ယနေ့ခေတ်ကမ္ဘာရဲ့ စိတ်ဝင်စားဖွယ် ခေတ်ရှေ့ပြေးတီထွင်မှုများ

အရင်တုန်းက စိတ်မှန်းနဲ့ပဲ မျှော်လင့်ခဲ့ရတဲ့ အရာတော်တော်များများကို အခုခေတ်မှာ တီထွင်ဖန်တီးနိုင်ခဲ့ပါပြီ။ နည်းပညာရဲ့ အကူအညီနဲ့ တချို့ပစ္စည်းတွေကို အောင်မြင်တဲ့အထိ ဖန်တီးထုတ်လုပ်နိုင်ပြီးဖြစ်ပေမယ့် အချို့ကတော့ စမ်းသပ်ဆဲ ကာလမှာပဲ ရှိပါသေးတယ်။ အောက်ဘက်မှာတော့ ယနေ့ခေတ်ကမ္ဘာရဲ့ ဖွံ့ဖြိုးတိုးတက်လာတဲ့ နောက်ဆုံးပေါ် နည်းပညာဒီဇိုင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စမတ်အိပ်ရာ

© Hi-Interiors/facebook

စမတ်အိပ်ရာဟာ အိပ်စက်သူရဲ့ ကိုယ်ခန္ဓာတွင်း ဇီဝလှုပ်ရှားမှုဖြစ်စဉ်တွေကို စောင့်ကြည့်ပေးပါတယ်။ ခန္ဓာကိုယ်အရွယ်အစားပေါ် မူတည်ပြီး မွေ့ယာရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲပေးပါတယ်။ ဥပမာ ကိုယ်က ဟောက်နေတယ်ဆိုရင် လူကို မနိုးစေဘဲ ဟောက်တာရပ်အောင်လို့ အိပ်ရာက ခေါင်းပိုင်းနေရာကို မသိမသာလေးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အိပ်ရာမှာ စမတ်အချက်ပေးနာရီလည်း ပါပြီး လူက အိပ်ရေးဝလို့ အားပြည့်နေပြီဆိုရင် အိပ်ရာက ထဖို့ စမတ်နာရီက နှိုးပေးသွားမှာ ဖြစ်ပါတယ်။

ကလေးထိန်းစက်ရုပ်

© Igor Jankovic/Ferrari Press/East News

ကလေးထိန်းစက်ရုပ်ဟာ ကလေးငိုသံကို နားလည်သိရှိနိုင်ပြီး မိဘတွေကို ကလေးဆီ အမြန်ဆုံးလာဖို့ အကြောင်းကြားနိုင်ပါတယ်။ ကလေးငိုနေရင် တေးဂီတသံနဲ့ နှစ်သိမ့်ပေးနိုင်သလို ပုံပြင်တွေလည်း ပြောပြနိုင်ပါတယ်။ ကလေးတွေဟာ စက်ရုပ်ကို စီးပြီး သွားလာနိုင်ပါတယ်။ မျက်နှာတွေကို မှတ်သားတာ၊ လေသန့်ပေးတာ၊ အခန်းအပူချိန် ညှိပေးတာ၊ မိဘတွေကို ကလေးတွေရဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ပို့ပေးတာမျိုးတွေကို ကလေးထိန်းစက်ရုပ်က လုပ်ဆောင်နိုင်ပါတယ်။ စက်ရုပ်ဟာ သူ့ဘာသာသူလည်း အားသွင်းနိုင်ပါသေးတယ်။

READ
နေရာမကောင်းပေမယ့် ပုံကောင်းရအောင် ရိုက်နိုင်တဲ့ ဓာတ်ပုံဆရာမလေးရဲ့လက်ရာများ

စမတ်နားကြပ်

© Yoshio Tsunoda/AFLO/EAST NEWS

Sony က ထုတ်လုပ်တဲ့ စမတ်နားကြပ်တွေဟာ နားလမ်းကြောင်းကို ပိတ်ဆို့မထားပါဘူး။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ပြောနေဆိုနေတဲ့ အသံတွေကိုပါ ကြားရမှာဖြစ်ပါတယ်။ ဒါ့အပြင် စမတ်နားကြပ်ကနေ ရာသီဥတု၊ သတင်းနဲ့ text message တွေရဲ့ အကြောင်းကိုပါ နားထောင်နိုင်မှာ ဖြစ်ပါတယ်။

စက်ရုပ်ကြောင်

© Yonsei University and KAIST Univ/Ferrai Press/East News

ကလေး၊ လူကြီး မရွေးအသုံးပြုနိုင်တဲ့ စက်ရုပ်ကြောင်ဟာ အထီးကျန်တဲ့သူတွေအတွက် တီထွင်ထားတာပါ။ စက်ရုပ်ကြောင်ရဲ့ နာမည်က Fribo ဖြစ်ပါတယ်။ Fribo ဟာ ၄င်းရဲ့ ပိုင်ရှင်ကို အထူးပြုလုပ်ထားတဲ့ group chat တစ်ခုကနေတဆင့် ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေဆီ ဆက်သွယ်စေနိုင်မှာပါ။ ဥပမာ စက်ရုပ်ကြောင်ရဲ့ ဘေးနားက စားပွဲခုံကို နှစ်ချက်လောက် ပုတ်လိုက်ရုံနဲ့ Fribo က ပိုင်ရှင်ရဲ့ သူငယ်ချင်းတွေဆီကို ဘာလုပ်နေလဲဆိုတဲ့ message ချက်ချင်းပို့ပေးမှာ ဖြစ်ပါတယ်။

READ
သင်မသိသေးတဲ့ အဲလိဇဘက် ဘုရင်မကြီးရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်အလက်များ

ထုချွန်ဝိုင်းပုံ ကွန်ပြူတာ မောက်စ်

© Inyeop Baek/Ferrari Press/East News

၎င်းမောက်စ်အမျိုးအစားကို ကိုရီးယားဒီဇိုင်နာ Inyeop Baek က ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ မောက်စ်ရဲ့ ဒီဇိုင်းက လူတွေရဲ့ လက်ကို ပုံမှန်အနေအထားအတိုင်း ဖြစ်စေတာကြောင့် လက်ကောက်ဝတ်အကြောတွေကို အနာတရ မဖြစ်စေပါဘူး။ ဒီအချက်ကလွဲလို့ ကျန်တဲ့အရာအားလုံးကတော့ သာမန်ရိုးကျမောက်စ်အတိုင်းပဲ ဖြစ်ပါတယ်။

မုတ်ဆိတ်ပုံသွင်းစက်

© Beardclass/Ferrari Press/East News

မုတ်ဆိတ်ထားချင်ပေမယ့် ဆိုင်သွားပြီး ခဏခဏပုံသွင်းရတာကို အလုပ်ရှုပ်တယ်လို့ ထင်တဲ့ အမျိုးသားတွေအဖို့ စီမံဖန်တီးထားတဲ့ ပုံသွင်းစက်ပါ။ ဘယ်လောက်ပဲ မုတ်ဆိတ်ရှည်ရှည်၊ ဘယ်လို မုတ်ဆိတ်ပုံစံမျိုးပဲဖြစ်ဖြစ် ပုံပန်းကျနပြီး သပ်ရပ်သွားအောင် အကူအညီပေးနိုင်တဲ့ စက်တစ်မျိုးဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Brightside

SHARE