အလုပ်အင်တာဗျူးတွေသွားရင် လုံးဝ မလုပ်သင့်တဲ့ အရာများ

Pexels/Seek

အလုပ်အင်တာဗျူးဆိုတဲ့နေရာဟာ တော်တော်အရေးကြီးတဲ့ နေရာတစ်ခုပါ။ကိုယ့်ဘဝရဲ့ တက်လမ်း၊ကျဆုံးခြင်းတွေဟာ ဒီနေရာကပဲအစပြုတာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင် ကိုယ့်ရဲ့ CV formမှာ Diplomaတွေ၊အလုပ်သက်တမိးတွေ ဘယ်လောက်ပဲများများ အင်တာဗျူးတဲ့ လူကြီးတွေရှေ့မှာ တစ်ခုခုကိုယ်ပြုမူတာ မှားသွားတာနဲ့ တစ်ဖက်လူကြီးတွေရဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားမှာပါ။ဒါ့ကြောင့် ဒီလိုမျိုးတွေမဖြစ်ရအောင် အလုပ်အင်တာဗျူးတွေမှာ မလုပ်သင့်တဲ့ အရာတွေအကြောင်း တင်ပြပေးလိုက်ရပါတယ်။

(1)မဆီလျော်သော အဝတ်အစားများ ဝတ်ဆင်သွားခြင်း

အလုပ်အင်တာဗျူးသွားတဲ့အချိန်မှာ အနောက်တိုင်းဝတ်စုံကြီး ဝတ်သွားဖို့လဲ မလိုပါဘူး။ဒါပေမယ့် ကိုယ့်မှာရှိတာလေးနဲ့ သပ်သပ်ရပ်ရက်လေးဝတ်သွားတာကတော့ အကောင်းဆုံးပါပဲ။

(2)အင်တာဗျူးကို နောက်ကျမှရောက်ခြင်း

အင်တာဗျူးအခန်းထဲကို နောက်ကျမှရောက်သွားခြင်းဟာ တစ်ဖက်က အင်တာဗျူးမယ့် လူတွေကို စော်ကားတာနဲ့ အတူတူပါပဲ။ဒါကြောင့် အစောကြီးမရောက်နိုင်တောင် အချိန်အတိအကျရောက်ဖို့ လိုအပ်ပါတယ်။

Pexels/Ania
(3)အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့

အင်တာဗျူးနောက်ကျခဲ့ရင် လဲ အပြင်မှာ အိုးရွာနေလို့၊ကားကျပ်လို့ အဲလို အကြောင်းပြချက်တွေမပေးမိပါစေနဲ့။အင်တာဗျူးနေရင်းနဲ့ ဖုန်းထပြောတာတို့၊ပီကေဝါးတာတို့ အဲဒီလိုပုံစံတွေက တစ်ဖက်လူကြီးတွေအတွက် အရမ်းစိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

(4)အရင်ကုမ္ပဏီအကြောင်း မကောင်း မပြောမိပါစေနဲ့

အင်တာဗျူးနေတဲ့အချိန် အရင်ကုမ္ပဏီက ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ယောင်လို့တောင် မပြောမိပါစေနဲ့။အင်တာဗျူးမှာရှိတဲ့ အလုပ်ရှင်တွေရဲ့ စိတ်ထဲမှာ တစ်ချိန်ချိန် ငါတို့ဆီကထွက်သွားရင်လည်း ငါတို့မကောင်းကြောင်းပြောမယ့်သူလို့ပဲ စိတ်ထဲ အလိုလိုခံယူမိသွားမှာ မွိုလို့ပါ။

(5)ကိုယ့်ကို အင်တာဗျူးမယ့် ကုမ္ပဏီအကြောင်းကို စုံစမ်းပါ

အင်တာဗျူးဖြေနေတဲ့အချိန် တစ်ဖက်အလုပ်ရှင်က ငါတို့ကုမ္ပဏီအကြောင်းသိသလောက်ပြောပြပါလားဆိုတဲ့ ခေါင်းစဥိယ်အောက်မှာ ကျရှုံးသွားတဲ့သူတွေ အများကြီးပါ။ဒါကြောင့် အင်တာဗျူးမဝင်ခင် ကိုယ့်ကိုဗျူးမယ့် ကုမ္ပဏီအကြောင်းကို သိအောင်လေ့လာပါ။

Unsplash/BioSpace
(6)မလိုအပ်ပဲ ကိုယ့်အကြောင်းတွေ အများကြီးမပြောပါနဲ့ 

တစ်ချို့သူတွေရှိပါတယ်။ကိုယ့်အကြောင်းမေးတာကနည်းနည်း၊ချဲ့ကားပြီး ဖြေဖြစ်နေတာကမျာများ ဖြစ်နေတတ်ပါတယ်။ဒါကြောင့် တစ်ဖက်အလုပ်ရှင်က မေးသလောက်ပဲ အပိုအလိုမရှိပဲ ဖြေတာအကောင်းဆုံးပါပဲ။

(7)တစ်ဖက်က အင်တာဗျူးမေးတဲ့ လူကြီးတွေကို လေးစားပါ

ကိုယ့်ကို အင်တာဗျူးနေတဲ့ တစ်ဖက်ကလူကြီးတွေကိုလေးစားပါ။သူတို့ပြောသမျှ မေးသမျှတွေကို လေးလေးစားစားနားထောင်ဖြေကြားတာ အကောင်းဆုံးပါပဲ။

 

READ
English စာအမြန်ဆုံး တိုးတက်ဖို့ မဖြစ်မနေသိထားသင့်တဲ့ အချက်များ

Pyi Hein Kyaw

SHARE