Thursday, April 25, 2024
HomeLifestyleပျော်ပျော်နေတတ်တဲ့သူတွေ ဘယ်တော့မှ မမေ့တဲ့အရာ(၅)ခု

ပျော်ပျော်နေတတ်တဲ့သူတွေ ဘယ်တော့မှ မမေ့တဲ့အရာ(၅)ခု

တခြားသူတွေက သင့်ထက်ပိုပြီးပျော်နေတယ်လို့ သင်ထင်နေပါသလား။အနီးစပ်ဆုံး လူမူကွန်ရက်မှာတက်လာတဲ့ သင့် သူငယ်ချင်း၊မိတ်ဆွေတွေရဲ့ပျော်နေတဲ့ဓာတ်ပုံတွေကိုကြည့်လိုက်ရင်တခြားသူတွေသင့်ထက်ပိုပြီးပျော်နေကြတယ်လို့သင်သတ်မှတ်မိမှာပါ။ဒါပေမယ့်အဲဒီလိုပျော်ပျော်နေတတ်တဲ့သူတွေဘယ်တော့မှမမေ့တဲ့အချက်လေးတွေရှိနေတယ်ဆိုတာကိုသင်သတိထားမိမှာမဟုတ်ပါဘူး။သင်ကိုယ်တိုင်လည်းဒီအချက်တွေကိုသတိထားဖြစ်မယ်ဆိုရင် ပျော်ရွှင်တဲ့လူသားတစ်ဦးအဖြစ်နေနိုင်ပါတယ်။

တိုးတက်ဖို့ မိမိကိုယ်ကိုယ်အာရုံစိုက်ခြင်း

ပျော်ပျော်နေတတ်တဲ့သူတွေကလူတွေရဲ့တုန့်ပြန်မှုပတ်ဝန်းကျင်ရဲ့ဝေဖန်သုံးသပ်မှုတွေကိုအာရုံမထားဘဲကိုယ့်ဘဝတိုးတက်ဖို့ကိုပဲအာရုံစိုက်ထားတဲ့အတွက် ပျော်ပျော်နေတတ်ခြင်းဖြစ်ပါတယ်။အကြောင်းကတော့သင်ဘာလုပ်လုပ်မကောင်းပြောပြီး ဝေဖန်မယ့်လူတွေရဲ့သဘာဝတရားကြီးကပျောက်ကွယ်သွားမှာမဟုတ်လို့ပါပဲ။ဒီသဘာဝတရားကြီးကိုမျက်ကွယ်မပြုထားနိုင်ရင် ကိုယ့်ဘဝတိုးတက်ဖို့အာရုံစိုက်နိုင်မှာမဟုတ်သလို ပျော်ရွှင်မှုဆိုတာလည်းရှိနိုင်တော့မှာမဟုတ်ပါဘူး။

ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ကိုယ်တိုင်ရှာဖွေရမယ်ဆိုတာသိခြင်း

woman jumping wearing green backpack
Photo by Sebastian Voortman on Pexels.com

တခါတလေကိုယ့်ရဲ့အတွေးအခေါ်အယူအဆတွေကပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျဖြစ်ချင်မှဖြစ်လိမ့်မယ်။ဒါပေမယ့်ကိုယ့်အတွက်ကတော့ဒီလိုနေရရင်ပျော်တယ်၊ဒီလိုဆိုစိတ်ချမ်းသာရတယ်စသဖြင့်ကိုယ့်ရဲ့စိတ်ချမ်းသာမှုကိုကိုယ်တိုင်ရှာဖို့လိုတယ်ဆိုတာ ပျော်ပျော်နေတတ်တဲ့သူတွေဘယ်တော့မှမမေ့တဲ့အချက်တစ်ချက်ပါပဲ။မှန်ပါတယ်။ရှုထောင့်ပေါင်းစုံကနေဝေဖန်သုံးသပ်နေတဲ့ပတ်ဝန်းကျင်နဲ့အံဝင်ခွင်ကျဖြစ်အောင်လိုက်ပြီးနေမယ်ဆိုရင်သင့်ကိုယ်သင်အကျဉ်းသားတစ်ယောက်အဖြစ်အလိုလိုခံယူမိသားဖြစ်သွားမှာပါ။

အတိတ်ကိုဖက်တွယ်ထားမှုရပ်တန့်ခြင်း


အနီးနားကလူတွေအပေါ်အကောင်းမြင်စိတ်နဲ့အထောက်အပံ့များရယူခြင်း

ဘဝကိုပျော်ပျော်ပဲဖြတ်သန်းတတ်သူတွေကဘယ်အရာကိုမဆိုအကောင်းဘက်ကိုပဲဦးတည်စဉ်းစားလေ့ရှိကြပါတယ်။ဒါကြောင့်သူတို့ပတ်ဝန်းကျင်ကလူတွေရဲ့တုန့်ပြန်မှုတွေကိုအကောင်းမြင်စိတ်ထားလေ့ရှိပါတယ်။အကောင်းမြင်စိတ်ထားတဲ့အတွက် သူတို့ဘဝအတွက် အသုံးဝင်မယ့်အချက်တွေကိုလည်း အလွယ်တကူရှာဖွေတွေ့ရှိတတ်ကြပါတယ်။

အမှန်တရားကို လက်ကိုင်ထားခြင်း

woman in green shirt smiling
Photo by Matthias Cooper on Pexels.com

နောက်ဆုံးအချက်ကတော့အရာရာကိုအရှိအတိုင်းအမှန်တရားအတိုင်းလက်ခံတတ်ခြင်းကလည်းဘဝကိုပျော်ပျော်ဖြတ်သန်းတတ်သူတွေရဲ့အားသာချက်တစ်ခုပါပဲ။ကောင်းတဲ့ကိစ္စကိုကောင်းတဲ့အလျောက်၊ ဆိုးတဲ့ကိစ္စကိုဆိုးတဲ့အလျောက် အမှန်တရားအတိုင်းလက်ခံတတ်ကြတဲ့အတွက်ကြိုးစားအားထုတ်မှုတိုင်းရဲ့ဘယ်လိုရလဒ်မျိုးကိုမဆိုလက်ခံနိုင်ကြပါတယ်။အဲဒီတော့ သူတို့အတွက် အရာရာက ပျော်စရာတွေချည်းပါပဲ။

ChoChoThan(Shwemom)

ref:lifehack.org

RELATED ARTICLES
- Advertisment -

Most Popular

Discover more from SHWEMOM | Knowledge is Power

Subscribe now to keep reading and get access to the full archive.

Continue reading