အိုက်စ်လန်နိုင်ငံကို လူတိုင်းကြားဖူးကြပေမယ့် နိုင်ငံနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့ သိဖူးမှတ်ဖူးသူ နည်းပါလိမ့်မယ်။ အောက်ဘက်မှာတော့ ရေတံခွန်တွေ၊ မြစ်ချောင်းတွေ၊ တောင်တန်းတွေနဲ့ အံ့မခန်းသဘာဝအလှအပတွေကို ပိုင်ဆိုင်ထားတဲ့ အိုက်စ်လန်နိုင်ငံရဲ့ လှပတဲ့ဓာတ်ပုံလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
သဘာဝရင်းမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံပါ

ကျော်ကြားတဲ့ Dettifoss ရေတံခွန် ပါ..ဥရောပမှာ နာမည်အရမ်းကြီးတဲ့ ရေတံခွန်ကြီးတစ်ခုပါ

အရောင်စုံနဲ့ လှပနေတဲ့ အိုက်စလန်နိုင်ငံရဲ့ မြို့တော် Reykjavik ဖြစ်ပါတယ်

ရင်သပ်ရှုမောဖွယ်ရာ ဗိသုကာအလှနဲ့ Hallgrímskirkja ဘုရားကျောင်း

ရိုးရာနေအိမ်လေးတွေဆိုတာ..

ကမ္ဘာပေါ်မှာရှိတဲ့ အနည်းငယ်သော အနက်ရောင်ကမ်းခြေတွေထဲက တစ်ခု

ကြက်သီးဖြန်းဖြန်းထလောက်အောင် လှလွန်းတဲ့ ရောင်စဉ်တန်းများ

အိုက်စလန်မှာဆိုရင် ဝေလငါးတွေကို လှေပေါ်ကနေ ကြည့်နိုင်ပါတယ်..

ကမ္ဘာဂြိုလ်ပေါ်မှာ အလှဆုံးနေရာတွေထဲက တစ်ခုဖြစ်တဲ့ အနက်ပေပေါင်း (၃၃၀) ရှိတဲ့ Great Icelandic Canyon

အိုင်စလန်မှာ တကူးတက ခရီးထွက်စရာ မလိုပါဘူး .. ကားတစ်စီးနဲ့ သွားချင်ရာ သွားရုံပါပဲ .. နေရာတိုင်းမှာ ရှုမျှော်မဆုံးတဲ့ အိုက်စ်လန်နိုင်ငံရဲ့ အလှအပတရားတွေ ရှိနေပါတယ် …

လင်းလင်း (ShweMom)
Ref: brightside