ဇနီးသည်ကိုဖောက်ပြန်စေတဲ့ ခင်ပွန်းသည်တို့၏အပြုအမူများ

အောက်ဖော်ပြမယ့် အကြောင်းအရာတွေကတော့ ဇနီးသည်တွေကို ဖောက်ပြန်မယ့်လမ်းကြောင်းဆီ ဦးတည်စေတဲ့ ခင်ပွန်းသည်တွေရဲ့ အမူအကျင့်နဲ့အခြေအနေတွေပဲ ဖြစ်ပါတယ်။ Shwemom ရဲ့ အမျိုးသားပရိသတ်ကြီး သိရှိဆင်ခြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးက ဖောက်ပြန်တာကို သိတဲ့အချိန်ကျမှ သတ်ပစ်လို့ ထောင်ထဲရောက်တာကလွဲပြီး မရှိပါဘူး။ အရင်ဆုံး ကိုယ့်မှာရှိတဲ့ ချို့ယွင်းချက်ကို ပြင်ရမှာ ဖြစ်ပါတယ်။

(၁) အတ္တကြီးခြင်း

လင်နဲ့မယားကြားမှာ ပုဂ္ဂလိက အတ္တတွေကို ရှေ့တန်းတင်လို့ မရပါဘူး။ ကိုယ်ကျတော့ သွားချင်တဲ့ နေရာသွား၊ စားချင်
တဲ့နေရာစား၊ အိပ်ချင်တဲ့ နေရာအိပ်ပြီး ဇနီးသည်ကိုတော့ ဘာမလုပ်နဲ့၊ ဘယ်မသွားနဲ့၊ ဘယ်သူနဲ့ မဆက်ဆံနဲ့-ဆိုပြီး
ချုပ်ချယ်ရင် မှားတတ်ပါတယ်။ ဘယ်သတ္တ၀ါပဲဖြစ်ဖြစ် ချုပ်နှောင်ခံရရင် ရုန်းထွက်ချင်ကြတာ ဓမ္မတာပါဘဲ။

(၂) အာရုံစိုက်မှု မပေးခြင်း

ဇနီးသည်ကို အာရုံစိုက်မှု မပေးခြင်းဆိုတာက လင်နဲ့မယားကြားက လိင်ကိစ္စတစ်ခုတည်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အိမ်ထောင်ထိန်းသိမ်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး-တို့မှာ လင်ယောက်ျားကမှ အားမကိုးရရင် အားကိုရာ ရှာတတ်ပါ
တယ်။

READ
ငွေကုန်ကြေးကျများစေမယ့် လက်တွဲဖော်အမျိုးသမီးများ

(၃) ခံစားချက်ကို နားမလည်ခြင်း

ဇနီးဖြစ်သူရဲ့ ခံစားချက်က ဘာလဲဆိုတာ မေးလေ့မေးထမရှိခြင်းဟာလည်း ရေရှည်အတွက်တော့ မကောင်းပါဘူး။ အထူးသဖြင့် လင်နဲ့မယားကြားမှာ အဓိက လိုအပ်ချက်ဖြစ်တဲ့ ခြင်ထောင်ပိတ်ဆက်ဆံရေးအတွက် အမြဲတံခါးဖွင့်ထားရမှာ ဖြစ်
ပြီး တစ်ဦးအလိုကို တစ်ဦးက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

(၄) ထောက်ပံ့မှုမပေးခြင်း

ရသမျှပိုက်ဆံ အိမ်ထောင်ရေးမှာ စီးဝင်ခြင်းမရှိဘဲ ဘယ်နေရာမှာ ကုန်ခဲ့တယ်၊ ဘာလုပ်ခဲ့တယ်ဆိုတာကိုလည်း မယ်မယ်ရရ မပြောဘဲ အကြောင်းမဲ့ ထောက်ပံ့မှု မပေးဘူးဆိုရင်လည်း ဇနီးသည်တွေ ဖောက်ပြန်တတ်ပါတယ်။

(၅) ရောဂါဘယထူပြောခြင်း

ရောဂါဘယထူပြောတဲ့ လင်ယောက်ျားဆီကနေ ဘာတွေ ရနိုင်သလဲ အကြမ်းဖျင်း စဉ်းစားကြည့်ပါ။ ဘာမှ မရနိုင်ပါ။ စီးပွားရေးလုပ်ရအောင်ကလည်း မကျန်းမာလို့၊ လူမှုရေးဆိုလည်း နေကောင်းလို့၊ ဟိုကိစ္စဆိုလည်း မသန်မာလို့-ဆိုရင်
ဘယ်လိုလုပ် အိမ်ထောင်ရေးက မြဲမလဲ။

READ
ကောင်မလေးတွေသင့်ကိုသဘောကျရင် အထာပေးလေ့ရှိတဲ့ပုံစံ(၈)မျိုး

(၆) စွမ်းဆောင်ရည်ကျဆင်းခြင်း

စွမ်းဆောင်ရည်ကျဆင်းခြင်းဆိုတာ အိမ်ထောင်သည်တော်တော်များများ သဘောပေါက်ပါလိမ့်မယ်။ မိမိစိတ်ကျေနပ်မှု
တစ်ခုတည်းသာ ဇနီးကို ဆက်ဆံတယ်ဆိုရင် အလိုရမ္မက်ကို မွေးပေးသလို ဖြစ်တတ်ပါတယ်။ အဲဒီကိစ္စမှာ ဇနီးဖြစ်သူ စိတ်ကျေနပ်မှု မရတဲ့အခါ ကြာရင် မလွယ်ဘူးပေါ့။ ဒီကိစ္စမျိုးဆိုတာ နှစ်ဦး နှစ်ဘက်မျှတနေမှ အိမ်ထောင်ရေးမှာ အချစ်တိုး
ပြီး သာယာတာကိုး။

(၇) အငယ်အနှောင်ထားခြင်း

နောက်ဆုံးအချက်ကတော့ အငယ်အနှောင်းထားခြင်း ဖြစ်ပါတယ်။ ဒါက အမှတ်စဉ် (5/6) ပြီးရင်း ရာခိုင်နှုန်း အများဆုံး
ဖြစ်ပါတယ်။ သတိပြုဆင်ခြင်သင့်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : lovepanky.com

SHARE