နိုင်ငံခြားသားတစ်ဦးအနေနဲ့ ဆော်ဒီအာရေဗျသွားလည်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

unsplash/طفاف ابوماجدالسويدي

စက်တင်ဘာ(၂၇) ရက်နေ့ကစပြီး ဆော်ဒီအာရေဗျဟာ ကမ္ဘာလှည့်ခရီးသည်တွေကို နိုင်ငံတွင်းဝင်ရောက်လည်ပတ်ခွင့် ရက်(၉၀) ဗီဇာသစ်တစ်ခု ခွင့်ပြုပေးခဲ့ပါတယ်။ ဆော်ဒီဟာ ခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပြီး (၂၀၃၀) ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသည်ပေါင်း သန်း(၁၀၀) နိုင်ငံတွင်း ၀င်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ ဆော်ဒီသွားလည်မယ်ဆိုရင်တော့ သိထားသင့်တဲ့ အချက်လေးတွေရှိတာကို insider သတင်းကနေတဆင့် ဖော်ပြပေးလိုက်ပါတယ်။

ခွင့်ပြုချက်မရှိပဲ ဒရုန်းမယူဆောင်လာရ

စီးပွားရေးအတွက်ပဲဖြစ်ဖြစ် ၊ တစ်ကိုယ်ရည်သုံးဖို့ပဲဖြစ်ဖြစ် ဆော်ဒီပြည်သူ့လေတပ်က ခွင့်မပြုမချင်း ဒရုန်းတွေကို နိုင်ငံထဲ တင်ပို့ခွင့် အသုံးပြုခွင့်မရှိပါဘူး။

unsplash/Kay

တရားဝင်လောင်းကစားပြုလုပ်လို့မရ

ဆော်ဒီမှာ ဖဲကစားချင်တဲ့သူတွေ၊ လောင်းကစားဆော့ချင်တဲ့သူတွေဟာ VPN တွေ သုံးပြီး ဆော့ရပါတယ်။ တကယ်လို့ လောင်းကစားလုပ်တာမိခဲ့ရင် ထောင်ဒဏ်(၆) လကျခံရမှာပါ။

READ
နိုင်ငံအနှံ့က ကျက်သရေအလှတရားနဲ့ပြည့်စုံတဲ့ တော်ဝင်မင်းသမီးနဲ့ဘုရင်မများ

ကြားမဖြတ်ရ

ဆော်ဒီမှာ တန်းစီတဲ့အခါ ကြားဖြတ်လို့မရပါဘူး။ ကြားဖြတ်ရင် (၁၄) ဒေါ်လာပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

unsplash/Naitian(Tony) Wang

အတိုအပြတ် မ၀တ်ရ

စက်တင်ဘာလတုန်းက ထုတ်ပြန်ခဲ့တဲ့ ဥပဒေသစ်အရ အမျိုးသားတွေဟာ အတိုအပြတ်မ၀တ်သင့်ကြောင်းနဲ့ ရိုးသားနှိမ့်ချစွာ ၀တ်စားဆင်ယင်ရမယ်လို့ တိုက်တွန်းထားပါတယ်။ အမျိုးသမီးတွေဟာလည်း လူမြင်ကွင်းမှာ ပခုံးဖော်၊ ဒူးဖော်တဲ့ အ၀တ်အစားတွေကို မ၀တ်ကြဖို့လည်း ဖော်ပြထားပါတယ်။

တရားဝင် လိင်ပြောင်းလဲခြင်း ပြုလုပ်လို့မရ

(၂၀၁၇) ခုနှစ် မတ်လတုန်းက ဆော်ဒီဟာ လိင်ပြောင်းပုဂ္ဂိုလ်နှစ်ဦးကို တုတ်တွေနဲ့ သေအောင်ရိုက်ပြီး အိတ်ထဲထည့်ကာ မြေမြှုပ်ခဲ့ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆိုပါတယ်။ ဆော်ဒီမှာတော့ လိင်ခွဲစိတ်ပြုပြင်မှုဟာ တရားမ၀င်ပါဘူး။

unsplash/TR Davis

နိုင်ငံထဲ ၀က်သားမသွင်းရ

အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့နိုင်ငံဖြစ်တာကြောင့် နိုင်ငံထဲမှာ ၀က်သားစားသုံးမှုကို ပိတ်ပင်ထားပါတယ်။ ၀က်သားအရသာပါဝင်တဲ့ မုန့်တွေ၊ အကြော်အလှော်တွေလည်း လုံးဝမရပါဘူး။

READ
Tattoo ထိုးခြင်းရဲ့နောက်ကွယ်က လေးနက်တဲ့အကြောင်းအရင်းလေးတွေ ... ...

လူကြားထဲ သီချင်းသံအကျယ်ကြီး မဖွင့်ရ

လူကြားထဲမှာ သီချင်းသံအကျယ်ကြီးဖွင့်တာမျိုးကို ဆော်ဒီမှာ တားမြစ်ထားပါတယ်။ ဆော်ဒီမှာ ဘုရားရှိခိုးချိန် (၅) ချိန်ရှိပါတယ်။ တစ်ချိန်ကို မိနစ်(၂၀) ကြာပါတယ်။ တကယ်လို့ ၀တ်ပြုရှိခိုးချိန်အတွင်း သီ ချင်းသံအကျယ်ကြီးဖွင့်လို့ မိရင် ဒဏ်ကြေးအနေနဲ့ ဒေါ်လာ(၁,၀၀၀) ပေးဆောင်ရမှာဖြစ်ပြီး ၀တ်ပြုရှိခိုးချိန်ပြင်ပဆိုရင်တော့ (၁၃၃) ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လင်းလင်း (ShweMom)

SHARE