ကနေဒါနိုင်ငံမှာပဲ မြင်ရမယ့် ထူးခြားဆန်းပြားမှု(၉)မျိုး

Matt Grimaldi/Shutterstock

ကနေဒါနိုင်ငံလို့ ပြောလိုက်တာနဲ့ ဘာကို ပြေးမြင်မိသွားလဲ။ ကိုယ်တွေကတော့ ကနေဒါ လို့ပြောလိုက်ရင် ဘာမှကို မတွေးမိတာ။ ဟုတ်တယ်လေ။ ကိုယ်တွေနဲ့ နီးစပ်တဲ့နိုင်ငံလည်းမဟုတ်၊ ဒီလောက်ကြီး နာမည်ကြီးတဲ့ နေရာလည်းမဟုတ်တော့ ကနေဒါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေလည်း မရှိတာ အမှန်ပါ။ ဒါပေမယ့် အောက်မှာပါတဲ့အချက်တွေအရတော့ ကနေဒါနိုင်ငံက ထူးခြားမှုတွေ ပြည့်နှက်နေတဲ့ နိုင်ငံဖြစ်ပြီး ပျော်တတ်တဲ့၊ ခွင့်လွှတ်တတ်တဲ့သူတွေ စုဝေးနေတဲ့နေရာလို့တောင် ဆိုနိုင်ပါတယ်။ အဲဒါကို ဘယ်လိုအချက်တွေကတစ်ဆင့် သိနိုင်သလဲဆိုတော့….။

(၁)။ ပန်းကန်ပြားပျံတွေလာရင် ဆင်းဖို့နေရာတောင်လုပ်ပေးထားတယ်

ဂြိုဟ်သားတွေရှိတယ်ဆိုတာ ယုံလား၊မယုံဘူးလား ပြောနေစရာတောင်မလိုပါဘူး။ ကနေဒါနိုင်ငံမှာ ဂြိုဟ်သားတွေလာရင် ပန်းကန်ပြားပျံဆင်းလို့ရအောင်လို့ နေရာတောင် လုပ်ပေးထားတာကိုကြည့်။ လှေကားနဲ့ဘာနဲ့ သေချာ အကျအနကိုလုပ်ပေးထားတာ။ အလံတွေတောင် ထောင်ထားသေး။

© Bryan C. Passifiume / Wikimedia Commons

(၂)။ မေပယ်လ်ရွက်တွေ

ကနေဒါနိုင်ငံဟာ မေပယ်လ်ရွက်တွေကို အလေးအနက်တဲ့ နိုင်ငံလို့တောင်ပြောရမယ်။ သူတို့ရဲ့ နိုင်ငံတော်အလံမှာ မေပယ်လ်ရွက်ပုံ ပါရှိသလို နိုင်ငံတွင်းမှာ ထုတ်တဲ့ မုန့်အများစုကလည်း မေပယ်လ်ရွက်ဒီဇိုင်း ဖန်တီးပြီး ထုတ်လုပ်ကြပါတယ်။

READ
ကမ္ဘာကျော်ခဲ့ကြတဲ့ ဂျပန်ရှိုဝါခေတ်ရဲ့ သမိုင်းဝင်ခေါက်ဆွဲပို့သမားများအကြောင်း
JeniFoto/Shutterstock

(၃)။ ကမ္ဘာပေါ်ကတစ်ခုတည်းသော ပိုလာဝက်ဝံအကျဉ်းထောင်

အကျဉ်းထောင်ကို ပိုလာဝက်ဝံတစ်ကောင်ရဲ့ ပုံစံဖြစ်အောင်လို့ ဘယ်နေရာမှာမှ ဖန်တီးထားမှာမဟုတ်တာ သေချာပါတယ်။ ကနေဒါကတော့ ပိုလာဝက်ဝံတွေနဲ့နာမည်ကြီးတဲ့ နိုင်ငံဖြစ်ပြီး သူတို့ရဲ့ အကျဉ်းထောင်ကိုတောင် ပိုလာဝက်ဝံတစ်ကောင်နဲ့တူအောင် ဖန်တီးထားတယ်။

