ကောင်မလေးတွေ လက်လန်သွားစေတဲ့ အပြုအမူများ

အမျိုးသားတို့အနေနဲ့ အောက်ပါအချက်တွေထဲမှာ တစ်ခုခုကို ကျူးလွန်မိရင် လက်ရှိ ကောင်မလေးနဲ့ ဇာတ်လမ်းလည်း အ
ဆုံးသတ်သွားနိုင်သလို၊ ဇာတ်လမ်းတစ်ခု စတော့မယ်စိတ်ကူးထားရင်လည်း နိဒါန်းပျိုးပြီးတာနဲ့ ဇာတ်သိမ်းသွားတတ်ပါ
တယ်။ တစ်နည်းဆိုရလျှင် ဒီအပြုအမူတွေကြောင့် သင့်ကို အမျိုးသမီးတစ်ယောက်က လက်လန်သွားနိုင်ပါတယ်။

(၁) ပိုက်ဆံရှင်းတဲ့အခါ

တစ်နေရာရာမှာ ချိန်းတွေ့ကြရင်းနဲ့ စားသောက်ထားသမျှကို ပိုက်ဆံရှင်းတဲ့အခါ အမျိုးသမီးကို မရှင်းစေပါနဲ့။ ဒါမှမဟုတ်
အမျိုးသမီးက ငွေကြေးတတ်နိုင်လွန်းလို့ အတင်းရှင်းရင်လည်း နည်းနည်းပါးပါး ဟန်ပြအဖြစ်လောက်တော့ တားပေါ့။ ဒီ
ထက် ပိုဆိုးတာက အမျိုးသမီးက ” ကျွန်မ ရှင်းလိုက်ပါ့မယ် ” လို့ ၀တ်ကျေတန်းကျေ ပြောတဲ့အခါမျိုးမှာ သင်က ” ဟာ
ကောင်းတာပေါ့ဗျာ … ကျွန်တော်လည်း ဒကာ ရှာနေတာ “လို့ သင်က ပြောမိရင်တော့ သင့်ဇာတ်လမ်းက ပြီးသွားပါပြီ။

(၂) အမှီခိုများလွန်းရင်

ယောက်ျားကြီးတန်မဲ့ တစ်စုံတစ်ခု အတွက် တိုင်ပင်တဲ့အခါ၊ အမေ့ကို ပြောဦးမယ်လေ … အစ်မကို ပြောလိုက်ဦးမယ် …
အစ်ကိုကြီးကို သတိပေးပြီးမှ အကြောင်းပြန်မယ် … စသည်ဖြင့် နီးစပ်ရာကို အမှီအခိုပြုလွန်းတဲ့ အခါမျိုးမှာ သင့် အခြေ
အနေဟာ ဘယ်လောက်အထိ စိတ်ပျက်စရာကောင်းနေပြီဆိုတာကို သဘောပေါက်ပါ။

(၃) စပ်စုရင်

နောက်တစ်ခုက စပ်စုလွန်းရင်လည်း အမျိုးသမီးတွေ သိပ်ဘ၀င်ကျလေ့မရှိပါဘူး။ တစ်ခုရှိတာက စပ်စုတာနဲ့ စူးစမ်းတာ
ကိုလည်း ခွဲခွဲခြားခြား သိဖို့လိုပါတယ်။ ဥပမာအားဖြင့် သင်နဲ့ ရင်းနီးကာစ အမျိုးသမီးတစ်ယောက်ရဲ့ ဖုန်းက လက်လွတ်
စပယ်ကောက်ဖွင့်လိုက်တာမျိုးဟာ စပ်စုလွန်းရာ ကြပြီး၊ သူ့မှာ ရည်းစားရှိနေမယ်တောင် မသိတာမျိုးကျတော့ သင့်ရဲ့
စူးစမ်းမှု အားနည်းခြင်းကို မြင်သာစေပါတယ်။

READ
အမျိုးသမီးအနေဖြင့်မွေးဖွားလာခဲ့တဲ့ ခန့်ညားတဲ့အမျိုးသားများ

(၄) စားပွဲထိုးစသည်တို့အပေါ်မှာ ရိုင်းပြရင်

တစ်ခါတလေ အမျိုးသားတွေဟာ ရူးမိုက်စွာနဲ့ သူတို့မှာ သြဇာအာဏာရှိကြောင်းကို အမျိုးသမီးတွေ သိစေချင်ကြပါတယ်။
ဒီတော့ မဆိုင်တဲ့အပေါက်ကို ကလိုင်နဲ့ ခေါက်တတ်ပြီး စားပွဲထိုးတွေ၊ ၀န်ထမ်းတွေကို ခပ်တည်တည် ငေါက်တာ ငမ်းတာ
ပြဿနာရှာတာမျိုးတွေ လုပ်ပြတတ်ပါတယ်။ ဒါဟာ အလွန်ကို မှားတဲ့ အမှားပါ။

