မိန်းကလေးတွေ သည်းမခံနိုင်တဲ့ ချစ်သူရဲ့ အမူအကျင့် (၅)မျိုး

မိန်းကလေးတွေ ကိုယ့်ချစ်သူရဲက အမူအကျင့်နဲ့ ပတ်သက်ပြီး သည်းမခံနိုင်တဲ့ အချက်လေးတွေရှိပါတယ်။ ဒီအချက်လေးတွေကို လုံးလုံးမပြင်နိုင်ရင်တောင် နည်းနည်းလျှော့လိုက်ခြင်းဖြင့် သာယာတဲ့ အချစ်ရေးတစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သေချာပါတယ်။

(၁) ဂိမ်းအရမ်းဆော့တာ

မိန်းကလေးတွေက တော်တော်များများကို နားလည်ပေးနိုင်တယ်ဆိုပေမယ့် သူတို့ကို ဂရုမစိုက်တာ၊ အချိန်မပေး   တာကိုတော့  လုံးဝသည်းမခံနိုင်ကြပါဘူး။တစ်ခါတလေဆော့တာ ပြသနာမဟုတ်ပါဘူး။ ချစ်သူက မအားလို့အပျင်းပြေသဘောနဲ့ ဆော့တာမျိုးက ကိစ္စမရှိပေမယ့် ချစ်သူကိုတောင် အချိန်မပေးနိုင်တော့တဲ့ အထိကို ဖြစ်နေပြီဆိုရင်တော့ အဲဒီ့အကျင့်ကို ပြင်ဖို့လိုနေပါပြီ။

(၂) ဖုန်းမကိုင်တာ

ယောက်ျားလေးတော်တော်များများက ဖုန်းနဲ့မကပ်တာများပါတယ်။ ဖုန်းကို အသံပိတ်ပြီး ထားချင်ရာထား၊ လုပ်ချင်ရာလုပ်ပြီး ခေါ်မကြားဖြစ်နေတတ်ပါတယ်။ ဒါကလည်း တော်တော်ဆိုးပါတယ်။ တစ်ဖက်က အရေးတကြီး ဆက်တဲ့ အခါတွေမှာ မကိုင်တဲ့အခါ တစ်ဖက်သားအတွက် တော်တော် စိတ်ကသိကအောက်ဖြစ်စေပါတယ်။ မိန်းကလေးသဘာဝ တောင်တွေးမြောက်တွေးနဲ့ စိတ်သောကရောက်ရတဲ့အတွက် ဖုန်းမကိုင်တာကို မိန်းကလေးတွေ သည်းမခံနိုင်ကြပါဘူး။

READ
ကောင်လေးက သဘောကျပေမယ့် ၀န်မခံရဲတဲ့ လက္ခဏာရပ်များ

(၃) ညဆယ်နာရီကျော်လျှောက်လည်တာ

မိန်းကလေးတော်တော်များများက ချစ်သူNightout လုပ်တာ လုံးဝမကြိုက်ပါဘူး။ ဒါပေမယ့် တော်ရုံဆိုနားလည် ပေးကြရှာပါတယ်။ ဒါကိုသင်ကလည်း စာနာသင့်ပါတယ်။ သူမကြိုက်ပေမယ့် သင့်ကိုနားလည်ပေးတဲ့ အချိန်တွေ ရှိသလို သူမကြိုက်တာကို ခဏခဏတော့ မလုပ်သင့်ပါဘူး။ တစ်ခါတလေ ကိစ္စမရှိပေမယ့် အမြဲလိုလို ထွက်နေတယ်ဆိုရင်တော့ ပြသနာအကြီးကြီးတက်လာတော့မှာပါ။

(၄) အခြားကောင်မလေးတွေအီစီကလီလုပ်တာ

မိန်းကလေးတွေက ယောက်ျားလေးတွေကို မိန်းကလေးသူငယ်ချင်း အပါအဝင် ယောက်ျားလေးသူငယ်ချင်း ကိစ္စနဲ့ပတ်သက်ပြီး တော်တော်များများကို နားလည်ပေးထားပါတယ်။ ဒါပေမယ့် သင့်သူငယ်ချင်းတွေထဲကဖြစ်ဖြစ်၊ တခြားမိန်းကလေးတွေနဲ့ အရောတဝင် အီစီကလီတွေတော့ မလုပ်ပါနဲ့။ သင်ဘယ်လောက်ပဲငြင်းငြင်း မိန်းကလေးတွေက အဲလိုကိစ္စတွေကို တန်းသိပါတယ်။ အီစီကလီကိစ္စနဲ့ ပတ်သက်ပြီး မိန်းကလေးတွေက လုံးဝသည်းမခံနိုင်ကြပါဘူး။

(၅) ချက်ချင်းမချော့တာ

မိန်းကလေးတွေကို ဒေါသထွက်အောင်၊ ငိုအောင်လုပ်မိရင် ချက်ချင်းချော့ပါ။ ခဏနေမှ၊ စိတ်အေးသွားမှ ချော့မယ်လို့ လုံးဝမတွေးပါနဲ့။ အစကတော့ ဝမ်းနည်းတာ နောက်ကျရင် နာကြည်းတာတွေ ဖြစ်လာတော့မှာပါ။ သူတို့အပေါ်အမှား တစ်ခုခုလုပ်ပြီး ချက်ချင်းမတောင်းပန်တာ၊ ချက်ချင်းမချော့တာကို လုံးဝသည်းမခံနိုင်ပါဘူး။

READ
ကိုယ့်ရဲ့ဇနီးနဲ့ အမြဲတမ်းတည့်နေချင်တယ်ဆိုရင် ဒီစကားတွေကိုရှောင်ပါ

Em Em (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

 

SHARE