နို့ထွက်ပစ္စည်းတွေကို ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့်အရာများ

Pexels/Pixabay

ဝိတ်ချချင်လို့၊ ခန္ဓာကိုယ်အချိုးအစားထိန်းသိမ်းချင်လို့ စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် နေ့စဉ်နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲရတာဟာ လူတွေအတွက် အနည်းငယ် ကသိကအောက် နိုင်လှပါတယ်။ လူအများစု အစာရှောင်ကြတဲ့အထဲ ယနေ့ခေတ်မှာ အများဆုံးရှောင်ကြဉ်ကြတဲ့ အစားအသောက်တစ်မျိုးကတော့ နို့ထွက်ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အောက်ဘက်မှာတော့ နို့ထွက်ပစ္စည်းတွေကို ဖြတ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာမယ့် အရာတွေကို insider ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

Pexels/rawpixel.com

နို့ထွက်ပစ္စည်းတွေကို ဖြတ်ပစ်လိုက်တဲ့အခါ ခန္ဓာကိုယ်မှာ ကိုယ်အလေးချိန်ကျစေပါတယ်။ ဒါပေမယ့် ဒါတွေကို လုံးဝရှောင်လိုက်ပြန်ရင်လည်း ကျန်းမာရေးအတွက် မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတော့ ပရိုတိန်းနဲ့ အရိုးကိုဖွဲ့စည်းဖြစ်ပေါ်စေတဲ့ ကယ်လ်ဆီယမ်ဓာတ်တွေကို နို့ထွက်ပစ္စည်းတွေဆီကပဲ အဓိကရနိုင်ပါတယ်။ ဒါကြောင့် ဆေးပညာသဘောအရ ကိုယ့်မှာ ရောဂါတစ်ခုခုမရှိပါပဲနဲ့ နို့ထွက်ပစ္စည်းတွေ စားတာကို ရှောင်တာမျိုးမလုပ်ကြဖို့ အာဟာရသိပ္ပံရှင်တစ်ဦးက ဆိုပါတယ်။

READ
သတိပြုသင့်တဲ့ ရင်သားကင်ဆာရောဂါ လက္ခဏာများ

နို့ထွက်ပစ္စည်းတွေအစားနည်းလာတဲ့အခါ လေဆန် လေတက်လာတွေ နည်းလာပါတယ်။ လူအများစုဟာ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ချိစ်၊ နို့နဲ့ ဒိန်ချဉ်တွေကိုစားပြီးတဲ့အခါ အစာခြေဖျက်ရာမှာ အခက်အခဲရှိကြပါတယ်။ ဒါကြောင့် လေပွတာတွေ ဖြစ်တတ်ပါတယ်။ နို့ထွက်ပစ္စည်းတွေကို ဖြတ်လိုက်တဲ့အခါမှာတော့ အစာခြေစနစ်ပိုမိုတိုးတက်လာတာကြောင့် လေပွတာမျိုးတွေ လျော့နည်းသွားတာပဲ ဖြစ်ပါတယ်။

Pexels/Oscar Mikols

နို့ထွက်ပစ္စည်းတွေဟာ အသားအရည်ပေါ်မှာလည်း အကျိုးသက်ရောက်မှုရှိစေပါတယ်။ လူတော်တော်များများက နို့ထွက်ပစ္စည်းတွေဟာ ၀က်ခြံတွေကို ပိုဖြစ်စေတယ်လို့ ဆိုပါတယ်။ ဒီအဆိုကို ယုံကြည်သူတွေထဲမှာ ဂျဲနက်ဂရက်ဖ်ဆိုသူ အမျိုးသမီးတစ်ဦးလည်း ပါပါတယ်။ သူမကတော့ သူမဆီကို လာတဲ့ လူနာတစ်ယောက်ဟာ ၀က်ခြံပြဿနာနဲ့ ရောက်လာတာဖြစ်ကြောင်း၊ သူမက ဆေးညွှန်းပေးခဲ့ပေမယ့် ထိုလူနာဟာ နို့ထွက်ပစ္စည်းတွေ မစားပဲ ဖြတ်လိုက်တော့မှ ဆေးအာနိသင်ဟာ ပိုထိရောက်ပြီး ၀က်ခြံတွေဟာ လျင်မြန်စွာ သက်သာလာခဲ့ကြောင်းတွေပါ ပြောပြခဲ့တာ ဖြစ်ပါတယ်။

READ
နေကြာစေ့ရဲ့ ကျန်မာရေးကောင်းကျိုး(၈)မျိုး

ဒါပေမယ့် နို့ထွက်ပစ္စည်းတွေကို လုံးလုံးကြီး မစားပဲ ဖြတ်တောက်လိုက်ပြန်ရင်လည်း အာဟာရချို့တဲ့တတ်ပါတယ်။ ဒီလိုနို့ထွက်ပစ္စည်းတွေထဲမှာ ကယ်လ်ဆီယမ်၊ ဗီတာမင်ဒီ၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ပရိုတိန်း၊ ဖောလိတ်နဲ့ ဗီတာမင်ဘီ အမျိုးမျိုးတို့ ပါဝင်ပါတယ်။

Pexels/rawpixel.com

အခုလို အာဟာရဓာတ်ကြွယ်ကြွယ်၀၀ ပါဝင်နေတဲ့ နို့ထွက်ပစ္စည်းတွေကို မစားပဲနေတဲ့အခါ အာဟာရချို့တဲ့တာတွေအပြင် ကိုယ်ခံအားနည်းပါးတာတွေလည်း ဖြစ်နိုင်ပါတယ်။ တကယ်လို့ နို့ထွက်ပစ္စည်းတွေကို ရှောင်မယ် မစားဘူးဆိုရင်တော့ ကယ်လ်ဆီယမ်ဓာတ်ချို့တဲ့မှုမဖြစ်ရလေအောင် ကယ်လ်ဆီယမ် ကြွယ်ဝစွာပါဝင်တဲ့ ပဲနို့ရည်နဲ့ လိမ္မော်ရည်တွေကို သောက်သုံးသင့်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

လင်းလင်း (ShweMom)

SHARE