သင်မသိသေးတဲ့ Robert Pattinson ရဲ့ စိတ်ဝင်စားဖွယ် အကြောင်းများ

[email protected] Pattison

Twilight မင်းသားလေး Robert Pattison ကိုတော့ မိန်းကလေးအများစု သိကြမှာပါ။ Twilight ဇာတ်ကားထားမှာတော့ ဖြူဖတ်ဖြူရော်အသားရေ၊ မျက်ခုံးမွှေးထူထူ၊ နီစွေးစွေးနှုတ်ခမ်းပုံစံတွေက မိန်းကလေးအများစုရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်ခဲ့တာဆိုရင်လည်း မမှားပါဘူး။ အခုပြောပြချင်တဲ့အကြောင်းအရာတွေကတော့ သင်တို့တစ်ခါမှ မကြားဖူးလောက်တဲ့ Robert Pattison ရဲ့ အကြောင်းအရာတွေပါပဲ။ သူ့ရဲ့ ဘဝဖြတ်သန်းလာပုံတလျှောက်မှာ ကောင်းတဲ့အကြောင်းအရာတွေ ရှိခဲ့သလို မကောင်းတဲ့ အတိတ်တွေလဲ ရှိခဲ့ဖူးပါတယ်။ ဒါ့ကြောင့် ဒီအကြောင်းအရာတွေကို Shwemom ပရိသတ်ကြီးသိအောင် Insider သတင်းဌာနရဲ့ ဖော်ပြချက်တစ်ချိုကကို ဘာသာပြန် တင်ဆက်ပေးလိုက်ရပါတယ်။

View this post on Instagram

😂

A post shared by Robert Pattinson (@robertpattinsonofficial) on

၁။ ၂၀၀၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Harry Potter and the Goblet Fire” ဇာတ်ကားထဲက Cedric Diggory ဆိုတဲ့ ကောင်လေးကို မှတ်မိကြအုံးမယ် ထင်ပါတယ်။ အဲဒီဇာတ်ကားကတော့ Robert ရဲ့ ပထမဦးဆုံး ဇာတ်ကားဖြစ်သလို သူ့ကို သရုပ်ဆောင်လမ်းကြောင်းပေါ်ရောက်အောင် တင်ပေးခဲ့တဲ့ ဇာတ်ကားဆိုလဲ မမှားပါဘူး။

READ
အလှချင်းပြိုင်နေတဲ့ အိန္ဒြာကျော်ဇင် နဲ့ မိုးဟေကို

၂။ Robert ဟာ အထက်တန်းကျောင်းတောင် မအောင်ခဲ့ပါဘူး။ အကြောင်းအရင်းကတော့ စာအုပ်ဆိုင်တစ်ချို့က ညစ်ညမ်းစာအုပ်တွေကို ခိုးယူပြီး ကျောင်းမှာ အခြားကျောင်းသားတွေကို ပြန်ရောင်းနေတဲ့အချိန် ဆရာမိသွားလို့ ကျောင်းထုတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီအကြောင်းအရာကိုတော့ ၂၀၁၇ ခုနှစ်က ကျင်းပတဲ့ “The Howard Stern Show” ပွဲရှိ အင်တာဗျူးတစ်ခုမှာ ပြောပြသွားတာ ဖြစ်ပါတယ်။

[email protected] Pattison

၃။ Robert ဟာ ဒီနေ့အချိန်ထိ Hollywood ရုပ်ရှင်လောကမှာ လူသိများတဲ့ မင်းသားတစ်ဦးဖြစ်ပေမယ့် သူအနုပညာရှင်အဖြစ် ဖြတ်သန်းခဲ့တဲ့ ၁၅ နှစ်အတွင်းမှာ ဘယ် TV Show အမျိုးအစားမှာမှ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

၎။ Robert ဟာ သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်သလို တေးရေးတေးဆိုတစ်ယောက်လဲ ဖြစ်ပါတယ်။ Twilight ဇာတ်ကားထဲက “ Never Think” သီချင်းနဲ့ “Let Me Sign” သီချင်းတို့ဟာ Robert ကိုယ်တိုင်ရေးပြီး ကိုယ်တိုင် ဆိုခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် Clarire Denis ရဲ့ “High Life” ဇာတ်ကားအတွက်လဲ သီချင်းတွေ ရေးပေးပြီး ဆိုခဲ့ဖူးပါသေးတယ်။

၅။ Robert ဟာ အခုအချိန်ထိ ကားကို ဘယ်လိုနည်းစနစ်ကျကျ မောင်းနှင်ရမှန်းမသိသေးကြောင်းကို “Ellen Show” မှာ ပြောခဲ့ပါတယ်။ ကားကို ဒီအတိုင်းမောင်းနှင်နိုင်ပေမယ့် ကွေ့ဖို့ အချက်ပြတာတို့၊ ကားမှန်ရှေ့ဘက်ကို Wiber သုတ်တာတို့လုပ်ရင် ကားကို ရပ်ပြီး လုပ်နိုင်ကြောင်း သိရပါတယ်။

READ
ကစ်ကစ်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို အသိပေးလိုက်တဲ့ ခင်သဇင်

https://www.instagram.com/p/B9UvFcpnpWG/

၆။ ဒါ့အပြင် Robert Pattison ဟာ သူ့ရဲ့ နာမည်ကို အတိုကောက် R-Patz လို့ ခေါ်တာကို အင်မတန်မုန်းပါတယ်။ အဲဒီလိုခေါ်ပြီး ထွက်လာတဲ့ လေသံဟာ ဆေးပြားတစ်ခုရဲ့ နာမည်နဲ့ဆင်ကြောင်း မကြာခဏပြောဖူးပါတယ်။

၇။ “Twilight” ဇာတ်ကား ပထဦးဆုံးရိုက်ကွင်းနေ့မှာ Robert တင်ပါးမှာ ဒဏ်ရာရခဲ့ဖူးပါတယ်။ တင်ပါးဒဏ်ရာကြောင့် သုံးလလောက် အနားယူခဲ့ရပြီး အဲဒီ ၃ လလုံလုံး ထိုင်မရထမရနဲ့ တော်တော် ဒုက္ခရောက်ခဲ့ကြောင်း သိရပါတယ်။

[email protected] Pattison

Pyi Hein Kyaw

SHARE