(၅) အမြဲလိုလို နောက်ကျရင်

ချိန်းထားတဲ့ နေရာမှာ တစ်ကြိမ်နှစ်ကြိမ်လောက် နောက်ကျတာမျိုးက ပြဿနာမရှိပါဘူး။ ဒါပေမယ့် ဒါက သူငယ်ချင်းတွေ
နဲ့ ဘောလုံးကန်ရအောင် ချိန်းတာနဲ့ မတူပါဘူး။ တစ်ဖက်က စောင့်နေရမယ့် မိန်းကလေးမှာ သိက္ခာတွေ၊ မာနတွေ ရှိပါ
သေးတယ်။ ဒါကို ခဏခဏ နောက်ကျနေရင် လက်တွဲဖို့ ဖီးလ်အောက်တာပေါ့လေ။

(၆) ပိုက်ဆံအချေးအငှားထူရင်

ဒီအချက်ကလည်း အမျိုးသားတစ်ချို့ လုပ်တတ်ပါတယ်။ ပိုဆိုးတာက ပထဆုံး ချိန်းတွေတဲ့နေ့မှာပဲ ပိုက်ဆံချေးတာမျိုး
တောင် ရှိတတ်ပါတယ်။ ဒါဟာ အလွန်ရှက်စရာကောင်းသလို ကောင်မလေးကလည်း ဘယ်လိုယုံကြည်မှုမျိးနဲ့ ဆက်ပြီး
လက်ခံပါ့မလဲ။ ဒါကြောင့် သိပ်မရင်းနီးသေးတဲ့ ကာလအတွင်းမှာ အိမ်ပြန်စရာ ကားခမရှိဘူးဆိုရင်လည်း စပါယ်ယာနဲ့
အဆင်ပြေအောင် ပြောပြီး ပြန်ပါ။ ကောင်မလေးကို ပိုက်ဆံမချေးပါနဲ့။

READ
ချစ်သူစိတ်ဓာတ်ကျနေရင် ဘာလုပ်ပေးရမလဲ...

(၇) အူကြောင်ကြောင် အ၀တ်အစားတွေဝတ်ရင်

နောက်ဆုံးအချက်ကတော့ အူကြောင်ကြောင် အ၀တ်အစားတွေ ၀တ်ခြင်းပဲ။ ဒါကို အမျိုးသားတော်တော်များများ မရှောင်
နိုင်ကြပါဘူး။ ပြီးခဲ့တဲ့ ရှစ်နှစ်လောက်က Rapper တွေ ခေတ်စားခဲ့ချိန်တုန်းက အမျိုးသားတစ်ချို့ဟာ Rapper တွေကို တု
ပပြီး ဦးထုတ်တစ်ခြမ်းစောင်း၊ ဘောင်းဘီကို့ရို့ကားယား၊ အင်္ကျီဖားလျှားနဲ့ ရပ်ကွက်ထဲ ဘောင်းဘီကြားထဲ လက်နှိုက်ပြီး
လျှောက်သွားကြတာ သူငယ်ချင်းတို့ တွေ့ဖူးပါလိ့မ်မယ်။ ဒါပေမယ့် ဒီဖတ်ရှင်ကို Rapper တွေလောက် ဘယ်သူတွေ စွဲစွဲ
မြဲမြဲဝတ်နိုင်လို့လည်း။ တကယ့် Rapper စစ်စစ်တွေတောင် ဒီဇိုင်းအရသာ ဒီအ၀တ်အစားတွေ ၀တ်ကြပြီး အိမ်မှာနေတဲ့
အခါ၊ သာမာန်အချိန်မျိုးမှာ အခြားလူတွေလိုပဲ ပေါ့ပေါ့ပါးပါး နေကြတာများပါတယ်။ ကျွန်တော်ပြောချင်တာက Rapper
ဝတ်စုံဝတ်တာကို အူကြောင်ကြောင်လို့ ပြောလိုခြင်း မဟုတ်ပါ။ ဒါပေမယ့် ကောင်မလေးတွေ ကြိုက်မလားလို့ ဟိုဟာ
ကောင်းနိုး ဒီဟာကောင်းနိုး ၀တ်တာမျိုးကျတော့ အူကြောင်ကြောင် နိုင်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : lovepanky

SHARE