အောင် သင်ပေးဖို့က သင့်တာဝန်သာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : brightside.me

SHARE