နေ့စဉ်သုံးပစ္စည်းတွေရဲ့ နောက်ကွယ်က စိတ်ဝင်စားဖွယ်အရောင်များ

unsplash/Denisse Leon

လူ့မျက်လုံးဟာ အရောင်ပေါင်း (၇) သန်းကျော်ထိ တွေ့မြင်နိုင်ပါတယ်။ အရောင်တွေကို ဒီလိုတွေ့မြင်နိုင်တဲ့အတွက်ကြောင့်လည်း လူသားတွေဟာ အရောင်တွေအားကိုးနဲ့ နေ့စဉ်ဘ၀ကို ပိုမိုအဆင်ပြေအောင် လုပ်ဆောင်လာနိုင်ကြပါတယ်။ အောက်ဘက်မှာတော့ တွေ့မြင်နေကြ နေ့စဉ်သုံးပစ္စည်းတွေရဲ့ နောက်ကွယ်က အရောင်တွေအကြောင်းကို brightside ကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

လေယာဉ်များ

စီးပွားဖြစ်ပျံသန်းနေကြတဲ့ လေယာဉ်တွေကို အဖြူရောင် ဆေးသုတ်ထားကြပါတယ်။ အဖြူရောင်ဟာ နေရောင်ကို ရောင်ပြန်ဖို့အတွက် ဖြစ်ပါတယ်။ အဖြူရောင်သုံးခြင်းဖြင့် နေကြောင့် ဖြစ်ရတဲ့ ပျက်စီးမှုနဲ့ လေယာဉ်အပူချိန်လွန်တာကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အဖြူရောင်ဟာ လေယာဉ်ကွင်းထဲနားနေတဲ့အခါမှာလည်း လေယာဉ်အပူချိန်လျင်မြန်စွာ လျော့စေဖို့ အကူညီပေးပါတယ်။

မီးသတ်ပိုက်ခေါင်းများ

unsplash/冬城

မီးသတ်ပိုက်ခေါင်းတွေဟာ တစ်မိနစ်ကို ဂါလံဘယ်လောက်ထုတ်ပေးနိုင်သလဲဆိုတာကို အရောင်အမျိုးမျိုးနဲ့ သတ်မှတ်ထားကြပါတယ်။ မီးအကြီးအသေးပေါ်မူတည်ကာ ပိုက်ခေါင်းအမျိုးမျိုးကို အသုံးပြုကြပါတယ်။ လူတွေ အများဆုံးအသုံးပြုကြတဲ့အရောင်တွေကတော့ အနီ၊ လိမ္မော်၊ အစိမ်းနဲ့ အပြာတို့ ဖြစ်ပါတယ်။

တာယာ

တာယာထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ရာဘာဟာ အဖြူရောင်ဖြစ်ပါတယ်။ ဒါပေမယ့် ရေရှည်ခံဖို့ဆိုပြီး ကာဗွန်အနက်ရောင်ကို တာယာမှာ ထပ်ပေါင်းထည့်ထားတာ ဖြစ်ပါတယ်။ ကာဗွန်အနက်ရောင်ဟာ အပူကို လျော့ကျစေပြီး တာယာတွေကို UV ဒဏ်ကနေ ကာကွယ်ပေးကာ တာယာရဲ့ အားနဲ့ ခံနိုင်ရည်ကို တိုးမြှင့်စေနိုင်ပါတယ်။

READ
ညတွင်းချင်း အပြီးထွင်းခဲ့တယ်ဆိုတဲ့ ပြင်သစ်က တောင်စောင်းဖြတ်လှေကားထစ်လမ်းလေး
Ximena Ibañez

