သင်သိဖို့ကောင်းတဲ့ ကောင်မလေးတွေရဲ့အထာများ

ချစ်သူမရှိသေးတဲ့ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီးအတွက် အမျိုးသမီးတွေရဲ့ အထာလေးတွေကို လက်ဆောင်
ပေးလိုပါတယ်။ အောက်မှာ ဖော်ပြထားတာတွေကတော့ အမျိုးသမီးတွေက အမျိုးသားတွေကို သိစေချင်တဲ့ သူတို့ရဲ့အမူအကျင့်လေးတွေအကြောင်းဖြစ်ပါတယ်။

(၁) တစ်ခုခုပြောချင်တဲ့အခါ အာရုံစိုက်စေလိုတယ်

အမျိုးသမီးတော်တော်များများဟာ သူပြောတဲ့စကားကို ဘယ်သူမှ ဂရုမစိုက်တောင် သူ့ကိုချစ်တဲ့သူ သူချစ်တဲ့သူတွေက
ဂရုစိုက်တာမျိုး လိုချင်ကြပါတယ်။ ဒီတော့ သူတို့ မေတ္တာကို လိုချင်ရင် အနည်းဆုံးတော့ သူတို့ပြောသမျှကို မညည်းမငွေ့
နားထောင်နိုင်ရပါမယ်။

(၂) အထအန ကောက်တတ်တယ်

အထအန ကောက်ပုံကောက်နည်းကတော့ အမျိုးမျိုးရှိပါတယ်။ အကြောင်းမရှိ အကြောင်းရှာပြီး စိတ်ဆိုးစိတ်ကောက်
လုပ်တတ်တာမျိုးတွေလည်း အဲဒီထဲမှာပါပါတယ်။ ဥပမာအားဖြင့် မိန်းကလေးက I love you လို့ မက်ဆေ့ပို့တယ်။ ကိုယ့်
ဘက်ကလည်း Me too ဆိုပြီး စာပြန်လိုက်တယ်။ သူတို့စိတ်ကောက်ချင်ရင် ကြည်ပါလား … ချစ်တယ်ဆိုတာတောင် အ
ပြည့်အစုံပြန်မရေးပဲ ရေသာခိုတယ်-ဘာညာ ဖြစ်သွားတတ်ပါတယ်။

(၃) သဘာဝအရ မ၀ံ့မရဲဖြစ်တတ်တာလေးတွေ နားလည်ဖို့လိုတယ်

သူတို့တစ်တွေဟာ အမျိုးသားတွေထက်စာရင် ပွင့်လင်းမှု နည်းပါတယ်။ ဒါကို နားလည်ထားဖို့ လိုပါတယ်။ တစ်နည်းပြော
ရရင် သူတို့စိတ်ထဲ ကြိုက်နေရင်တောင်မှ နည်းနည်းလေးတော့ မူလိုက်ရမှာ ကျေနပ်တာမျိုးပါ။ ဒါကို နားမလည်ရင်
လည်း ကိုယ့်လူ ကျွတ်ဖို့လမ်းမမြင်ဘူးပေါ့ဗျာ။

READ
ကောင်မလေးတွေကသင့်ကိုမနှစ်သက်ရခြင်း အကြောင်းရင်း(၈)ခု

(၄) ဂရုမစိုက်မှာကို စိုးရိမ်တယ်

သူတို့ဟာ သူတို့ကို ဂရုစိုက်နေကျလူတွေရဲ့ ဂရုစိုက်မှုကို အမြဲလိုလို ခံယူချင်ပါတယ်။ အနည်းဆုံးတော့ သူချစ်ရတဲ့ ချစ်သူ
ရဲ့ လစ်လျှူရှုခံရမှာကို အကြောက်ဆုံးပါဘဲ။ အဲဒီလိုအချိန်ဆိုရင် အသဲကို ဓားနဲ့ပါးပါးလှီးနေတာမျိုးကမှ အခံရသက်သာဦး
မယ် တွေးတဲ့သူမျိုးတွေပါ။

(၅) ထိန်ချန်ခြင်းဟာ ဖောက်ပြန်ခြင်းနဲ့အတူတူပါဘဲ

နောက်တစ်ခုက သူတို့ကို တစ်ခုခု မပြောဘဲ လျှိုဝှက်ထားခြင်းဟာ အဲဒီတစ်ခုခုကို သူတို့သိသွားတဲ့နေ့မှာ သင် နောက်မီး
လင်းလို့ ပြဿနာရှာတဲ့ ဒီကရီထက် မလျှော့စေရပါဘူး။ သူတို့ကို တစ်ခုခု ထိန်ချန်ထားခြင်းဟာ အခြားမိန်းမနဲ့ ဖောက်ပြန်
ခြင်းနဲ့ အတူတူပါဘဲ။

(၆) မိဘနဲ့ စတင်မိတ်ဆက်ပေးစေချင်ကြတယ်

ချစ်သူဖြစ်ပြီဆိုရင် သူတို့ကိုယ်တိုင်က မောင်ရယ် မောင့်အိမ်ကို လိုက်လည်ချင်လိုက်တာ-လို့ ဘယ်တော့မှ ပြောမှာ
မဟုတ်ပါဘူး။ သင်က အလိုက်တသိ ခေါ်ရင်တောင် ဟိုဒင်း ဒီဒင်းနဲ့ မူနေဦးမှာပါ။ ဒါကလည်း မစိုးရိမ်ပါနဲ့ သူတို့ရဲ့
ပင်ကိုယ်ဗီဇအရ ဖြစ်ပါတယ်။ အမှန်တော့ မနက်ဖြန် အိမ်အလည်ခေါ်မှန်းသိရင် အ၀တ်အစားလေး ကြိုဝယ်ထားပါ
တယ်-ဆိုတဲ့ အထဲက ဖြစ်ပါတယ်။

READ
ချစ်သူစိတ်ဓာတ်ကျနေရင် လုပ်ပေးသင့်သည့်အရာများ

(၇) အမျိုးသမီးတော်တော်များများက ပိုက်ဆံကို ကိုးကွယ်တယ်

အမျိုးသမီးတော်တော်များများဟာ ပိုက်ဆံကို မက်မောကြပါတယ်။ ဒါကိုလည်း အပြစ်တင်လို့ မရပါဘူး။ သူတို့ဟာ အ
ချင်းချင်း ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ်။ ဖြစ်နိုင်ရင် သာအောင် ၀တ်စားပြချင်ပါတယ်။ မဖြစ်နိုင်ဘူးဆိုရင်တောင် သူများ
ဝတ်တဲ့ အဆင့်အတန်းနဲ့အညီ သူတို့လည်း ၀တ်ချင်ကြပါတယ်။ ငွေကိုမက်တာ အခြားဘာအကြောင်းမှ မဟုတ်ပါဘူး။
အနည်းဆုံး သူများ လှသလောက်တော့ လှချင်တယ်။ ဒီထက်ပိုတဲ့ လောဘတွေလည်း ရှိနိုင်ပါသေးတယ်။ ဒီတော့ သင့်အ
နေနဲ့ သူတို့ရှေ့မှာ ဘဏ္ဍာရေးအရ ကျဆုံးခြင်းဟာ သူ့အချစ်ကို ဆုံးရှုံးရခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom

source : askman.com

SHARE