အိန္ဒိယနိုင်ငံအတွင်းမှာပဲရှိနိုင်တဲ့ ထူးထူးဆန်းဆန်းအကြောင်းအရာ (၈) ခုအကြောင်း

ဘုရားပေါင်း သိန်း ၃၃၀လောက် ရှိတဲ့ နိုင်ငံဖြစ်သလို သူ့နိုင်ငံအတွင်းမှာပဲတွေ့ရတဲ့ တခြားသော ထူးထူးဆန်းဆန်းအကြောင်းအရာများလည်း ဖြစ်ပေါ်လျက်ရှိတာ အိန္ဒိယပါပဲ။ ဘယ်လိုအချက်တွေလဲဆိုတာကတော့ ဆက်လက်ဖတ်ရှုပြီး ရှာဖွေလိုက်ကြပါဦး။

(၁) ကျားနဲ့မအပြင် တတိယမြောက်လိင်အမျိုးအစားတစ်ခု အိန္ဒိယမှာရှိနေပါတယ်။ Hijras လို့ခေါ်တဲ့ တတိယမြောက် လိင်အမျိုးအစားဟာ ဒီခေတ်အခေါ်အရဆိုရမယ်ဆိုရင်တော့ လိင်တူစိတ်တိမ်းညွန့်သူတွေလိုမျိုးပါ။ ဒီအခေါ်အဝေါ်ဟာ အိန္ဒိယရဲ့ ရှေ့နှစ်ပေါင်းများစွာကတည်းက ရာဇဝင်တွေထဲအထိ ပါဝင်ပတ်သက်နေကာ လူ့အသိုင်းအဝိုင်းမှ အသိအမှတ်အပြုထားတဲ့ လိင်အမျိုးအစားဖြစ်ပြီး ၂၀၁၄ ခုနှစ် ဧပြီလမှာတော့ hijras တွေအတွက် နိုင်ငံကူးလက်မှတ်နဲ့တခြားစာရွက်စာတမ်းတွေက လိင်နေရာမှာ တရားဝင်ထည့်သွင်းကာ ပြောင်းလဲပေးခဲ့ပါတယ်။

Flickr

(၂) လူပေါင်း သိန်း ၁၃၀ လောက် တပြိုင်နက်တည်း ဘုရားဖူးတယ်ဆိုတာ အိန္ဒိယမှာပဲတွေ့နိုင်ပါတယ်။ Kumbh Mela ဆိုတဲ ဘုရားပွဲကို ၁၂ နှစ်မှ တစ်ခါကျင်းပလေ့ရှိပြီး နောက်ဆုံးတစ်ခေါက်ပြုလုပ်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇနဝါရီလ ၁၅ ရကနေ့မှ မတ်လ ၄ ရက်နေ့မှာတော့ Allahabad ရဲ့ Ardh အရပ်မှာ ကျင်းပခဲ့ပြီး နှစ်စဉ်အတိုင်းပဲ သိန်းကို ရာနဲ့ချီအောင်ကို ပွဲတက်ခဲ့ကြပါတယ်။

READ
ဗီယက်နမ်စစ်ပွဲရဲ့ အနိဠာရုံကို (၁၉၇၂)မှာ အမိအရရိုက်ကူးနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာ
niranarch_Instagram

(၃) ပလတ်စတစ်ဆာဂျူရီအကြောင်း ထည့်ရေးထားခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနဲ့ ရှေးအကျဆုံး Sushruta Samhita ဟာ အိန္ဒိယမှ ထွက်ခဲ့တာဖြစ်ပါတယ်။ ၆ ဘီစီလောက်ကလို့ ယူဆရပြိး Sushruta ဆိုသူ ပညာရှင်မှ ရေးသားထားခဲ့တာပါ။ အဲဒီအထဲမှာ နှုတ်ခမ်းနဲ့ နှာခေါင်းအစားထိုး ခွဲစိတ်ကုသမှုပါဝင်နေပြီး စာအုပ်ထဲပါအရကတော့ ပါးအသားတွေကို အသုံးပြုတယ်လို့ သိရပါတယ်။

© Alokprasad / Wikimedia Commons

(၄) အိန္ဒိယဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရွှေထည်ပစ္စည်းဈေးကွက်ရှိနေတဲ့ နိုင်ငံပါ။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတင်ကို အိန္ဒိယမှာရေးချခဲ့ရတဲ့ ရွှေတန်ချိန်ချည်းပဲ တန်ချိန် ၈၃၈ တန်လောက်ရှိနေပါတယ်။ ၂၀၁၈ ခုနှစ်တစ်နှစ်တည်းမှာတင် တန်ချိန် ၇၆၀.၄ တန်လောက်ဟာ လက်ဝတ်လက်စားတွေအဖြစ် ထုသွင်းခြင်းခံခဲ့ရပါတယ်။

© Depositphotos.com

(၅) ကမ္ဘာ့အချမ်းသာဆုံးဟိန္ဒူဘုရားကျောင်းကို ပြပါဆိုရင်လည်း အိန္ဒိယမှာပဲ ရှိနေတာပါ။ Padmanabhaswamy ဘုရားကျောင်းဟာ Kerala ရဲ့ မြို့လယ်ခေါင်မှာ တည်ရှိနေပြီး ဟိန္ဒူဘုရားကျောင်းတွေတင်မကဘဲ ဘာသာရေးအရ တူးတကလာရောက် ဝတ်ပြုရတဲ့ အဆောက်အုံတွေထဲလည်း တန်ကြေးအကြီးဆုံးဖြစ်ပါတယ်။

READ
ဒေါ်လာ(1000)အောက် DSLR ကင်မရာဝယ်မယ်ဆို ဘယ်တံဆိပ်တွေကို ရွေးချယ်သင့်သလဲ ?
Forbes

(၆) ဘုရားပေါင်း ရာနဲ့သိန်းနဲ့ချီကာ ရှိနေတဲ့ နိုင်ငံဆိုရင်လည်း အိန္ဒိယပဲရှိပါတယ်။ ၈၀% သော ဟိန္ဒူလူမျိုးတွေ အများဆုံးနေထိုင်ပြီး ဟိန္ဒူဘာသာမှာတင်ကို ရေတွက်ကြည့်ရသလောက် ဘုရားပေါင်း သိန်း ၃၃၀ ကျော်လောက် ရှိနေတယ်ဆိုတာကို အံ့သြစွာရှာတွေ့ခဲ့ပါတယ်။

Instagram

(၇) အိန္ဒိယမှာ အမျိုးသားနဲ့ အမျိုးသမီးသာ လက်တွဲပြီး မသွားရင်သာ မသွားမယ်၊ အမျိုးသားနှစ်ယောက် လက်တွဲပြီး သွားလာနေတာကိုတော့ တော်တော်များများမြင်တွေ့ရမျာပါ။ ဒါဟာ တစ်ဦးနဲ့တစ်ဦး ဘာစိတ်ညာစိတ်မပါဘဲ သူငယ်ချင်း သို့မဟုတ် ညီအစ်ကိုတွေကြားက ချစ်ခင်မှုကိုပြတဲ့အခါမှာ ပြုလုပ်လေ့ရှိတယ်လို့ဆိုပါတယ်။

Instagram

(၈) လက်ထပ်လက်စွတ်ကို ခြေချောင်းတွေမှာ ဝတ်ရတဲ့ ဓလေ့ဟာ အိန္ဒိယမှ ဆင်းသက်လာတဲ့ ဟိန္ဒူအယူအဆတစ်ခုဖြစ်ပါတယ်။

© Depositphotos.com © Shutterstock.com

Source: Bright Side

Penny

SHARE