မီးပွိုင့်များ

မီးပွိုင့်တွေမှာ ၀ါ၊ စိမ်း၊ နီဆိုပြီး အရောင်သုံးရောင် ရှိပါတယ်။ ဒီအရောင်သုံးရောင်ကို ရွေးချယ်ရတဲ့ အကြောင်းရင်းက ခုလို ရှိပါတယ်။ အနီရောင်ဟာ လှိုင်းအလျား အရှည်ဆုံးရှိတဲ့အရောင်ဖြစ်ပြီး သူ့ကို ခပ်ဝေးဝေး အကွာအဝေးကနေ လှမ်းမြင်ရပါတယ်။ အ၀ါရောင်ကတော့ အနီထက် ပိုတိုတဲ့ လှိုင်းအလျားရှိပေမယ့် အစိမ်းထက် လှိုင်းအလျားပိုရှည်ပါတယ်။ ဒီလို လှိုင်းအလျားကွာခြားချက်တွေကြောင့် အစိမ်းကနေ အ၀ါ သို့မဟုတ် အ၀ါကနေ အနီ စသဖြင့် ပြောင်းရာမှာ ပြတ်သားစွာ မြင်ရတာပဲ ဖြစ်ပါတယ်။

ကျောင်းကားများ

ကျောင်းကားတွေမှာ အ၀ါရောင်ကို ရွေးချယ်ရတဲ့အကြောင်းရင်းက လုံခြုံရေးအတွက်ပဲ ဖြစ်ပါတယ်။ အ၀ါရောင်ကို သုံးထားတဲ့အတွက် ကျောင်းသားတွေက ကားကို အလွယ်တကူမြင်နိုင်သလို ညဘက် မှောင်တဲ့အချိန်တွေမှာလည်း အခြား ယာဉ်မောင်းတွေအနေနဲ့ ကျောင်းကားမှန်း အလွယ်တကူသိရှိနိုင်အောင် အကူညီပေးပါတယ်။

READ
အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာကြီးပြောင်းလဲပုံကို မြင်ရမယ့် Before and After ဓာတ်ပုံများ
unsplash/Christopher Burns

မျဉ်းကြားများ

မျဉ်းကြားတွေကို အဖြူအနက်နဲ့ ဆေးခြယ်ထားတာကြောင့် သူတို့ကို အဝေးကနေ လှမ်းမြင်နိုင်ပါတယ်။ ဒါကြောင့် ဒရိုင်ဘာတွေအနေနဲ့ မျဉ်းကြားနားရောက်တဲ့အခါ အရှိန်လျော့ပြီး လူတွေကို လမ်းဖြတ်ကူးခွင့်ပေးနိုင်တာ ဖြစ်ပါတယ်။ အဖြူနဲ့အနက် အရောင်နှစ်ရောင်ဟာ ဆန့်ကျင်ဘက်အရောင်တွေကို တွဲစပ်ထားတာကြောင့် ယာဉ်မောင်းတွေအနေနဲ့ လမ်းဖြတ်ကူးသူတွေကိုလည်း ကွဲကွဲပြားပြား မြင်ရစေပါတယ်။

အိမ်သာသုံးစက္ကူ

အိမ်သာသုံးစက္ကူတွေဟာ အဖြူရောင်ပါ။ အဖြူရောင်ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ချွတ်ဆေးနဲ့ ချွတ်ထားလို့ ဖြစ်ပါတယ်။ ချွတ်ဆေးမသုံးရင်တော့ စက္ကူဟာ အညိုရောင် ဖြစ်နေမှာပါ။ အိမ်သာသုံးစက္ကူတွေကို  အခြားအရောင်တွေနဲ့ မတွေ့ရတဲ့အကြောင်းရင်းကတော့ စက္ကူကို အရောင်ဆေးဆိုးတဲ့အခါ ပိုအကုန်ကျများမှာစိုးလို့ ဖြစ်ပါတယ်။

ဒါ့အပြင် အိမ်သာသုံးစက္ကူတွေအနေနဲ့ ၄င်းတို့ကို အဖြူရောင်သုံးရတဲ့အကြောင်းရင်းဟာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အရောင်ဆိုးထားတဲ့ အိမ်သာသုံးစက္ကူတွေဟာ ပြိုကွဲပျက်စီးဖို့ အချိန်စောင့်ရပါတယ်။ ဒါ့အပြင် အရာင်ဆိုးထားတဲ့ အိမ်သာသုံးစက္ကူတွေကို ဆရာဝန်အများအပြားက  ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း သတိပေးထားတဲ့အတွက် အိမ်သာသုံးစက္ကူတွေကို အဖြူရောင်တွေပဲ တွေ့မြင်ရတာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE