ညဘက်အိပ်ရေးပျက်ခြင်းကြောင့် သင့်ရဲ့ခန္ဓာကိုယ်ကိုမှာ ထိခိုက်စေမယ့်အရာများ

ညဘက်မှာ အိပ်ရေးဝဝ မအိပ်ခြင်းဟာ ကိုယ်ခံအားကို ကျဆင်းစေတဲ့အပြင် အတွေအခေါ်စွမ်းရည်တွေကိုလည်း လျော့ကျစေပြီးတော့ ကိုယ်အလေးချိန်လည်း တက်စေပါတယ်။ အိပ်ရေးပျက်ခြင်းဟာ ဆီးချိုရောဂါနဲ့ ကင်ဆာဖြစ်ဖို့ အလားအလာများပြီး  မတော်တဆမှုတွေတောင် ဖြစ်နိုင်ပါတယ်။ ဒီကနေ့မှာတော့ Shwemom ပရိသတ်တွေအတွက် အိပ်ရေးပျက်ခြင်းကနေ ခန္ဓာကိုယ်မှာဖြစ်လာတဲ့ ဆိုးကျိုးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

(၁) နေမကောင်းဖြစ်တယ်

အိပ်ရေးပျကခြင်းက ကိုယ်ခံအားကို ကျဆင်းစေပြီး နေမကောင်းဖြစ်စေပါတယ်။ ဒါ့အပြင် နေမကောင်းဖြစ်တဲ့အခါ နေမကောင်းတဲ့ဒဏ်တွေကြောင့်  ကောင်းကောင်းမအိပ်နိုင်ပဲ အိပ်ချိန်ေတွ ပိုလျော့စေပါတယ်။ အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ အလွန်ဆက်စပ် နေပါတယ်။

(၂) နှလုံးကို ထိခိုက်စေတယ်

ညအိပ်ချိန် (၅)နာရီထက် နည်းခြင်းက နှလုံးကျန်းမာရေးအတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အိပ်ရေးပျက်ခြင်းက နှလုံးနဲ့ ပတ်သတ်တဲ့ရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အိပ်ရေးပျက် များလာတဲ့အခါ နှလုံးခုန်နှုန်းကလည်း ကမောက်ကမဖြစ်လာစေပြီး၊ ဆိုးရွာတဲ့ သက်ရောက်မှုတစ်ခုပါ။

READ
ဝိတ်လျော့ချင်သူများအတွက် နည်းလမ်းကောင်းများ
How to Survive a Heart Attack When Alone

(၃) ကင်ဆာဖြစ်ဖို့ အလားအလာပိုများစေတယ်

အိပ်ရေးပျက်ခြင်းဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ စအိုလမ်းကြောင်းကင်ဆာတို့ကို ဖြစ်ပွားစေနိုင်တဲ့ အလားအလာများပါတယ်။ ညဘက်မှာ အလုပ်လုပ်တဲ့ သူတွေအတွက်တော့ စိုးရိမ်ရတဲ့ ကိစ္စတစ်ခုပါ။ ညဘက်ကို (၇)နာရီ သို့မဟုတ် (၇)နာရီထက်ပိုအိပ်တဲ့ သူတွေကတော့ အလုပ်ထဲမှာ အတက်ကြွဆုံးသူတွေ ဖြစ်ကြပါတယ်။

(၄) မှတ်ဥာဏ်စွမ်းရည်ကို ရော့ကျစေတယ်

ညဘက် အိပ်ရေးပျက်ခြင်းဟာ စဉ်းစားနိုင်တဲ့ စွမ်းရည်ကိုလည်းလျော့ကျစေပါတယ်။ မှတ်ဥာဏ်စွမ်းရည်၊ စဉ်းစားဆုံးဖြတ်နိုင်တဲ့ စွမ်းရည်တွေကို လျော့ကျစေပါတယ်။ ဒါ့အပြင် သင်ယူနိုင်တဲ့ စွမ်းရည်ကို လျော့ကျစေပါတယ်။ အိပ်ရေးပျက်နေသူတစ်ယောက်မှာ သွေးလည်ပတ်မှုကလည်း ပုံမှန်မရှိနိုင်တော့သလို၊ ဦးနှောက်တွင်း သွေးစီးဆင်းမှုကိုလည်း ထိခိုက်စေပါတယ်။ ရှေရည်မှာ Dementia ကဲ့သို့သော နာတာရှည်ရောဂါတွေလည်း ရနိုင်ပါတယ်။

(၅) ဝိတ်တက်စေတယ်

အိပ်ချိန် (၅)နာရီထက် နည်းပါးတဲ့ သူတွေဟာ ကိုယ်အလေးချိန် တက်လွယ်ပြီး အဝလွန်တာတွေလည်း ဖြစ်နိုင်ပါတယ်။ သွေးလည်ပတ်မှုပုံစံ မမှန်းခြင်းကြောင့် သွေးတွင်းမှာ လွန်ကဲစွာရောက်ရှိနေတဲ့ ကိုလက်စထရောတွေကို မချေဖြတ်နိုင်သလို၊ သကြားဓာတ်၊ အဆီဓာတ်တွေကိုလည်း မကျေပျက်စေပါဘူး။ ဒါဟာ အဝလွန်မယ့် လက္ခဏာ ဖြစ်ပါတယ်။

READ
အခြားသူတွေမသိတဲ့ Forever Alone တွေရဲ့ တစ်နေ့တာ အထီးကျန်မှုများ

(၆) ဆီးချိုဖြစ်ဖို့ အလားအလာများစေတယ်

အိပ်ချိန် (၇)နာရီကနေ (၈)နာရီအထိ ပြည့်ပြည့်ဝဝအိပ်ခြင်းက ဆီးချိုရောဂါဖြစ်ခြင်းကို လျော့ကျစေတဲ့ အင်ဆူလင်တွေရဲ့ ထုတ်လုပ်မှုနှုန်းကို လျော့နည်းစေပါတယ်။ ဒါကြောင့် အိပ်ရေးဝဝ မအိပ်သူတွေမှာ ဆီးချိုရောဂါဖြစ်ဖို့ အလားအလာ များပါတယ်။

(၇) အိုမင်းရင့်ရော် စေတယ်

အသက်သုံးဆယ်ကနေ ငါးဆယ်ကြားရှိတဲ့သူတွေကို သူတို့ရဲ့ အိပ်ချိန်ပေါ်မူတည်ပြီး သူတို့ရဲ့ အသားအရေသွင်ပြင်တွေကို လေ့လာခဲ့တဲ့ အခါမှာတော့ အိပ်ရေးဝဝအိပ်သူတွေဟာ မျက်နာအသားအရေကောင်းပြီး အစက်အပြောက်လဲကင်းတာတွေ့ရပါတယ်။ ဒါ့ကြောင့် အိပ်ရေးဝဝ မအိပ်သူတွေဟာ ကိုယ်ရဲ့ ပုံပန်းသွင်ပြင်နဲ့ ပတ်သတ်ပြီးလည်း ကျေနပ်အားရမှု မရှိကြပါဘူး။

Source:Healthline

SHARE