အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတို့ကိစ္စများ

အမျိုးသားတွေဟာ ဗဟုသုတ ရှာဖွေမှုအပိုင်းမှာ အမျိုးသမီးတွေက် သာလွန်တယ်ဆိုတာ လက်ခံလို့ရပါတယ်။ ဒါပေမယ့် တစ်ချို့နေရာတွေမှာတော့ မသိဘဲ သိသယောင်လုပ်ခြင်း၊ တတ်ယောင်ကန်း လုပ်ခြင်းမှာလည်း သူတို့တစ်တွေဟာ အမျိုးသမီးတွေထွက် သာလွန်ကြပါတယ်။ အောက်ပါ ကိစ္စရပ်တွေမှာ သူတို့တစ်တွေဟာ မသိဘူး၊ မကြားဖူးဘူး-လို့ ၀န်ခံကြမှာ မဟုတ်ပါဘူး။ သူတို့မှာလည်း အသင့်အတင့် လေ့လာထားတာတော့ ရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ချို့ကိစ္စရပ်တွေမှာတော့ ကိုယ်တိုင်ခံစားဖူးတာလောက် ဘယ်သေချာပါ့မလဲ။ ဒါကြောင့် အမျိုးသားတွေ နားမလည်နိုင်တဲ့ အမျိုးသမီးတို့ ကိစ္စရပ်တွေကို Shwemom ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) ဓမ္မတာလာခြင်း

ဘယ်အချိန်၊ ဘယ်နေ့မှ ဓမ္မတာလာမယ်ဆိုတာ သူတို့ ကြိုပြီး သိနိုင်ပါတယ်။ ဓမ္မတာလာစဉ် နာကျင်ကိုက်ခဲမှုခံစားနေရတဲ့အခါ ဟိုဟာလုပ်ပါလား၊ ဒီလိုနေပါ့လား … စသဖြင့် သူတို့သိထားတဲ့ မီးကျိုးမောင်းပြတ် ဗဟုသုတလေးတွေနဲ့ အကြံပေးတတ်ပါတယ်။ တစ်ကယ်တော့ ဒီလိုအချိန်မှာ ဘာတွေ ခံစားရတယ်ဆိုတာ အမျိုးသမီးတွေကလွဲပြီး ဘယ်သူက သိနိုင်မှာလဲ။

READ
မိန်းကလေးတိုင်းသိဖို့လိုအပ်တဲ့ ယောက်ျားတွေအကြောင်း

(၂) အချက်အပြုတ်ပညာ

တစ်ခါတလေ ကိုယ်ချက်ကျွေးတဲ့ ထမင်းဟင်းကို ငန်လိုက်တာကွာ၊ ပေါ့လိုက်တာ၊ စပ်လိုက်တာ၊ ဟင်းခပ်မှုန့် များတယ်၊ ဆားလျှော့သုံး၊ ဆီကလည်း နည်းလိုက်တာ-စသဖြင့် ဝေဖန်ကြပါလိမ့်မယ်။ သင် နေမကောင်းထိုင်မသာ ဖြစ်လို့ သူကိုယ်တိုင် မီးဖိုချောင်ဝင်တဲ့အခါ အဲဒီအစားအစာတွေ သင် အရသာခံ စားကြည့်နေစရာမလိုပါဘူး။ သူ့ဘာသာသူ အမှိုက်ခြင်းထဲ ထည့်ထားပါလိမ့်မယ်။

(၃) အ၀တ်အစားပုံစံ

ဖက်ရှင်အမြင်မှာတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် အမြင်နည်းတတ်ကြပါတယ်။ ဒါကြောင့်လည်း ဘယ်နေရာသွားသွား ဇနီးမယားက ဂရုတစိုက် ဆင်ပေးနေရတာပေါ့။ နောက်ပြီး နေရာဒေသနဲ့ လိုက်ဖက်တဲ့ အ၀တ်အစား အပြင်အဆင်အတွက် ဆန်းသစ်တဲ့ အမြင်မျိုးလည်း သူတို့မှာ မရှိတတ်ပါဘူး။ သူတို့လက်သုံးစကားကတော့ ကိုယ့်ရှိတာ ၀တ်တာပဲ … သူများဟာ လိုက်ချွတ်ပြီး လုနေတာမှ မဟုတ်တာ-လို့ ပြောပါလိမ့်မယ်။

READ
မိခင်ပီသတဲ့အပြုအမူကြောင့် အမျိုးသမီးထုကြီးရဲ့ အားပေးချီးကျူးခံနေရတဲ့ မော်ဒယ်

(၄) ဈေးဝယ်ခြင်းအတတ်ပညာ

နောက်ဆုံးတစ်ချက်ကတော့ သိတဲ့အတိုင်းပဲ ဈေးဝယ်ခြင်းအတတ်ပညာပါဘဲ။ ဒါကတော့ အမျိုးသမီးတိုင်းမှာ ပါလာလေ့ရှိတဲ့ မွေးရာပါ ဗီဇအရ ယောက်ျားတွေထက် သာလွန်လေ့ရှိပါတယ်။ အမျိုးသားတွေဟာ ကိုယ်ဝယ်ချင်တဲ့ ပစ္စည်း ဈေးများလွန်းနေရင်လည်း ကြိုက်လို့ကတော့ ၀ယ်ပစ်လိုက်တာပါဘဲ။ နှုတ်ခမ်းမွေးကားယားကြီးနဲ့ ဈေးမစစ်ရဲတဲ့ သူတွေပေါ့။ အမျိုးသမီးတွေကျတော့ ဒီနေ့ဘာချက်မယ်၊ ဘယ်ဆိုင်က ဈေးချိုတယ်၊ အသားဟင်းကျတော့ ဘယ်ဆိုင်မှာ ၀ယ်ရမယ်၊ အဆစ်ဘယ်လို တောင်းရမယ်၊ ငါးရောင်းတဲ့ အစ်မကြီးက အလေးခိုးချင်တယ်၊ မီးဖိုချောင်အတွက် ဘယ်လောက်သုံးမယ်၊ ကလေးတွေအတွက် ဘယ်လောက်၊ ပါတိတ်ဝမ်းဆက် ရောက်ပြီဆိုရင်တော့ မီးဖိုချောင်နဲ့ ကလေးတွေကိစ္စ ခဏမေ့သင့် မေ့ထားရမှာပေါ့ … (နောက်တာနော်) … အဲဒီလို တွက်ချက်မှုပေါင်းများစွာနဲ့ ဈေးခြင်းကို ဆွဲသွားရတဲ့ အတတ်ပညာ ဘယ်ယောက်ျားမှ မတတ်သေးပါဘူး။

နတ်စည်တော် (Shwemom)

sm

SHARE