သြစတြေးလျနိုင်ငံက လွဲလို့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ ထူးထူးဆန်းဆန်း အရာများ

© CCPearson / reddit © RedViper27 / reddit

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းထက် ထူးဆန်းတဲ့ အရာတွေပဲစုပြီး အခြားနေရာဒေသက တိရစ္ဆာန်တွေ၊ အသီးအနှံတွေနဲ့ ထူးခြားဆန်းပြားတဲ့နေရာတွေ စုနေတဲ့ တစ်နိုင်ငံရှိပါတယ်။ အဲဒီနိုင်ငံကတော့ သြစတြေးလျနိုင်ငံပါပဲ။ ဘယ်လောက်တောင်လဲဆိုရင် အခြားနိုင်ငံတွေမှာ တွေ့နေမြင်နေကျ တိရစ္ဆာန်တွေ၊ သဘာဝပတ်ဝန်းကျင်တွေက သြစတြေးလျနိုင်ငံနဲပ တစ်ခြားစီပါပဲ။ ဘယ်လိုမျိုးလဲဆိုတာအောက်မှာ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်။

၁။ သာမန်တွေ့နေကျ ပိုးကောင်ထက် ဆယ်ဆလောက်ကြီးမားနေတဲ့ ပိုးကောင်ပါ။ ကလေးပေါ်မှာ ပိုးကောင်ရောက်နေလား ဒါမှမဟုတ် ပိုးကောင်ပေါ်မှာပဲ ကလေးရောက်နေလားတောင် မသိရပါဘူး။

© fancyfire / reddit

၂။ အအေးပိုင်းဒေသတွေမှာပေါက်တဲ့ ထင်ရှုးပင်တွေအောက်မှာ ကြွေကျနေတဲ့ ထင်ရှုးသီးတွေကို တော်တော်များများ တွေ့ဖူးကြမှာပါ။ လက်သီးဆုပ်လောက်ပဲ ရှိတာပါ။ သြစတြေးလျက ထင်းရှုးသီးကတော့ လူခေါင်းထက် နှစ်ဆလောက် ပိုကြီးပါတယ်။

© Rodmunch99 / Wikimedia Commons

၃။ သြစတြေးလျ အနောက်ပိုင်းမှာရှိတဲ့ ပန်းရောင်ရေကန်ပါ။ အိန္ဒိယသမုဒ္ဓရာနဲ့ ထိစပ်နေတာတောင် ရေရဲ့ အရောင်က လုံးဝမရောသွားပဲ သီးခြားရှိနေတာပါ။

READ
လူတွေနေထိုင်လျက် ရှိနေကြဆဲ့ ကမ္ဘာ့အသေးဆုံး ကျွန်းလေးများ
Shutterstock/MXW Stock

၎။ တီကောင်တစ်ကောင်ရဲ့ အရွယ်အစားဟာ သေသေးလေးပါ။ ဒါပေမယ့် သြစတြေးလျက တီကောင်တွေကတော့ စပါးကြီးမြွေအရွယ်လောက် ရှိပါတယ်။ ဒီပုံစံနဲ့ဆို ငါးမျှားဖို့ တော်တော်တိုင်ပတ်မှာပါပဲ။

© gDisasters / reddit

၅။ ရုတ်တရက်ကြည့်ရင် အိမ်ပေါ်မှာ မိကျောင်းရောက်နေတယ်လို့ ထင်သွားကြမှာပါ။ တစ်ကယ်တမ်းတော့ အဲဒါဖွတ်ပါ။

© Unknown / imgur

၆။ မြွေတစ်ကောင်ကို ဖာွးေ အုပ်လိုက် ဝိုင်းစီးနေကြတာပါ။ သူတို့ကိုယ်သူတို့ မြွေကို စီးတော်ယာဉ်လို့ ထင်နေကြလား မသိပါဘူး။

၇။ ပုံမှန်ဆို လမ်း ၄ ခွဆုံ ဆိုင်းဘုတ်ပဲ တွေ့ဖူးပါတယ်။ ဒါပေမယ့် သြစတြေးလျမှာတော့ လမ်း ၅ ခွဆုံ ဆိုင်းဘုတ်အထိ ရှိပါတယ်။

READ
အာလ်ထရာဆောင်းဓာတ်ပုံအရ ဗိုက်ထဲမှာကတည်းက ထူးခြားနေတဲ့ ကိုယ်ဝန်များ
© TritonJohn54 / reddit

၈။ မြွေက ဖားကို မြိုတာပဲ တွေ့ဖူးပါတယ်။ ဖားက မြွေကို မြိုတာ ရှားပါတယ်။

© D****AzS**** / imgur

၉။ မိုးသီးကြွေတဲ့အခါ မိုးသီးတစ်လုံးရဲ့ အရွယ်အစားပမာဏက သြစတြေးလျနိုင်ငံမှာ ဘိလက်ယက်ဘောလုံးတွေထက် ပိုကြီးပါတယ်။

© CCPearson / reddit

၁၀။ မသိရင် မြွေအရှည်ကြီးတစ်ကောင်လို့ ထင်ရပါတယ်။ တစ်ကယ်တမ်းတော့ အဲဒါမြွေမဟုတ်ပါဘူး။ ခူယားကောင်တွေ အုပ်လိုက်တန်းစီပြီး သွားနေခြင်းသာ ဖြစ်ပါတယ်။

© RedViper27 / reddit

Pyi Hein Kyaw

SHARE