© publicdomainpictures.net

(၄)။ အားနာစရာကောင်းလောက်အောင်ကို ယဉ်ကျေးသူတွေ

ကနေဒါနိုင်ငံသားတွေရဲ့ ယဉ်ကျေးပုံက တစ်ဖက်သားတောင် အားနာရလောက်တဲ့အထိပါပဲတဲ့။ ကိုယ်က သူတို့အပေါ်အမှားလုပ်မိတယ်ဆိုရင်တောင်မှ သူတို့က အပြစ်မပြောတဲ့အပြင် ကိုယ့်အပေါ် အစွမ်းကုန်ယဉ်ကျေးပြနေလို့ အားတောင်နာရတယ်ဆိုပဲ။

Sergei Bachlakov/Shutterstock

(၅)။ ကားလိုင်စင်နံပတ်ပြားတွေ

ကားလိုင်စင်နံပတ်ပြားတွေကိုတောင် ပိုလာဝက်ဝံပုံတွေ လုပ်ထားကြပါတယ်။ ကနေဒါနိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာ ဒီ နံပတ်ပြားပုံစံတွေကို အတွေ့များပြီး ၀က်ဝံတွေဟာ သူတို့ဘ၀ကို တော်တော်လွှမ်းမိုးထားပုံပါပဲ။

 

(၆)။ ရေကန်တွေများတဲ့နိုင်ငံ

READ
(၉.၆.၁၈)မှ (၁၅.၆.၁၈)အတွင်း Shwemom မှ ရွေးချယ်ပေးတဲ့ အဖတ်သင့်ဆုံးဆောင်းပါး (၅)ပုဒ်

ကမ္ဘာကြီးမှာရှိတဲ့ ရေကန်တွေရဲ့ (၆၀)ရာခိုင်နှုန်းဟာ ကနေဒါနိုင်ငံမှာ ရှိပါတယ်တဲ့။ ဘယ်လောက်တောင် ကျယ်ပြီး ရေကန်တွေပေါနေသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။

Yunsun_Kim/Shutterstock

(၇)။ ထူးခြားတဲ့မြို့နာမည်

မြို့နာမည်မှာ ရယ်သံတောင် ထည့်သွင်းထားတယ်ဆိုကတည်းက အရမ်းတွေ ဂေါ်နေပါပြီ။ ဒီမြို့အကြောင်းပြောတိုင်း တခြားသူတွေက ကိုယ့်ကိုတော်တော်ပျော်နေတယ်လို့ ထင်ကြမှာဖြစ်ပေမယ့် မြို့နာမည်မှာကိုက ရယ်သံစွက်နေခဲ့တာပါ။

© saintlouisduhaha.com

(၈)။ Sorry ကို ချစ်စရာကောင်းအောင်ပြောကြသူတွေ

တခြားနိုင်ငံတွေမှာ ကိုယ့်ကြောင့် တခြားသူတစ်ယောက် တစ်ခုခုဖြစ်သွားတယ်ဆိုရင် ကိုယ်က Sorry လို့ ပြောကြမှာဖြစ်ပေမယ့် ကနေဒါမှာတော့ အဲဒီ တစ်ခုခုဖြစ်သွားတဲ့သူကပဲ Sorry လို့ ပြန်ပြောပါသတဲ့။ သူတို့က Sorry ဆိုတာကို ချစ်စရာကောင်းလောက်အောင် ပြောတတ်ကြတယ်။

Sergei Bachlakov/Shutterstock

(၉)။ ပညာတတ်အပေါဆုံးတိုင်းပြည်

ကနေဒါနိုင်ငံ လူဦးရေရဲ့ (၅၆)ရာခိုင်နှုန်းကျော်ဟာ အထက်တန်းအောင်မြင်ပြီးသူတွေ ဖြစ်ကြပြီး ကမ္ဘာပေါ်မှာ ပညာတတ်အပေါဆုံးတိုင်းပြည်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်တဲ့။

Mr.Nikon/Shutterstock

Linn

Source : Brightside

SHARE