သ၀န်တိုတဲ့အခါ ကောင်မလေးတွေ လုပ်တတ်တဲ့အရာများ

ကောင်မလေးတွေက ကောင်လေးတွေထက်ပိုပြီး သဝန်တိုတတ်ကြတာ အားလုံးသိပြီးသားဖြစ်မှာပါ။ သူတို့တွေက သူတို့ ချစ်သူကို အခြားကောင်မလေး ကြည့်ရင်တောင် သိပ်ကြိုက်ကြတာမဟုတ်ပါဘူး။ တစ်ခါတစ်လေ မိန်းကလေးချင်း ဘယ် ခြေလှမ်းလှမ်းနေတယ်ဆိုတာကို သိပြီး သဝန်လည်း တိုတတ်ကြပါသေးတယ်။ တစ်ခါတစ်လေကျတော့လည်း လိုအပ်တာထက်ပိုပြီး တွေးကာ ဝန်တိုကြောင့်ကြတတ်ကြပါတယ်။

(၁) ဖုန်းကို ခိုးဖွင့်တယ်။

ရရင်ရင်သလို ဖုန်းကိုခိုးဖွင့်ကြည့်လိမ့်မယ်။  တစ်ခါတစ်လေ ပေါ်တင်လည်း ကြည့်လိမ့်မယ်။ SMS Message တွေ၊ Facebook Messneger တွေ၊ ဓာတ်ပုံ Gallarey တွေ အမြန်စစ်မယ်။ မသင်္ကာစရာတွေ့ရင်တော့ သေပြီဆရာပဲ။ မှန်သည်မှားသည် ခဏထားအုံး…စရစ်တာတော့ ခံရတော့မယ်။

(၂) အကောင့်အတုနဲ့အီစီကလီလုပ်မယ်။

အကောင့်အတုတစ်ခုဖွင့်ပြီး အွန်လိုင်းမှာ သင့်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေလိမ့်မယ်။ အီစီကလီ လာလုပ်ရင်လည်း လာလုပ်ကြည့်လိမ့်မယ်။ သွားပြီးတော့ ပြန်ပြီး အီစီကလီလုပ်ရင်တော့ သွားပြီပဲ…

(၃) ဖုန်းနဲ့လှမ်းပြီး Checkမယ်။

READ
သိပ်ချစ်ကြတဲ့စုံတွဲတွေSocial Mediaပေါ်မှာ ခဏခဏ ပို့စ်မတင်သည့်အကြောင်းအရင်း

ဘယ်ရောက်နေပြီလဲ…ဘယ်သူနဲ့လဲ…ဘယ်တော့ပြန်လာမှာလဲ…စသဖြင့် ခဏခဏ ဆက်လိမ့်မယ်။ တစ်ခါတစ်လေ အရမ်းသဝန်တိုလွန်းရင် နောက်ယောင်ခံတောင် လိုက်လိမ့်မယ်။ ပြီးမှ ရုပ်တည်ကြီးနဲ့ ဘယ်ရောက်နေလဲတို့ ဘာတို့ မေးလိမ့်မယ်။ လိမ်မိရင်တော့….

(၄) အခြားကောင်မလေးတွေ မကပ်အောင် ပညာပြတယ်။

လူမှုကွန်ယက်မှာ သင်ဟာ သူ့ရည်းစားဖြစ်ကြောင်း ပေါ်ပေါ်တင်တင်ပြလိမ့်မယ်။ သင့်ကို သူပိုင်ထားကြောင်း ပြလိမ့်မယ်။ ပို့စ်တွေအောက်တိုင်းမှာလည်း လိုက်မန့်ချင်မန့်လိမ့်မယ်။ အလိမ္မာနည်းနဲ့ ပိုင်ရှင်ဖြစ်ကြောင်း ပြမယ်။ မရရင် ကြမ်းချင် ကြမ်းလိမ့်မယ်။ အခြေအနေအရမ်းဆိုးရင် အွန်လိုင်းမှာပဲ အရှက်ခွဲလိမ့်မယ်…ကြောက်ရတယ်…မဖြစ်အောင် ကိုယ့်ဘာသာ အနေအထိုင် ဆင်ခြင်ကြနော်…

(၅) အိမ်ပြန်နောက်ကျရင် ဒေါသထွက်နေပြီ။

ဘာကြောင့်ပဲ နောက်ကျနောက်ကျ သူဒေါသထွက်နေလိမ့်မယ်။ သင်အမှန်အတိုင်းပြောတာတောင် သူ့မှာ သံသယတွေ များစွာရှိနေလိမ့်မယ်။ ဘယ်သူနဲ့တွေ့နေတာလဲ..ဘာလို့ အဲ့လောက်ကြာနေတာလဲ…စသဖြင့်မေးလိမ့်မယ်။

(၆) ငွေအဝင်အထွက် စစ်လိမ့်မယ်။

ငွေသုံးကြမ်းနေတာတွေ ဘာတွေ သင့်မှာရှိလာပြီဆို သူစိတ်ဝင်စားလာလိမ့်မယ်။ ငွေမက်လို့တော့မဟုတ်ဘူး။ အဲ့ဒီငွေတွေ ဘယ်ရောက်နေလဲသူသိချင်တာ။ ဘယ်ကောင်မအတွက် သုံးနေတာလဲ…KTV က ကောင်မကို ပေးနေတာလား စသဖြင့် သင့်ကိုမေးခွန်းများစွာ မေးလိမ့်မယ်။

SHARE